ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီများမှအမှုတွဲ ၄ ခုတိုင်ကြား

0
494

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ပါတီ များမှအမှုတွဲ ၄ ခုတိုင်ကြားထားကြောင်း ယင်းမြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင် ဝင်းထံမှ သိရသည်။

တိုင်ကြားစာများကို ဖြေရှင်းပေးရန် အတွက်အောက်တိုဘာ ၁၈ ရက်နေ့က ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးတွင် စေ့စပ်ညှိနှိုင်းရေး ကော်မတီက ပါတီအသီးသီးမှ တာဝန်ရှိသူများကို ခေါ်ယူညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
ယင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ် စားလောင်းဦးသိန်းလွင်မှ ခွင့်ပြုချက်မရှိ ဘဲ အခြားပါတီ၏ အမှတ်တံဆိပ်များကို အသုံးပြုခဲ့သည်ဟုဆိုကာ တစည ကိုယ် စားလှယ်လောင်း ဦးကျော်စိုးမိုးကတိုင် ကြားထားကြောင်း ကျွန်းစုမြို့နယ် ရွေးကောက် ပွဲကော်မရှင်မှသိရသည်။
“အခြားပါတီ(လိုဂို)တံဆိပ်မသုံး ရဘူးဆိုတာ ဘယ်နည်းဥပဒေမှ မပြ ဋ္ဌာန်းထားတဲ့အတွက် ဘာမှလုပ်လို့မရ ဘူး” ဟု စေ့စပ်ညှိနှိုင်းရေးကော်မတီမှ ဥပဒေအရာရှိ ဦးဝေဖြိုးအောင်က ပြော သည်။

ပါတီတံဆိပ်အသုံးပြုမှုနှင့်ပတ်သက် ပြီး ကိုယ်စားလှယ်လောင်း ဦးကျော်စိုးမိုး က ပါတီနှင့် ပြန်လည်ဆွေးရမည်ဆိုသဖြင့် ညှိနှိုင်းဆွေးနွေးပွဲတွင် တိကျသည့် ဆုံးဖြတ်ချက်မရရှိခဲ့ကြောင်း ယင်းညှိနှိုင်း ပွဲမှ သိရသည်။
ဒုတိယ တိုင်ကြားမှုမှာသိက္ခာကျ အောင်ပြောဆိုသည်ဟုဆိုကာ ဦးသိန်း လွင်မှ တစညပါတီကိုယ်စားလှယ်လောင်း ဦးကျော်စိုးမိုးအား တရားရုံးကို ဦးတိုက် လျှောက်ထားသည့်အမှုဖြစ်ပြီး တရား ရုံးကသာ ဆုံးဖြတ်လိမ့်မည်ဟု ဦးဝေဖြိုး အောင်က ပြောပြသည်။
တတိယ တိုင်ကြားစာမှာ အင်အယ် လ်ဒီမှ တနိုင်ငံလုံး ဖြန့်ဖြူးနေသည့်ပြောင်း လဲချိန်တန်ပြီအခွေတွင် သရုပ်ဆောင်များ အမေးအဖြေပြုလုပ်သည့်အခန်း၌ နိုင်ငံ တော် အကြည်အညိုပျက်စေသည့် စကားများနှင့် ၈၈ အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ဗိုလ်ကြီး ဟောင်းနေမျိုးဇင်၏ နိုင်ငံတော်အကြည် အညိုပျက်စေသည့်ဗီဒီယိုတို့ကို ပြန်လည် ပြင်ဆင်ထားပြီး အင်အယ်လ်ဒီက ဖြန့်ဝေ ထားသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ တိုင်ကြားစာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျွန်းစုအင်အယ်လ်ဒီ ဥက္ကဋ္ဌပါ အမှုဆောင် ၅ ဦးတို့က ပါတီက နုတ်ထွက်ခြင်းကို သတင်းစာရှင်းလင်းပွဲပြုလုပ်ထားသည့် အခွေများကို ပြည်ခိုင်ဖြိုးပါတီမှ ဖြန့်ဝေနေကြောင်းကို အင်အယ်လ်ဒီက ပြန်လည်တိုင်ကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ အပြန်အလှန်တိုင်ကြားမှုများနှင့်ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ဝင်းမှ နှစ်ဖက်စလုံး အခွေများ ကိုဖြန့်ဖြူး နေခြင်းမှရပ်တန့်ပေးကြရန်ညှိနှိုင်းပေးခဲ့သော်လည်း ပါတီနှစ်ခုစလုံး မှတိကျတဲ့အဖြေကို ပြန်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း စေ့စပ်ညှိနှိုင်းပွဲမှသိရသည်။
” ]ပြောင်းလဲချိန်တန်ပြီ အခွေက တစ်နိုင်ငံလုံးဖြန့်နေတာပါ ကျန်တာပါနေ တာ ကျွန်တော်တို့တောင် မသိပါဘူး” ဟု ကျွန်းစုမြို့နယ် အင်အယ်လ်ဒီရွေး ကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးသိန်းတန်က ပြောသည်။

ထို့ပြင် ကျွန်းစုမြို့နယ် ကပါးကျေး ရွာမှ အင်အယ်လ်ဒီပါတီဝင်တစ်ဦးမှ ဦးသိန်းလွင်အား သိက္ခာကျအောင်ပြော ဆိုခဲ့သည်ဟု ဆိုကာဦးသိန်းလွင်၏ ကိုယ်စားလှယ်တစ်ဦးမှ ကော်မရှင်သို့တိုင်ကြားထားကြောင်း ယင်းကော်မရှင်မှ သိရသည်။
” ဒီကိစ္စကနှစ်ဦး နှစ်ဖက်ညှိနှိုင်းရမှာ ပါ။တဖက်နေတောင်းပန်လိုက်ရင် ပြေ လည်သွားမှာပါ”ဟု ရွေးကောက်ပွဲ ကောက်မရှင်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။
အဆိုပါ ညှိနှိုင်းစည်းဝေးပွဲတွင် ပါတီအသီးသီးမှ တာဝန်ရှိသူများနှင့် တစညပါတီမှကိုယ်စားလှယ်လောင်း ဦး ကျော်စိုးမိုးတို့ တက်ရောက်ခဲ့ကြပြီး ကိုယ်စားလှယ်လောင်း ဦးသိန်းလွင်မှာ မဲဆွယ်စည်းရုံးလုပ်ငန်းများ ဆောင်ရွက် နေသည်ဟုဆိုကာ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။