လူရွှင်တော်ချစ်ချောနှင့် ပွမ်ပွမ်မြိတ်တွင် အင်အယ်လ်ဒီအတွက် မဲဆွယ်

0
435

မြိတ်မြို့နယ် ပပြင်ကျေးရွာတွင် အောက်တိုဘာလ ၁၅ ရက်က လူရွှင်တော် ချစ်ချောနှင့်ပွမ်ပွမ်တို့က အင်န်အယ်လ်ဒီ ပါတီအတွက် မဲဆွယ်စည်းရုံး ဟောပြော ပွဲပြုလုပ်ခဲ့သည်။


လူရွှင်တော်ပွမ်ပွမ်နှင့် ချစ်ချောတို့ သည်အောက်တိုဘာ ၁၅ ရက်နေ့တွင် ကရင်တိုင်းရင်းသား အများစုနေထိုင် ကြသည့်ပပြင်၊ အလယ်ချောင်း၊ ဒေါ၊ ငါးအင်း၊ လက်ခုတ်တောင်၊ ပင်းအို၊ သဘွတ်၊ ကဘင်းကျးရွာတို့နှင့် ကျောက် ဖျာ ကျေးရွာတို့တွင် မဲဆွယ်ဟောပြော ပွဲပြုလုပ်ခဲ့သည်။

chitchaw_poenpoen_myeik
အောက်တိုဘာ ၁၆ ရက်နေ့တွင် မဇောပြင်ကြီးကျေးရွာအုပ်စုနှင့် ကျေးရွာ တစ်ချို့တို့ကို မဲဆွယ်စည်းရုံးသွားမည် ဖြစ်ကာအောက်တိုဘာ ၁၇ ရက်နေ့တွင် မြိတ်မြို့ပေါ်တွင် ဟောပြောသွားမည်ဖြစ် ကြောင်း မြိတ်မြို့နယ်အင်န်အယ်လ်ဒီ မှသိရသည်။
” ဟိုးအဝေးကြီးကနေ ဒီကိုလာတာ ပြောချင်တဲ့စကား အနှစ်ချုပ်ကတော့ အခုလာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အာရုံမစားနဲ့၊ အာရုံ မများနဲ့ အင်န်အယ်လ်ဒီကို မျက်လုံးစုံ မှိတ်ပြီး မဲပေးပါလို့ပြောချင်ပါတယ်” ဟု လူရွှင်တော် ချစ်ချောက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက် နေ့ကမြိတ်နှင့် ပုလောမြို့တို့တွင် လူရွှင် တော် ဗေလုဝမှလည်း အင်အယ်လ်ဒီ အတွက် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။