လူထူလိုလားပါက ဝန်ကြီးချုပ် ဆက်လုပ်မည်ဟု မွန်ပြည်နယ်ဝန်ကြီး ချုပ်ပြော

0
562

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) နေရာတွင် ဆက်လက်ဝင်ပြိုင်မည့် လက်ရှိ ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က လူထုလိုလား ပါက ဝန်ကြီးချုပ် ဆက်လုပ်မည်ဟု ၎င်းဝင်ပြိုင်မည့် မဲဆန္ဒနယ်တွင် ပြုလုပ် ခဲ့သည့် မဲဆွယ်စည်းရုံးဟောပြောပွဲ၌ ပြောခဲ့သည်။


ဝန်ကြီးချုပ် ဦးအုန်းမြင့်သည် ၎င်း ဝင်ပြိုင်မည့် မဲဆန္ဒနယ်တွင် အောက်တိုဘာ ၁၅ ရက်နေ့က ပထမ ဆုံးအကြိမ် ပြုလုပ် သည့် မဲဆွယ်စည်းရုံး ဟောပြောပွဲတွင် ယင်းကဲ့သို့ ထည့်သွင်းဟောပြောခဲ့ခြင်း ဖြစ်သည်။
” ဒီတာဝန်ကို ဆက်ပေးမယ်ဆိုရင် ဆက်လုပ်သွားမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
ထို့အပြင် မုဒုံမြို့နယ်တစ်ခုလုံး ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်သည့် အရှိန် အဟုန် ဆက်ရလိုလျှင်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး အားလုံး ခေတ်မီလို လျှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးကြပါဟုလည်း မဲဆွယ်စည်းရုံးခဲ့သည်။
ကြံ့ခိုင်ရေးပါတီသည် မုဒုံမြို့နယ် တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာ၌ ဦးကျော်ကျော်လွင်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) တွင် ဦးသက်ထွေး၊ ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဦးအုန်းမြင့်နှင့် အမှတ် (၂) တွင် ဒေါက်တာ လှသိန်းတို့က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။