အံဒင် ကျောက်မီးသွေးစက်ရုံရပ်တန့်ရေး ပထမ ဦးစားပေးလုပ်မည်ဟု မွန်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်

0
460

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပါက လွှတ်တော်တွင်း၌ အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ရပ်တန့် ရေးကို ပထမဦးစားပေးအဖြစ် လုပ် ဆောင် သွားမည်ဟု လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

အဆိုပါ ကိုယ်စားလှယ် လောင်း သည် ၁၉၉၀ ရွေးကောက်ပွဲက အနိုင်ရ ရှိထားခဲ့ဖူးသည့် လွှတ်တော်ကိုယ်စား လှယ် တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၈ ရက် နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ရေးမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) တွင် မွန်အမျိုးသားပါတီ ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။
mon_nationalities_party
” သက်ဆိုင်ရာ လွှတ်တော်အသီး သီးကို ရောက်သွားလို့ရှိရင် အံဒင် ကျောက် မီးသွေးစက်ရုံကိစ္စဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေး လုပ်ငန်းဖြစ်တယ်” ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။
အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ကို ၂၀၁၆ ခုနှစ်တွင် စတင် အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး ၄ နှစ်မှ ၆ နှစ်အတွင်း အပြီး တည်ဆောက်သွားရန် ပြည်ထောင်စုအစိုးရနှင့် ကုမ္ပဏီတို့ သဘော တူ လက်မှတ် ရေးထိုးထား ကြသည်။

၁၂၈၀ မဂ္ဂါဝပ်ထုတ်မည့် ယင်း စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၂၈၀၀ အကုန်ကျခံ တည်ဆောက်မည် ဖြစ်ပြီး အနှစ် ၃၀ စီမံကိန်း ဖြစ်သည်။
အံဒင်ကျောက်မီးသွေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် လွှတ်တော်အမတ်အဖြစ် အရွေးခံရသည် ဖြစ်စေ မရသည် ဖြစ်စေ တတ်နိုင်သည့် နည်းဖြင့် ဒေသခံလူထူနှင့် ပူးပေါင်းပြီး စီမံကိန်း အကောင်အထည် မဖော်နိုင် အောင် ကန့်ကွက်သွားမည်ဟုလည်း ပြော သည်။
မွန်အမျိုးသားပါတီအနေဖြင့်လည်း ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံ လူထုတို့၏ သဘောထားဆန္ဒနှင့်အညီ လုံးဝ ကန့်ကွက်ကြောင်းကိုလည်း သဘော ထား ထုတ်ပြန်ထားပြီး စီမံကိန်းကို မဖြစ်မြောက်အောင် ဒေသခံတို့နှင့်အတူ ကာကွယ်သွားမည်ဟု ပြောထားသည်။

မွန်အမျိုးသားပါတီသည် ရေးမြို့ နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ ဝင်ပြိုင် မည်ဖြစ်သည်။
၎င်းအပြင် လွှတ်တော်အသီးသီး အတွက် မွန်ပြည်နယ် ၉ မြို့နယ်တွင် ကိုယ်စားလှယ်လောင်း နေရာအပြည့် ဝင်ပြိုင်သည့်အပြင် ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ၃ နေရာ၊ ကော့က ရိတ်မြို့နယ်တွင် ၃ နေရာ၊ ကြာအင်း ဆိပ်ကြီးမြို့နယ် ၅ နေရာနှင့် မြ၀တီ မြို့နယ်တွင် ၄ နေရာနှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ရေဖြူမြို့ နယ် ၂ နေရာနှင့် ကော့သောင်းမြို့နယ် ၂ နေရာတို့တွင် ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်သည်။