ထားဝယ် မီးရထား စီးသည့် ဒေသခံ မရှိသလောက်နည်း

0
483

ထားဝယ်-ရေး-မော်လမြိုင်-ရန်ကုန်ပြေးဆွဲနေသည့် မီးရထား ခရီး စဉ်တွင် လိုက်ပါစီးနင်းသည့် ဒေသခံ မရှိသလောက် နည်းပါးကြောင်း ထားဝယ် ဘူတာထံမှ သိရသည်။


ရွှေ့ပြောင်းလုပ်သားများသာ အဓိက ထားသွားလာကြပြီး မီးရထား လမ်းတစ်လျှောက်ရှိ ကျေးရွာအချို့တွင် တာဝန်ကျ နေသည့် ဆရာမများမှ အပ မီးရထားကို ဒေသခံများ မစီးကြကြောင်း ထားဝယ်ဘူတာမှ ရုံပိုင်က ဆိုသည်။
” မီးရထားစီးတဲ့သူက ရွှေ့ပြောင်း လုပ်သားတွေများတယ်။ ဒေသခံတွေက တော့ စီးတဲ့သူနည်းတယ်။ ကားတွေ များလာတော့ ကားနဲ့သွားတာက အချိန် တိုတယ်လေ” ဟု ရုံပိုင်က ဆိုသည်။

dawei_train_station
မီးရထားဖြင့် သွားပါက ရေးမြို့ တွင် အခြား မီးရထားပြောင်းစီးရပြီး ရန်ကုန်အထိ အချိန် ၂၄ နာရီကြာမြင့် ကြောင်း သိရသည်။
ယခုနှစ်တွင် ရန်ကုန်-မော်လမြိုင် -ရေး-ထားဝယ် ပြေးဆွဲသည့် မီးရထား ခရီးစဉ်များတွင် တစ်နေ့လျှင် ပျှမ်းမျှ ခရီးသည် ၃၀ဦး လိုက်ပါကြပြီး နိုင်ငံ ခြားသားများ ၂ဦး သို့မဟုတ် ၃ ဦး ပုံမှန်လိုက်ပါလေ့ရှိသည်ဟု ၎င်းက ဆိုသည်။
” မီးရထားက ဘယ်စီးမှာလဲ။ ကား နဲ့ သွားရင် ညနေထွက်တာနဲ့ မနက်ဆို ရန်ကုန်ရောက်နေပြီလေ။ အချိန် ကုန်သက်သာတာပေါ့”  ဟု ရန်ကုန် သို့ မကြာခဏ သွားဖြစ်သည့် ထားဝယ်မြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
ထားဝယ်သို့ ပြေးဆွဲသည့် မီးရ ထားတွဲများမှာ အရည်အသွေး ညံ့ဖျင်း သည့်အတွက် မြှင့်တင်ရန် လိုအပ်နေ သည်ဟု ထားဝယ်ဘူတာ ရုံပိုင်ကြီးက ဖွင့်ဟသည်။
ထားဝယ်-ရန်ကုန်ခရီးစဉ်အတွက် အထက်တန်းကို ၁၀၁၅၀ ကျပ်၊ ပထမ တန်းကို ၆၃၅၀ ကျပ်နှင့် ရိုးရိုးတန်းကို ၅၁၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး နိုင်ငံခြားသားများကိုလည်း ယင်းဈေး နှုန်းအတိုင်းပင် သတ်မှတ်ထားကြောင်း သိရသည်။