မာလိမ်မှူး ကို အားနာပါ

0
522

မလှုပ်တော့ပါဘူးလို့ ဆုံးဖြတ်ထား တာပါ။ လှေနစ်သွား မှာစိုးလို့..။ ခုတော့ လှုပ်မှပြောမှရတော့မယ့် အနေအထား။

ယုန်ထင်ကြောင်ထင် စကားလုံး တွေက (ခရီးသည်) မဲဆန္ဒရှင်တွေဆီပါ ကူးစက်လာပြီဆိုတော့ ယုန်လား ကြောင် လား အားလုံး သိသင့်ပြီလေ..။
တိုင်းတွင်းက ဒီမိုကရက်တစ် ဆိုသူ တွေအချင်းချင်း အောက်လုံး၊ ညစ်လုံး များတွေနဲ့ ကြိတ်ပုန်းခုတ်ပြီး တစ်မျိုး၊ ပေါ်တင်ကြီးတစ်သွယ် မဲဆွယ်နေပါ တယ်ဆိုပြီး တစ်ဖက်နဲ့ တစ်ဖက်အပြန် အလှန် စွပ်စွဲမှုတွေက Fခေနဘသသု လူမှုကွန်ရက်တွေမက စာမျက်နှာတွေ ပေါ်အထိ နေရာယူလာတာ ရှက်ဖွယ် လိလိ..။ နောက်ပြီး လာလာချည်သေး..။

သူ့ပါတီ မဲမထည့်ရင် လူမျိုးရေး သစ္စာဖောက်..၊ ငါ့ပါတီ မဲမထည့်ရင် ဒီမိုကရေစီရေး သစ္စာဖောက်..။
တစိမ့်စိမ့်တွေးလေ ဝမ်းနည်းလေ ပါပဲ..။

မကျယ်ပျောလှတဲ့ တိုင်းတွင်း နိုင်ငံရေးနယ်ပယ် ကွက်ကွက်လေးထဲမှာ တွဲထားရမယ့်လက်တွေက သံသယ ဆူးခက်တွေ ကိုယ်စီဆုပ်ကိုင်ပြီး တစ် ဖက်နဲ့တစ်ဖက် အနိုင်မခံ အရှုံးမပေး ပစ်ပေါက်နေလိုက်ကြတာ..။ ရလဒ်က နှစ်ဖက်စလုံး အနာတရဖြစ်။ ရင်ချင်း အပ်ဖို့ မဆိုထား ကျောချင်းလေးတောင် မှ မကပ်နိုင်တော့တဲ့ အနေအထား။
min_khant_sorry_for_leader
တကယ်က ပန်းတိုင်ချင်း အတူ တူလေ..။ အာဏာရှင် တံတိုင်းကြီးကို ဖြိုချပြီး ဖက်ဒရယ် စနစ်ကြီးကို တည် ထောင်လိုတဲ့ ထားဝယ်သူ ထားဝယ်သား အချင်းချင်း တစ်တိုင်းပြည်လုံးအရေး အားသန်သူနဲ့ လူမျိုးရေးစိတ်စောသူတို့ ဘာကြောင့် စိတ်ဝမ်းကွဲရမှာလဲ..။ ရင်နာနာနဲ့ အားလုံးကို တစ်ခွန်းတည်းပဲ မေးလိုက်ချင်တော့တယ်..။

နိုင်ငံရေးကို ဘယ်သူ့အတွက် လုပ်နေကြတာလဲ..။

တနင်္သာရီတိုင်းမှာ ပါတီနိုင်ငံရေး အရောင်အသွေး ဘယ်လောက် စုံလာ စုံလာ တိုင်းသူတိုင်းသားတွေရဲ့ နှလုံး သားထဲမှာ အဖြူ အမဲ ၂ မျိုးကသာ ကြီးစိုးထားဆဲဆိုတာ အားလုံး အသိပဲ လေ..။ ရွံ့ကြောက်မုန်းခါးတဲ့ ပါတီနဲ့ ချစ်မြတ်ကိုးစားတဲ့ပါတီ..။ ဒီထက်နည်း နည်း ထပ်ပိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဒေသခံပါတီ တစ်ခုပေါ့..။
ရွေးကောက်ပွဲ နီးပြီမို့ ကွေ့ဝိုက် နေဖို့ အချိန်မရှိဘူး..။ ပါ
တီတွေရဲ့ ယခင်သမိုင်းကြောင်းနဲ့ အခုမဲဆွယ်ပွဲတွေ အခင်းအကျင်းအပေါ်မှာ အခြေခံပြီး ခုပွဲမှာ (နည်းအမျိုးမျိုးနဲ့) ရေပန်းစား နေတဲ့ ၃ ပါတီကို ဒဲ့ ရေးချပြပါမယ်။
ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ထားဝယ် တိုင်းရင်းသားများပါတီ။
ကျန်ပါတီတွေကတော့ ကျွန်တော် တို့ တိုင်းသားတွေ ပါတီ နာမည်တွေ ကိုတောင် အမှုမဲ့ အမှတ်မဲ့ပါပဲ..။ ပြီး တော့ ဧည့်သည်ပါတီတွေအဖြစ် သဘောပိုက်ကြတယ်လေ..။ ထားပါ..။

အဲဒီ ၃ပါတီက ကျွန်တော်တို့ တိုင်းထဲမှာဆို သူ့ပရိသတ်နဲ့သူပေါ့..။ အဲဒီထဲက ပြည်ခိုင်ဖြိုးပါတီအကြောင်း ဒီဆောင်းပါးမှာ ရေးဖို့ မရှိပါဘူး။ (ဘာ ကြောင့်ဆို ခုရေးမှာက တိုင်းတွင်း ဒီမို ကရက်တစ်ပါတီတွေ အကြောင်းမို့လို့)။
အစိုးရဖွဲ့ဖို့အထိ ရည်ရွယ်ထားတဲ့ NLD အကြောင်း အရင်ပြောမယ်..။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ ဗဟိုအဖွဲ့က နိုင်ငံ တစ်ဝန်းလုံး (နေရာအနှံ့ မလစ်မလပ်) ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဃျွဏဏ ( ၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေ) အဖွဲ့ဝင်တွေ ဝင်ပြိုင်တဲ့နေရာကလွဲရင် ဘယ်တိုင်းရင်းသားပါတီ၊ မဟာမိတ် ပါတီတွေ ရှိတဲ့နေရာကိုမှ လက်မရှောင် ခဲ့ဘူး။ ယုတ်စွအဆုံး..၊ နာမည်ရော မူဝါဒပါတူပြီး အကျပ်အတည်းကာလ တစ်လျှောက်လုံး အတွဲညီခဲ့တဲ့ (ခုထိ လည်း လက်တွဲထားမြဲဖြစ်တဲ့) တကယ့် မဟာမိတ်ပါတီ ရှမ်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နဲ့တောင် သူနိုင် ကိုယ်နိုင် ယှဉ်ပြိုင် အရွေးခံတဲ့အထိ..။
ညီအစ်ကို အရင်းကြီးတွေ အချင်း ချင်း..၊ ပန်းတိုင် တူသူတွေအချင်းချင်း တကယ်ကို မျက်နှာပူစရာ အခင်း အကျင်း..။ ကျန်တဲ့ တက်သစ်စ ပါတီ ငယ်လေးတွေနဲ့ဆို တွေ့ရှင်းဖို့ တောင် အချိန်မရလိုက်..။

ဒေါ်အောင်ဆန်းစုကြည် (NLD) ဘာကြောင့် အဲလို ဆုံးဖြတ်ခဲ့တာလဲ..။
မေးခွန်း တိုးတိုးလေး ထုတ်ရုံ..၊ မချင့်မရဲဖြစ်ရုံ..၊ ဒီမိုကရက်တစ်တွေကြား မျက်နှာပူရုံကလွဲပြီး ဘယ်သူမှ စောဒက မတက်နိုင်ခဲ့။ သူ့ဆီမှာ ခိုင်လုံတဲ့ အ ကြောင်းပြချက် ရှိနှင့်နေမှာ သေချာ တယ်လေ..။
မှတစ်ပါး.. အခြားရှိပါသလား။

ပျက်စီးယိုယွင်းယုံမက နစ်လုလု မြန်မာပြည်လှေအိုကြီးကို ဒီမိုကရေစီ ဆိပ်ကမ်းအထိ ဆိုက်ကပ်နိုင်အောင် ပဲ့ထိန်းမောင်းနှင်နိုင်သူ မာလိန်မှူးက သူလေ..။ တိုင်းရင်းညီနောင် သန်း ၅၀ ကျော်စလုံးရဲ့ ယုံကြည်ကိုးစားမှု စုရပ် က ဒေါ်အောင်ဆန်းစုကြည်ပါ..။
အဲလို NLD နေရာအနှံ့ ပြိုင်ခြင်း မပြိုင်ခြင်းက ထားဝယ်တိုင်းရင်းသားများ ပါတီအတွက် မထူးခြားနိုင်တဲ့ ဆုံးဖြတ် ချက်ပါ။ တိုင်းပြည်တစ်ခုလုံး အပြောင်း အလဲအတွက် အတူတကွ အသည်းအသန် အားထုတ်နေကြရင်း အကြောင်းပြချက် အမျိုးမျိုးနဲ့ မိခင်ပါတီမှ ဖယ်ခွာပြီး တစ်စင်ထောင် သွားတတ်သူတွေကို NLD က မဟာမိတ်ဖွဲ့ရိုး ထုံးစံမရှိဖူး။ (အနီးစပ်ဆုံးအဖြစ် အမျိုးသား ဒီမိုက ရေစီ အင်အားစု (NDF)ပါတီနှင့် NLD ၏ သမိုင်းကြောင်းကို လေ့လာနိုင်ပါ တယ်)။
လူမျိုးစု တစ်ရပ်တည်းအရေးကို အကြောင်းပြုပြီး အချိန်ကိုက် ပေါ်ပေါက် လာတဲ့ ထားဝယ်တိုင်းရင်းသားများ ပါတီ လို ပါတီငယ်လေးမျိုးဆို ဝေးရောပေါ့..။
ထားဝယ်တိုင်းရင်းသားများပါတီကို ၁၉၉၀ ခုနစ်ကတည်းက စထောင်သင့် တယ် မပြောဘူးနော်..၊ ဟိုး အဝေးကြီး မို့..။
၂၀၁၀ ရွေးကောက်ပွဲမှာ NLD ဝင်မပြိုင်တော့ (စာရေးသူအပါအဝင်)ထားဝယ်လူငယ်တစ်သိုက်က ထားဝယ် ပါတီတစ်ခု ထူထောင်ပြီး ရွေးကောက် ပွဲဝင်မယ့် ထားဝယ်သားတွေကို လိုက်ရှာ ကြတယ်..။ သူတို့ရင်ဘတ်ထဲမှာ ထားဝယ်ဒေသ မိုးပျံနေအောင် ဆွဲထား တဲ့ ပါတီမူဝါဒ(မူကြမ်း)နဲ့ လုပ်ငန်းစဉ် တစ်ထပ်ကြီး ပွေ့ပိုက်လို့။ ထားဝယ် တစ်ဝိုက် နိုင်ငံရေးအကြောင်း လေလုံး ထွားတတ်တဲ့ လက်ဖက် ရည်ဆိုင်တွေ ကနေတဆင့် နိုင်ငံရေးသမားဆိုသူတွေ အိမ်ပေါက်စေ့နီးပါး။

နိုင်ငံရေးအရ တကယ့် အချိန်ကိုက် မို့ ရွေးကောက်ပွဲဝင်ဖို့ မြှောက်ပေးမလို့..။ လိုအပ်ရင် ဝိုင်းကူမလို့..။ ဒါပေမယ့် ထွက်မလာကြဘူး..။
အခု ထားဝယ်တိုင်းရင်းသားပါတီ တည်ထောင်သူတွေဆီတော့ မရောက်ဖြစ် ဘူး..။ ဘာကြောင့်မရောက်လဲ..။ ရှင်းရှင်းလေး..။ သူတို့တွေ ထားဝယ် ကောင်းစားရေးအကြောင်း၊ လူထု ကောင်းစားရေးအကြောင်း ]]စ}}မပြော သေးလို့..။ တစ်နည်းပြောရင် လူမျိုး-ထားဝယ်ကိစ္စ အိပ်ပျော်နေတုန်းမို့။
၂၀၁၂ ကြားဖြတ်မှာ NLD ရွေး ကောက်ပွဲဝင်တော့ (အခု ထားဝယ် တိုင်းရင်းသားများပါတီက ခေါင်းဆောင် တွေ ) အားသွန်ခွန်စိုက် ဝန်းရံတယ်။ အမေစု အမေစုနဲ့ အာပေါင်အာရင်း သန်သန် ဟောပြော စည်းရုံးပေးတယ်။ NLD နိုင်တယ်။ ထားဝယ် ဒီမိုကရက် တစ် အင်းအားစု တစ်ရပ်လုံး ပျော်တယ်။
၂၀၁၃ ကျတော့ ထားဝယ် အမျိုး ပျောက်မှာ၊ ယဉ်ကျေးမှု ပျောက်မှာ စိုး တယ်..၊ ကိုယ့်ထက် လူဦးရေ နည်းတဲ့ လူမျိုးတွေတောင် ပါတီတစ်ခုမက ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထားဝယ်တိုင်းရင်းသားများပါတီ ပေါ်လာတယ်။ အဲဒီမှာ ၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အသက်နဲ့လဲချစ်ပြဖူးသူတွေ ပါလာတာ မအံ့ဩဘူး။ ဒါ နိုင်ငံရေးလောကရဲ့ ဖြစ်ရိုးဖြစ်စဉ်။

အံ့ဩမိတာက အမျိုးပျောက်မှာကို ပါတီနိုင်ငံရေးနည်းနဲ့ စိုးရိမ်ပြ..၊ ၂၀၁၅ မှာ ကိုယ်စားလှယ်နေရာ စွမ်းသမျှ ဝင်ပြိုင်ပြီး ထားဝယ်အချင်းချင်း မျက်နှာ ချင်းဆိုင်လိုက်ကြတာကိုပါ..။ NLD မှာ ပြိုင်မှာလည်း ထားဝယ်တွေပဲလေ..။ မိုးကျရွှေကိုယ်တွေမှ မဟုတ်တာ။ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြတော့ လို့လား။ NLD အမတ်လောင်းတွေရဲ့ အရည်အသွေးကို အားမရလို့လား..။ ထားဝယ် NLD အမတ်လောင်းတွေကရော ထားဝယ်အရေး မလုပ်ကြတော့ဘူးလို့ ယူဆကြလို့လား။ ထားပါလေ.. ဒါ ပါတီတစ်ခုရဲ့ အခွင့်အရေး..။

အဲလို ပါတီထောင်ပြီး ထားဝယ် လူမျိုး အတွက်စိုးရိမ်ပြကြတာ နည်း နည်း နောက်ကျသွားသလားလို့..။ ဒီမိုကရက်တစ် ပြိုင်ဘက်အားနည်းတဲ့ ၂၀၁၀ တုန်းကသာ ပါတီထောင်ပြီး လူမျိုးထားဝယ် လုပ်လိုက်ကြရင် ခုဆို လူရိုသေ ရှင်ရိုသေ ဖြစ်နေလောက်ပါပြီ..။ ထားဝယ်သားတိုင်းရဲ့ နှလုံးသားမှာ တစ်နေရာစာ အသေအချာ ရှိနှင့်နေ လောက်ပြီပေါ့။

ဒါမှမဟုတ်.. ဒီထက် နည်းနည်း နောက်ကျပြီးမှ ချစ်ကြည့်ပါလားလို့..။

ဘုံရန်သူကြီး ရေးဆွဲထားခဲ့တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စ၊ တိုင်းရင်းသားအားလုံးအနာဂါတ်အတွက် အစိုးရတဲ့ ပြည်ထောင်စု အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိစ္စ၊ တိုင်းရင်း သားအားလုံးရဲ့အိပ်မက် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးကိစ္စတွေကို ဝိုင်းဝန်းအကောင် အထည်ဖော်ပြီးမှ ကိုယ်လူမျိုး ကိုယ်ချစ် ပြကြရင်ကော ထားဝယ်တွေက စိတ်ဆိုး မှာလား..။

ဘုံရန်သူလက်ထဲက တိုင်းပြည်ကို ပြန်ယူနိုင်ဖို့က အဓိက မဟုတ်ဘူးလား..။ နံရံမည်းကြီးကို စုပေါင်းတွန်းဖြိုပြီးမှ ကိုယ့်ခြံ ကိုယ်ရံသင့်တယ် ယူဆတာ ပါပဲ..။ မုန့်ဆီအရင်ကြော်ပြီးမှ နှုတ်ခမ်း နာ ကုဖို့ ပြောတာပါ။ ကိုယ့်နှုတ်ခမ်းက နဂိုနာပြီးသားလေ။

ခုတော့ ထားဝယ် တိုင်းရင်းသား များပါတီရဲ့ လူမျိုးရေးအချစ်က ထားဝယ် NLD တွေအတွက် တကယ့်အချိန် ကိုက်ကြီးလေ..။ ဒီတော့ ယုန်ထင် ကြောင်ထင် ထင်စရာတွေ ဖြစ်ကုန်တာပေါ့..။ ထားဝယ် NLD အမာခံတွေ ဘက်ကကြည့်ရင် ဒီလူတွေ ဘာလဲ ဘယ်လဲပေါ့..။
နှစ်ဘက် ပါတီကေဒါလေးတွေ ထိန်းညှိပေမယ့် အဖျားခတ် ကုန်တာပေါ့..။

သေချာတာက အောက်လုံး၊ ညစ်လုံးတွေ သုံးတာဟာ သိက္ခာရှိ ပြီးသား ပါတီကြီးတစ်ခုရဲ့မူ မဟုတ်ဘူးဆိုတာ မဲဆန္ဒရှင်တွေ သိပြီး သားပါ။ သုံးတဲ့ လူသာ (ဘယ်ပါတီကမဆို) နိုင်ငံရေး သေသွားလေ့ ရရှိပါတယ်။
ယဉ်ကျေးတဲ့ ဒီမိုကရေစီရပ်ဝန်း ဆိုတာ ဘယ်သူ့ကို မဲပေးပါလို့ပဲ ပြော လေ့ရှိပါတယ်။ ဘယ်သူ့ကို မဲမပေး ပါနဲ့လို့တောင် ပြောခွင့် မရှိပါဘူး..။ ဒါ ဥပဒေမဟုတ်ဘူးနော်..။ ဒီမိုကရေစီကျင့်ဝတ်။

ဒို့ပါတီကို မဲမပေးရင် သစ္စာဖောက်လို့ စွပ်စွဲတယ်ဆိုရင်တော့ စွပ်စွဲသူဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ အလှမ်းဝေးနေတဲ့ အဆင့်မရှိသူ ပါပဲ..။
ဒီမိုကရေစီပါတီဆိုတိုင်း မျက်စိ မှိတ်မယုံနိုင်ဘူးလေ..။ ထားဝယ် အမည်ပါလို့ ထားဝယ်တိုင်း မဲထည့်ရမယ်ဆိုရင် လွန်တာပေါ့..။
ပါတီခေါင်းဆောင် ဘယ်သူလဲ၊ အမတ်လောင်းတွေက လူထု အတွက်၊ ထားဝယ်တွေအတွက် ဘာတွေ ဖြစ်ဖြစ် မြောက်မြောက် လုပ်ခဲ့ဖူးလဲ၊ ဘယ်လောက် စွမ်းဆောင်နိုင်ခြေရှိလဲဆိုတာ ဆန်းစစ်ပြီးမှ ရွေးကြမှာပေါ့..။

NLD လည်း တစ်သက်လုံး မတည်မြဲနိုင်သလို ထားဝယ် အမည်ပါတဲ့ ပါတီတွေ ထပ်မပေါ်လာတော့ဘူးလို့ ဘယ်သူပြော နိုင်မှာလဲ..။
NLD မှာ ဒီထက် အားကောင်း မောင်းသန် ထားဝယ်သားကြီးတွေ ဝန်းရံပါဝင်လာစေချင်သလို..၊ ထားဝယ် တိုင်းရင်းသားများ ပါတီမှာ လည်း ထားဝယ်လူထုတရပ်လုံး မငြင်းနိုင်တဲ့ နိုင်ငံရေးလုံးပြည့် ဒေါက်ပြည့် အမတ်လောင်းကြီးတွေ ပါဝင်အရွေးခံတာ မြင်ချင်ပါ တယ်။ လမ်းတူရင် တစ်နေ့ဆုံမှာပါ။
ဒီတစ်ပွဲတော့ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး လိုက်ခဲ့ပေးကြပါ။
လှေအိုကြီးရဲ့မာလိန်မှူး ဒေါ်အောင်ဆန်းစုကြည် ပဲ့ကိုင်ရ ခက် အောင် မလုပ်ကြပါနဲ့..။ ကျေးဇူးတင်ချင်လွန်းလို့ပါ..။