မွန်လူမျိုးအကြောင်း စာတမ်းပေါင်းချုပ် စတင်ဖြန့်ဝေ

0
844

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်း သားရေးရာကော်မတီမှ စီစဉ်ထုတ်ဝေ သည့် တိုင်းရင်းသား မွန်လူမျိုးများ အကြောင်း သမိုင်းကောက်နုတ်ချက်၊ ဆောင်းပါးနှင့် စာတမ်းပေါင်းချုပ် စာအုပ် ကို အောက်တိုဘာ ၁၂ ရက်နေ့က စတင် ဖြန့်ဝေလိုက်သည်။


မွန်လူမျိုးများအကြောင်း စာတမ်း ပေါင်းချုပ်သည် မွန်လူမျိုးတို့၏ သမိုင်း ကြောင်း ခိုင်ခိုင်မာမာ ရှိကြောင်းကို ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံဖြင့် တင်ပြ ထားသည့် စာအုပ်ဖြစ်သည်ဟု မွန်ပြည် နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောသည်။
” ဒီဆောင်းပါး ပေါင်းချုပ်ကို စာရေး ဆရာအများစုက ရေးထားတာတွေကို စုပေါင်း ထုတ်ဝေလိုက်ခြင်းပဲ ဖြစ်ပါ တယ်” ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ က ပြောသည်။
အဆိုပါစာအုပ်တွင် အကြောင်း အရာ ခေါင်းစဉ် ၁၃၉ ခုဖြင့် စာမျက်နှာ ၁၂၉၂ ပါရှိကာ တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် မွန် လူမှုရေးရာ အတွေ့အကြုံ ဗဟုသုတရှိသူတို့၏ ကူညီ မှုဖြင့် ထုတ်ဝေခဲ့သည်။
” အရင်ကလည်း သမိုင်းမှတ်တမ်း ပေါင်းချုပ် စာအုပ် ထုတ်ဝေဖူးပါတယ်။ အဲဒီစာအုပ်တွေထက် ပိုမိုပြည့်စုံအောင် မွန်လူမျိုးများရဲ့ ဘာသာ သာသနာ ယဉ်ကျေးမှု တိုင်းရင်းသားစာပေ ပညာ ရေး လူမှုရေး ဓလေ့ထုံးတမ်းတွေကို ထပ်မံဖြည့်စွက် ထုတ်ဝေချင်တဲ့ အတွက် ဆောင်ရွက်တာဖြစ်တယ်”  ဟု မွန်ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် နိုင်စံတင် က ပြောသည်။
တိုင်းရင်းသား မွန်လူမျိုးများ အကြောင်း သမိုင်းကောက်နုတ်ချက်၊ ဆောင်းပါးနှင့် စာတမ်းပေါင်းချုပ်ကို ၁၉၉၇ ခုနှစ်က မွန်ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှ မွန်ရေးရာ အတွေ့အကြုံ ဗဟုသုတ ရှိသူများ၏ ကူညီမှုဖြင့် အကြောင်း အရာ ၁၅၀ ခုဖြင့် စာတမ်းပြုစု ထုတ်ဝေခဲ့ဖူး သည်။
မွန်ပြည်နယ်လွှတ်တော် တိုင်းရင်း သားရေးရာ ကော်မတီမှ ယခင်စာအုပ်ပါ အကြောင်းအရာများအပြင် နောက်ထပ် အကြောင်း အရာ ၈၈ ခုကို စုဆောင်း ဖြည့်စွက်ပြီး  ထပ်မံထုတ်ဝေခြင်း ဖြစ် သည်။
မွန်လူမျိုးများ၏ သမိုင်း စာအုပ် သည် မွန်လူမျိုးများသမိုင်း၏ အသက် ဝိညာဉ်ဖြစ်သည်ဟု မွန်ပြည်နယ် လွှတ် တော် တိုင်းရင်းသားရေးရာ ကော်မတီ က စာတမ်းပေါင်းချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။