မဲ လက်မှတ်များ စဖြန့်

0
548

မြိတ်ခရိုင် အတွင်းရှိ မြို့နယ်များသို့ ဆန္ဒမဲ လက် မှတ်များ အောက်တိုဘာလ ၁၃ ရက်နေ့ စ၍ ဖြန့်ဝေနေပြီဖြစ်ကြောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်း ပမည်ဟုဆိုထားသည့် အထွေထွေ ရွေး ကောက်ပွဲကာလတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်း အများစုရောက်ရှိနေပြီ ဖြစ်ပြီး ယင်းမဲရုံးသုံးပစ္စည်းများကို ခရိုင် ရွေးကောက်ပွဲကော်မရှင်က မြို့နယ် အလိုက် ပစ္စည်းများကို ပို့ဆောင်ပေး နေကြောင်း ၎င်းတို့ထံမှ သိရသည်။

ခရိုင်အတွက် စုစုပေါင်း ဖြန့်ဝေ လျက်ရှိသည့် ဆန္ဒမဲ လက်မှတ်များမှာ ပြည်သူလွှတ်တော် မဲလက်မှတ် ၉၂၅၀ အုပ်၊ အမျိုးလွှတ်တော် မဲလက်မှတ် ၈၉၈၂ အုပ်၊ တိုင်းဒေသကြီး အမှတ်(၁) မဲလက်မှတ် ၄၇၀၄ အုပ်နှင့် အမှတ်(၂) မဲလက်မှတ် ၄၅၄၈ အုပ်၊ တိုင်းရင်းသား ဆန္ဒမဲ လက်မှတ်များမှာ ပုလော မြို့နယ် အတွက် ၃၀၆ အုပ်၊ တနင်္သာရီအတွက် ၁၆၀ အုပ်နှင့် ကျွန်းစုမြို့နယ်အတွက် ၁၈၃ အုပ်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
မဲလက်မှတ်တစ်အုပ်လျှင် မဲလက် မှတ် ၅၀ ပါရှိသည်။