လူထု လိုအပ်ချက်များရရန် လွှတ်တော်ထဲ ဆွေးနွေးပေးမည်ဟု မွန်အမျိုးသားပါတီ မဲဆွယ်

0
530

ကော့သောင်းမြို့ပေါ် ရပ်ကွက်များ တွင် အောက်တိုဘာလ ၈ ရက်နေ့က မွဲဆွယ်စည်းရုံးရေး စတင်ခဲ့သည့် မွန် အမျိုးသားပါတီက လူထု၏ လိုအပ်ချက် များကို လွှတ်တော်အတွင်း မဖြစ်ဖြစ် သည့်နည်းဖြင့် ဆွေးနွေးမည်ဟု မဲဆွယ် ခဲ့သည်။


” ကျွန်မတို့ ပါတီ ထောက်ခံမဲ ထည့်ပေး လို့ လမ်း၊ တံတားတွေ ဆောက်ပေးမယ်လို့ အာမမခံဘူး၊ ပြည်သူလူထု အမှန်တကယ် လိုအပ် နေတာတွေကို ရရှိဖို့ လွှတ်တော်ထဲ ရောက်အောင်  မဖြစ်ဖြစ်တဲ့ နည်းနဲ့ တင်ပြ နိုင်အောင် ဆောင်ရွက်ပေးမယ်ဆိုတာကို အာမခံတယ်” ဟု ပိတောက် ရွှေဝါရပ်ကွက် တွင် မဲဆွယ်စည်းရုံးစဉ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ပြိုင်မည့် မွန်အမျိုးသားပါတီ ကိုယ်စား လှယ်လောင်း ဒေါ်အေးရီက မဲဆွယ် စည်းရုံးခဲ့သည်။
မွန်အမျိုးသားပါတီသည် အောက် တိုဘာလ ၈ ရက်နေ့မှ စတင်ကာ မဲဆွယ် စည်းရုံးရေး ပြုလုပ်မည်ဖြစ်ပြီး ကိုယ်စား လှယ်လောင်းများ၏ လက်ကမ်း စာစောင် များ၊ ပါတီမူဝါဒများ၊ ရွေးကောက်ပွဲ ကြေညာစာတမ်းများကို ဖြန့်ဝေခဲ့ကြ သည်။
မွန် အမျိုးသားပါတီသည် ကော့ သောင်း မဲဆန္ဒနယ်မှ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ တို့တွင် ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။