တန်ဖိုး

0
595

တစ်ခါက ကမ္ဘာလှည့် ခရီးသည် တစ်ဦး ရန်ကုန်မြို့၊ ရွှေတိဂုံ ဘုရားသို့ ရောက်ရှိ လာလေသည်။ ရွှေတိဂုံဆို သည်မှာ ရာမညတိုင်း၊ ဥက္ကလာပ ဇန ပုဒ်၊ ပေါက္ခရ၀တီမြို့မှ ကုန်သည်ညီနောင် တဖုဿနှင့် ဘလ္လိကတို့ကို ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် စွန့်ကြဲခဲ့သော ဆံတော် ဖြင့် ဌာပနာခဲ့သောကြောင့် ဗုဒ္ဓဘာသာ ဝင်တိုင်းအတွက် အထွတ်အမြတ်ထား ကိုးကွယ်ရာ စေတီပုထိုး တစ်ဆူလည်း ဖြစ်ပါသည်။

ထိုနောက်ခံ သမိုင်းကို ကမ္ဘာလှည့် ခရီးသည်ကြီး သိရှိပုံမရ။ ထိုကြောင့် ကျွန်တော်တို့ မြန်မာများကို အားအား ရှိတိုင်းအုတ်ပုံ အစုအဝေး ကြီးကို ထိုင်ရှိခိုးနေတတ်သော လူမျိုး များဟု တွေးထင်နေပုံရသည်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ကြီး ရွှေတိဂုံ ဘုရားပေါ်သို့ ရောက်ရှိသောအခါ ရင်ပြင် တော်ပေါ်၌ ဆွမ်း၊ ဆီမီး၊ ရေချမ်းနှင့် ပန်းမျိုးမျိုး ကပ်လှူပူဇော်ပြီး ထိခြင်း ငါးဖြာဖြင့်ဝတ်ပြု ဦးချနေကြသော မြန်မာလူမျိုးများကို ကြည့်ပြီး အနီး အနားတွင် တံမြက်စည်း တစ်ချောင်းဖြင့် ရင်ပြင်တော် သန့်ရှင်းရေး ပြုလုပ်နေသော ဟိန္ဒူလူမျိုး တစ်ဦးကို ယခုလို မေးမြန်း လေသည်။ ကံအားလျော်စွာ အဆိုပါ ဟိန္ဒူလူမျိုးမှာ ခေတ်ပညာတတ်တစ်ဦး ဖြစ်သောကြောင့် အင်္ဂလိပ်လို ကျွမ်း ကျွမ်းကျင်ကျင် ပြောဆိုတတ်ပြီး ကုသိုလ် အလို့ငှာ ရင်ပြင်တော်ပေါ်၌ သန့်ရှင်းရေး ပြုလုပ်နေခြင်း ဖြစ်ပါသည်။
ကမ္ဘာလှည့်။ ။ မင်းတို့ မြန်မာတွေ ဦးချနေကြတဲ့ ဒီရွှေတိဂုံ စေတီကို ဘာနဲ့ တည်ထားလို့လဲ။
ဟိန္ဒူ။  ။ အုတ်နဲ့ တည်ထားပါတယ်။
ကမ္ဘာလှည့်။ ။ဒီရွှေတိဂုံ ဘုရား ပေါ်က အိမ်သာကိုရော ဘာနဲ့ ဆောက် လုပ် ထားပါသလဲ။
ဟိန္ဒူ။ ။အုတ်နဲ့ပါပဲ။
ကမ္ဘာလှည့်။  ။ ဒါဖြင့် အုတ်နဲ့ တည်ဆောက်ထားတာချင်းအတူတူ မင်းတို့မြန်မာတွေ အိမ်သာကို ဦးမချဘဲ ဘာကြောင့် ရွှေတိဂုံ စေတီကို ဦးချနေ ကြတာလဲ။
ထိုအခါ ဟိန္ဒူလူမျိုးက ကမ္ဘာလှည့် ခရီးသည်ကြီးကို ယခုလိုပြန်လည် မေးခွန်း ထုတ်လေသည်။
   ဟိန္ဒူ။   ။ခင်ဗျားမှာ ဇနီးမယား ရှိပါသလား။
ကမ္ဘာလှည့်။  ။ဟုတ်ကဲ့၊ ရှိပါ တယ်။
ဟိန္ဒူ  ။     ။မိခင်ရော ရှိပါသလား။
ကမ္ဘာလှည့်။   ။ဟုတ်ကဲ့၊ ရှိပါ တယ်။
ဟိန္ဒူ ။  ။ကောင်းပြီ။ဒါဖြင့် ညအခါ ခင်ဗျား မိခင်နဲ့အတူ အိပ်သလား၊ ဒါမှမဟုတ် ဇနီးမယားနဲ့အတူ အိပ်ပါ သလား။
ကမ္ဘာလှည့်။ ။ဟာ…ပေါက် ပေါက်ရှာရှာ၊ ဇနီးနဲ့အတူ အိပ်တာပေါ့။
ဟိန္ဒူ ။ ။ခင်ဗျား ဇနီးမယားလည်း မိန်းမ၊ ခင်ဗျားမိခင်လည်း မိန်းမပဲလေ။ မိန်းမချင်းအတူတူ ဘာကြောင့် မိခင်နဲ့ အတူ မအိပ်ဘဲ ဇနီးမယားနဲ့အတူ အိပ် တာလဲ။
ယခုလို ဟိန္ဒူလူမျိုးက မေးခွန်းကို မေးခွန်းဖြင့် ပြန်လည် ဖြေကြားပေး လိုက်သောအခါ ကမ္ဘာလှည့် ခရီးသည် ကြီး သဘောပေါက်သွားပြီး ဆက်လက် မေးမြန်းခြင်း မပြုတော့ပေ။
မိခင်လည်း မိန်းမသား၊ ဇနီး မယား လည်း မိန်းမသား၊ မိန်းမသားချင်း တူ ပေမယ့် တန်ဖိုးချင်းတော့ မတူပါလေ။
၂ ယေဘုယျအားဖြင့် ကျွန် တော်တို့ မှီတင်း နေထိုင်လျက်ရှိသော ဤကမ္ဘာကြီး၌ လူမျိုး၊ ဘာသာ၊ ဓလေ့ ထုံးတမ်းစဉ်လာ၊ နယ်နိမိတ် အပိုင်း အခြား၊ ယုံကြည်ချက်၊ မိမိ ဦးညွှတ်ရာ နိုင်ငံတော် အလံ၊ မိမိ သီဆိုသော နိုင်ငံတော်သီချင်း စသည်ဖြင့် မတူ ကွဲပြား ခြားနားကြသော်လည်း လူဟူ သည် တစ်မျိုးတည်းသာ ရှိပါသည်။ ထို့အတူ လူသားတို့၏ လိုအင်ဆန္ဒမှာ လည်း သိသိသာသာ ကွဲပြား ခြားနားမှု မရှိကြပေ။
value_soenge
နွေးထွေးလုံခြုံသော မိသားစု ဘ၀၊ မေတ္တာတရား၊ စည်းစိမ်ဥစ္စာ၊ တန်ခိုးဩဇာ၊ ထင်ပေါ်ကျော်ကြားမှု စသည်ဖြင့် လိုအင်ဆန္ဒများ ဘုံတူညီ နေတတ်ပါသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ လယ်ယာ စိုက်ပျိုးရေးခေတ်၊ စက်မှုခေတ်ယနေ့ နည်းပညာခေတ်အထိ လူ့သမိုင်း အဆက်ဆက်ဖြစ်ပေါ် တိုးတက်ခဲ့ပေမယ့် လူတို့၏ အခြေခံစိတ်နေ စိတ်ထားမှာ သိသိသာသာ ပြောင်းလဲခြင်း မရှိပေ။ ပုထုဇဉ် မှန်သမျှစည်းစိမ်ဥစ္စာ ကြွယ်ဝ ချမ်းသာချင်ကြစမြဲ၊ တန်ခိုးဩဇာ ကြီးမားချင်ကြစမြဲ၊ ထင်ပေါ်ကျော်ကြား ချင်တတ်ကြစမြဲပင်။ တကယ်တော့ လူဆိုသည်မှာ အတ္တလောင်စာဆီဖြင့် ခုတ်မောင်း လျက်ရှိသော ယာဉ်တစ်မျိုး ဖြစ်ပါသည်။ ဦးစွာပထမကိုယ့်လိုအင် ဆန္ဒပြည့်ဝမှသာ ကိုယ့်မိသားစု၊ ကိုယ့် ဆွေမျိုးသားချင်း၊ ကိုယ့်အပေါင်းအသင်း ရောင်းရင်း၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံနှင့် ကိုယ်နေထိုင်ရာ ကမ္ဘာကြီး၏ အကျိုးကို အစဉ်လိုက် စဉ်းစားတတ် ကြလေသည်။ ပြောရလျှင် ဤလိုအင် ဆန္ဒများသည်ပင် လူပီသမှုပြယုဂ်တစ်ခု ဖြစ်သလို လူ့ သမိုင်းဖြစ်စဉ်ကြီးတိုးတက်မှုနှင့် ဆုတ် ယုတ်မှုကို တွန်းအားပေး မောင်းနှင်လျက် ရှိလေသည်။
သို့သော် အများနှင့်မတူ တစ်မူ ထူးခြားသူ တချို့ရှိပါသည်။ ထိုသူ တို့မှာ သူလိုကိုယ်လို ပုထုဇဉ်များ ဖြစ် ပေမယ့် သာမာန် ပုထုဇဉ်တို့ ကျင့်ကြံ အားထုတ်နိုင် ခဲလှသော ကျင့်စဉ်များကို စိုက်လိုက်မတ်တပ် ကျင့်ကြံအားထုတ်ပြီး ဘ၀တစ်လျှောက်လုံး မိမိအကျိုးထက် အများအကျိုးကိုသာ ရှေ့တန်းတင်သော ပရဟိတသမားများ ဖြစ်ပါသည်။အကယ်၍ လိုအပ်ပါက ၎င်းတို့သည် ဘုရားဆုပန် သုမေဓာရှင်ရသေ့လို မိမိ ခန္ဓာကိုယ်ကို တံတားထိုးပေးဖို့ ဝန် မလေးသလို ဘုရားလောင်း မျောက် မင်းလို မိမိ ခန္ဓာကိုယ်ကို နွယ်ကြိုးအဖြစ် အသုံးချဖို့အသင့် ဖြစ်နေတတ်ပါသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ခရစ်ယာန်သီလရှင် မာသာထရီဆာသည် အန္ဒိယနိုင်ငံ၊ ကာလက္ကတ္တားမြို့၌ အခြေ စိုက်ပြီး အပစ်ပယ်ခံ အနာကြီး ရောဂါ သည်များ၊ အေအိုင်ဒီအက်စ် ဝေဒနာ သည်များ၊ မိဘမဲ့ ကလေးများအတွက် ခိုလှုံရေး ဂေဟာများဖွင့်လှစ်ပေးခဲ့ပါ သည်။ ထို့အပြင်မည်သူမှ မထိချင် မကိုင်ချင်ကြသော အနာကြီးရောဂါ သည်များနှင့် အေအိုင်ဒီအက်စ် ဝေဒနာ သည်များကို ကိုယ်ဖိရင်ဖိ ပြုစုပေး ခဲ့သလို သူ့ဘ၀တစ်ခုလုံးကို အဆိုပါ ခိုကိုးရာမဲ့ ဝေဒနာသည်များကြား၌ မြှုပ် နှံခဲ့လေသည်။ ထိုကြောင့် မာသာ ထရီဆာကို တစ်ကမ္ဘာလုံးက မဟာက ရုဏာရှင် တစ်ဦးအဖြစ် သတ်မှတ် ခဲ့ကြပြီး နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ကြသလို သူကွယ်လွန်သွား သောအခါ ကမ္ဘာ့ခေါင်းဆောင် အသီး သီးက သူ့ရုပ်ကလာပ်ကို သွားရောက် ဂါရ၀ပြုကြရ လေသည်။ တကယ်တော့ မာသာထရီဆာသည် ခရစ်ယာန် သီလရှင်တစ်ဦး ဖြစ်ပေမယ့် ဗုဒ္ဓဘုရားရှင် ဟောကြားဆုံးမတော်မူခဲ့သော မေတ္တ သုတ် ပရိတ်တရားတော်နှင့် အညီ ကျင့်ကြံ နေထိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
ထို့အတူ အမေရိကန်နိုင်ငံ၏ (၁၆)ဆက်မြောက် သမ္မတကြီး အေဗရာ ဟင်လင်ကွန်းသည် အကွဲကွဲ အပြားပြား ဖြစ်နေသော အမေရိကန် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ပြည်တွင်းစစ်တစ်ခု ဆင်နွှဲပြီးပေါင်းစည်းပေး ခဲ့သလို အဆို ပါ ပြည်တွင်းစစ်ကြောင့် အမေရိ ကန်တို့၏ ဥပဓိရုပ်ကို အကျည်းတန် စေခဲ့သော ငွေဝယ်ကျွန်စနစ် အပြီးတိုင် နိဋ္ဌိတံခဲ့ပါသည်။ ကောင်းသောစစ်နှင့် မကောင်းသော ငြိမ်းချမ်းရေး ဟူသည် မရှိဟု ဆိုသော်လည်း အဆိုပါ ပြည် တွင်းစစ်ကြောင့်ပင် သမ္မတကြီး အေ ဗရာဟင်လင်ကွန်းကို အမေရိကန်နိုင်ငံ သားများသာမက ကမ္ဘာကပါ မေ့ပျောက် ခြင်းငှာ မစွမ်းနိုင်တော့ပါ။
ဝေးဝေးကြည့်စရာ မလို။ ကျွန် တော်တို့ မြန်မာနိုင်ငံမှာလည်း အဆိုပါ ပုဂ္ဂိုလ်ကြီးများလို ပရဟိတသမားများ ရှိပါသည်။ အားလုံးအနက် အထင် ရှားဆုံးမှာ နာရေးကူညီမှု လုပ်ငန်းကို ဇောက်ချ လုပ်ကိုင်နေသော ဦးကျော်သူ ဖြစ်ပါသည်။ ဦးကျော်သူသည် အောင် မြင်ကျော်ကြားလျက်ရှိသော ရုပ်ရှင် သရုပ်ဆောင်ဘ၀ကို စွန့်လွှတ်ကာ မည်သူမျှ မထိချင် မကိုင်ချင်ကြသော အသုဘ ရုပ်အလောင်းများကြား သူ့ ဘ၀ကို မြှုပ်နှံခဲ့ပါသည်။ ထိုကြောင့် ရုပ်ရှင် သရုပ်ဆောင်တစ်ဦး၏ ရပိုင်ခွင့် ဖြစ်သော အောင်မြင်ကျော်ကြားမှုနှင့် ငွေကြေးဥစ္စာကို စွန့်လွှတ်ခဲ့ ရပေမယ့် အဖိုးမဖြတ်နိုင်သော ချစ်ခင်ကြည်ညိုမှုကို ရရှိခဲ့လေသည်။
ထို့အတူ ဒေါက်တာ နော်မန်ဗက် သွန်း၊ အဲလဘတ်ရွိုင်ဇာ၊ဖရော်ရင့်နိုက် တင်ဂေးလ်၊မဒမ်ကျူရီ၊ဒေါက်တာ မာတင်လူသာကင်း၊ အဲဖရက်နိုဘယ် စသည်ဖြင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် များမှာ ရခဲလှသော လူ့ဘ၀ကို အများ အကျိုးအတွက် စွန့်လှူခဲ့ကြလေသည်။ သူတို့၏ မြင့်မြတ်သော လုပ်ဆောင် ချက်များကြောင့် လူမျိုး၊ဘာသာ၊ အယူ ဝါဒ အစရှိသော မဟာတံတိုင်းကြီးများ လဲပြိုကျ ကုန်လေသည်။ အဆိုပါ ပုဂ္ဂိုလ် များမှာ ဘ၀တစ်လျှောက်လုံး ပေးဆပ် ခြင်းဖြင့် ရယူခဲ့ကြသလို ဘ၀လမ်းမ များပေါ် ပရဟိတ လောင်စာဆီဖြင့် မောင်းနှင်ခဲ့ကြသော ယာဉ်များသာ ဖြစ်ပါသည်။
(၃)
တကယ်တော့ လူ့ဘ၀ဟူသည် ရခဲ သလောက် သမုဒ္ဒရာထက်က ရေပွက် ပမာ တိုတောင်းလွန်း လှပါသည်။ ယခုလိုရခဲသလောက် တိုတောင်းလွန်း လှသော လူ့ဘ၀မှာ မိမိသာလျှင် ဘ၀ ၏ ပဲ့ကိုင်ရှင် ဖြစ်ပါသည်။ ကိုမင်း ကိုနိုင်၏ ” ပုံဆွဲကြရအောင်” ကဗျာ ထဲကလို ခဲတံချွန်ပြီး ကျောင်းသင်္ခန်းပုံ ဆွဲချင် ဆွဲနိုင်သလို ဝတ်လစ်စလစ်ပုံ ဆွဲချင်လည်း ဆွဲနိုင်ပါသည်။ မိမိ သဘော အတိုင်းသာ ဖြစ်ပါသည်။ သို့ သော် ကိုယ်ဆွဲရာ ကားချပ်မှာ ကိုယ့် လက်မှတ်တော့ ထိုးခဲ့ရပေလိမ့်မည်။ မည်သူမဆို လောကကို အလှဆင်နိုင်သလို ရုပ်ဆိုး အကြည်းတန်အောင်လည်း ပြုလုပ်ခွင့် ရှိလေသည်။

 

မည်သူမဆို တစ်သက်လုံး ရနိုင်သလောက်များများ ယူပြီး ဘာတစ်ခုမှ ပြန်လည်မပေးဆပ်ဘဲ နေခွင့်ရှိသလို ပိုင်ဆိုင်သမျှ အားလုံးကို စွန့်လွှတ်ပြီး ပေးဆပ်သူ သက်သက်လည်း ဖြစ်ခွင့်ရှိ လေသည်။ သို့သော် နောက်ဆုံးတစ်နေ့မှာ တစ်သက်လုံး ရနိုင်သ လောက် ယူခဲ့ကြသူများ ဘာတစ်ခုမှ ယူဆောင်မသွားနိုင်ခဲ့ကြပေမယ့် အရာရာကို စွန့်လွှတ်ခဲ့ကြသူများသာ အရာခပ်သိမ်းကို ရယူသိမ်းပိုက် နိုင်စမြဲပင်။
လူလူချင်း တူပေမယ့် ခံယူချက် ချင်း ကွဲပြားသလို မိန်းမသားချင်း တူပေမယ့် မိခင်နှင့် ဇနီးမယား တန်ဖိုးချင်းတော့ မတူပါလေ။
ထို့အတူ အုတ်နှင့်တည်ဆောက်ထားသော အဆောက်အဦးချင်း တူပေမယ့် မည်သူကမှ အိမ်သာကို ဦးချကန်တော့မှာ မဟုတ်ပါ။
လူ့သမိုင်းမှာ ပေးဆပ်သူတို့အတွက်သာ စာမျက်နှာလွတ် ရှိပါ သည်။