ဒုတိယတန်းကျောင်းသူကို ခဲအို က သားမယားပြုကျင့်

0
637

မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့ သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ ၁၉ မိုင် ရပ်ကွက်တွင်နေထိုင်သည့် ဒုတိယ တန်း ကျောင်းသူအား ခဲအိုဖြစ်သူက သားမယားပြုကျင့်မူ တစ်ရပ်  အောက်တို ဘာလ  ၁၂ ရက် နံနက် ပိုင်းတွင် ဖြစ်ပွား ခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်း ထံမှ သိရသည်။


သားမယားပြုကျင့်ခံရသည့် မိန်း ကလေးမှာ  အသက်  ၉ နှစ်အရွယ် ဒုတိယ တန်း ကျောင်းသူဖြစ်ပြီး သားမယားပြု ကျင့်ခဲ့သူမှာ အသက် ၂၀ အရွယ် အမျိုး သားဖြစ်သည်ဟု သားမယားပြုကျင့် ခံရသည့် ကလေးငယ်၏မိခင်က ဆိုသည်။
မိဘနှစ်ပါး အပြင်ထွက် အလုပ် ထွက်လုပ်နေစဉ် နေအိမ်တွင် ကျန်ခဲ့ သည့် သမီးဖြစ်သူအား မိဘတို့ အလုပ် လုပ်သည့်နေရာကို လိုက်ပြခိုင်းသဖြင့် လိုက်ပြပေးရန် လိုက်လာခဲ့ရာ ၂၂ မိုင်ရှိ ရာဘာခြံအတွင်းသို့ ဖြားယောင်း ခေါ် ဆောင်ခဲ့ပြီး သားမယားပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။
” အဒေါ်တို့ အုန်းသီး ခူးသွားတော့ အိမ်မှာ ကျောင်းပိတ်တုန်း သမီး တစ် ယောက်နဲ့ သားနှစ်ယောက် ကျန်ခဲ့ တယ်။ အိမ်နီးချင်း သူငယ်ချင်းလာခေါ် ပြောမှ သိရတယ်” ဟု ကလေးငယ်၏ မိခင်ဖြစ်သူက ဆိုသည်။
ကလေးငယ်အား အဓမ္မ သားမယား ပြုကျင့်မူ ကျူးလွန်ခဲ့သည့် သမက် ဖြစ်သူကို ဥပဒေအရ အရေးယူပေးရန် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထား သည်ဟု ၎င်းက ဆိုသည်၊။
” သမီးက မလိုက်ဘူး ငြင်းသေး တယ်တဲ့၊ ဒါကို အတင်းဆွဲခေါ်သွားပြီး ပါးစပ်ပိတ်ပြီး အတင်းကျူးလွန်ခဲ့တယ် လို့ သမီးက ပြောပြတယ်” ဟု မိခင်ဖြစ် သူက ဆိုသည်။
ပြစ်မှုကျူးလွန်သူကို  နေ့ချင်း ဖမ်း ဆီးခဲ့ပြီး  ဥပဒေအရ အရေးယူမူများ ဆောင်ရွက်လျက်ရှိသည်ဟု ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။