မဲပုံးများ လုံခြုံမှု အားနည်းဟု ကော့သောင်း ကိုယ်စားလှယ်လောင်းအချို့ ထောက်ပြ

0
437

လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည်ဟုဆိုသည့် မဲပုံးများ လုံခြုံမှု အားနည်းသည်ဟု ကော့သောင်း မြို့နယ် တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းတချို့က ထောက်ပြသည်။

အောက်တိုဘာလ ၁၉ ရက်က မဲပုံးလုံခြုံရေး စစ်ဆေးရန် ကော့သောင်း မြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ နိုင်ငံရေးပါတီများမှ ပါတီ ဝင်တချို့က ကော့သောင်းခရိုင် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲပုံး များစစ်ဆေးစဉ် ယင်းသို့ ဝေဖန်ခြင်း ဖြစ်ကြောင်း သိရသည်။
” မဲပုံးမှာ ရှေ့နောက် နှစ်ခုပဲ လုံခြုံ ရေး ကြိုးနှစ်ချောင်း ချည်နှောင်ထားပြီး တော့ မဲပုံးရဲ့နံဘေးနှစ်ဖက်ကနေပြီး လက် တစ်ချောင်း ဝင်နှိုက်လို့ရတဲ့ အနေအထား ရှိနေတာက လုံခြုံမူ မရှိဘူး” ဟု ကော့သောင်း မြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဦးကျော်သူက လက်တွေ့ပြသကာ ပြောဆိုခဲ့ကြာင်း သိရသည်။
တက်ရောက်လာသူများက မဲပုံး လုံခြုံရေးအတွက် ပုံး၏ နံဘေးပတ် လည်တွင် တိတ်ကပ်ခြင်း၊ ကြိုးတုတ် ခြင်းများ ပြုလုပ်သင့်သည်ဟု အကြံပြု ခဲ့ကြသည်ဟု သိရသည်။

” အခု တိုင်းကော်မရှင်ကို တင်ပြ ထားတယ်၊ တိုင်းကော်မရှင်ရဲ့ လမ်းညွှန် မှုကို စောင့်နေတယ်၊ လမ်းညွှန်မှုကို စောင့်ပြီး နိုင်ငံရေးပါတီတွေကို ခေါ်ပြော ပေးမယ်” ဟု ကော့သောင်းခရိုင် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူး ဦးထက် ခေါင်နိုင်က ဆိုသည်။
တိုင်းကော်မရှင်ကလည်း ပြည် ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြ ပေးပြီး ပြန်လမ်းညွှန်မည်ဟု သိရသည်။