စပါးတောင်ပတ်လမ်း ပွင့်လင်းရာသီ တိုးချဲ့ဖောက်မည်

0
482

ထားဝယ်မြို့အနီးရှိ အရှေ့ပုပ္ပား (ခေါ်) စပါးတောင်တွင် ၃ မိုင်အရှည် ရှိသည့် တောင်ပတ်လမ်းကို ပွင့်လင်း ရာသီတွင် တိုးချဲ့ဖောက် လုပ်မည်ဖြစ် ကြောင်း စပါးတောင် သာသနာ့နယ် မြေပြုစု စောင့်ရှောက်ရေးအဖွဲ့မှ သံဃာ အလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော် ဦးဥာဏသာမိက မိန့်ကြားသည်။

ဒီဇင်ဘာလကုန်တွင် အပြီးဖောက် ရန် လျာထားပြီး တောင်ပတ်လမ်း အပါ အဝင် ရေမြောင်းဖောက်လုပ်ရန်နှင့် ကွန်ကရစ် လမ်းခင်းရန်အတွက် ကျပ် သိန်း ၃၀၀ ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း ဆရာတော်က မိန့်ကြား သည်။
လက်ရှိအချိန်တွင် စပါးတောင် တန်း၏ အမြင့်ဆုံး နေရာဖြစ်သော နောင် တော်စေတီမှတဆင့် နှမတော် မြစိမ်း ရောင်စေတီအထိ မော်တော်ယာဉ်များ တက်ရောက်နိုင်ပြီး လမ်းအကျယ် ၁၂ ပေရှိသည်။

ပိဋကတ်ကျောင်းတိုက်ဖက်ရှိ ရွှေသာလျောင်းဘုရားဖက်မှဆင်းရန် လမ်းမဖောက်လုပ်ရ သေးပေ။
ယင်းလမ်းအား ၁၈ ပေ အကျယ် လမ်း တိုးချဲ့ ဖောက်လုပ်မည်ဖြစ်ပြီး ယင်းလမ်းဖောက်လုပ်လျှင် ကျောက်ရပ် ကျေးရွာရှိ တောင်ပွား ကျောင်းတိုက် ဘက်မှ အလယ်ကုန်း ကျေးရွာရှိ ပဋိကတ်တိုက်ကျောင်းအထိ ရွှေသာ လျောင်း ဘုရားနံဘေးလမ်းမှ ပြန်လှန် တက်ဆင်း ပြုလုပ်နိုင်မည်ဖြစ် ကြောင်း အထက်ပါ အဖွဲ့မှ သိရသည်။

စပါးတောင်တန်းတစ်လျှောက်ရှိ ရှင်တစ်ထောင်စေတီ၊ မောင်းလေးလုံး စေတီ၊ နောင်တော်စေတီ၊ နှမတော် မြစိမ်းရောင်စေတီ အပါအဝင်စေတီ ၁၃ ဆူ တည်ထားပြီး တောင်ပေါ်တွင် ပန်းချီ ဆရာကြီး အလင်္ကာကျော်စွာ ဦးငွေကိုင်၏ အထိမ်းအမှတ်ဂူဗိမာန်နှင့် နတ်ရေကန်နှင့် တောင်ခြေတွင် ရွှေသာ လောင်းဘုရားနှင့် ပိဋကတ်တိုက်စသည် တို့ရှိသည်။

စပါးတောင်သည် ပင်လယ်ရေ မျက်နာပြင်အထက် ပေ ၉၀၀ကျော်တွင် တည်ရှိပြီး ထားဝယ်မြို့အနီးအမြင့်ဆုံး တောင်တစ်လုံးဖြစ်၍ တောင်ပေါ်မှ ထားဝယ်မြို့နှင့် ပတ်ဝန်းကျင် မြင်ကွင်း အား မြင်တွေ့နိုင်သည်။တောင်ပတ် လည်၌ ဘုန်းတော်ကြီး ကျောင်း ၁၆ ကျောင်း တည်ရှိသည်ဟု သိရသည်။