ကော့သောင်း-မြိတ်လမ်းပိုင်းတွင် လေအိတ်ကား စတင်ပြေးဆွဲ

0
462

ကော့သောင်း- မြိတ် လမ်းပိုင်း တွင် ခရီးသည်တင် လေအိတ်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ရွှေလင်း ထက် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ သိရသည်။


ယင်းယာဉ်လိုင်းသည် ခရီးသည် ၃၃ ဦးဆံ့ လေအိတ်ကား ၄ စီးဖြင့် အောက်တိုဘာလ ပထမအပတ်မှစပြီး ရန်ကုန် – ထားဝယ်- မြိတ် – ကော့ သောင်း ခရီးစဉ်များကို စတင် ပြေးဆွဲ နေသည်ဟု ရွှေလင်းထက် ယာဉ်လိုင်း တာဝန်ခံက ပြောသည်။
” ကားက အနိမ့်အမြင့် လုပ်လို့ ရတော့လမ်းခရီးမှာ အခက်အခဲ ကြီး ကြီးမားမား မရှိပါဘူး” ဟု ရွှေဟိန်း ထက် ယာဉ်မောင်း ကိုလေးက ဆိုသည်။
လေအိတ်ကားများသည် ကော့ သောင်း – မြိတ် လမ်းပိုင်းတွင် ခရီး လမ်းကြမ်းသည်ဟုဆိုကာ ကော့သောင်း အထိ မဆင်းကြဘဲ မြိတ်တွင် ရိုးရိုး ကား၊ ၁၂ ဦးစီး လေအိတ်ကားငယ်များဖြင့် ပြောင်းလေ့ ရှိသည်။
လေအိတ်ကားများ ကော့သောင်း အထိ စတင် ပြေးဆွဲလာပြီဖြစ်သည့် အတွက် ကားလမ်းများကို ယခင်ထက် ပိုကောင်းအောင် အဆင့်မြှင့်တင်ပေးရန် လိုအပ်လာပြီဖြစ်ကြောင်း ကော့သောင်း ဒေသခံများက ထောက်ပြသည်။