တနင်္သာရီတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်

0
410

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာမှ တကူကျေးရွာသို့ သွားသည့် ကားလမ်း မတွင် အောက်တိုဘာ ၁၀ ရက် မွန်းလွှဲ ၃ နာရီအချိန်ခန့်က ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ် မောင်းသူ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဇဝဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင် မောင်ထူးထံမှ သိရသည်။


ဖြစ်စဉ်မှာ မြိတ်မြို့မှ တကူ ကျေးရွာသို့ မောင်းနှင်လာသည့် ကား နှင့် တကူရွာမှ မြိတ်မြို့ပေါ်သို့ မောင်း နှင် လာသည့် ဆိုင်ကယ်တို့ ဇဝဲရွာနှင့် တကူရွာအကြား မိုင်တိုင်အမှတ် ၇/၆ ဖာလုံတွင် တိုက်မိခြင်းဖြစ်ကြောင်း သိ ရသည်။
မော်တော်ဆိုင်ကယ်မောင်းနှင် လာသူ တကူကျေးရွာနေ ဦးမိုးလွင်(၃၃)နှစ်မှာ နေရာတွင်ပွဲချင်းပြီးသေ ဆုံးသွား ခဲ့ကာ ဆိုင်ကယ်နောက်မှ လိုက်ပါ လာသည့် အသက် ၁၆ နှစ်ရှိ သမီးနှင့် အသက် ၂ နှစ်ရှိ သားတစ်ဦးတို့မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သဖြင့် မြိတ် ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ကုသဆောင် တွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး မော်တော်ကားမောင်းသူအား ဦးအေး သောင်း ၃၃ နှစ်ကို ယာဉ်(ပ)၈/၂၀၁၅၊ ပုဒ်မ ၃၃၈^၃၀၄-က ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း တနင်္သာရီမြို့ နယ်ရဲစခန်းမှ သိရသည်။