ဆိုင်ကယ်ဂိတ် ဖဲဝိုင်းများ ဖမ်းမည်

0
538

ကော့သောင်းမြို့ပေါ် ရပ်ကွက်များ ရှိ ဆိုင်ကယ် အငှားယာဉ်ဂိတ်များတွင် ငွေကြေးဖြင့် ကစားသည့် ဖဲဝိုင်းများကို ဖမ်းဆီးမည်ဖြစ်ကြောင်း ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။


ရွှေပြည်သာရပ်ကွက် ဘုန်းကြီး ကျောင်းရှေ့ရှိ ဆိုင်ကယ် အငှားယာဉ်ဂိတ် တွင် ငွေကြေးဖြင့် ဖဲကစားနေသည့် အတွက် အောက်တိုဘာလ ၄ ရက်နေ့က မြို့နယ် ရဲတပ်ဖွဲ့နှင့် ပူး ပေါင်းအဖွဲ့တို့မှ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မြို့မ ရဲစခန်းထံမှ သိရသည်။
” ဆိုင်ကယ် ကယ်ရီ(အငှားယာဉ်) ဂိတ်တွေမှာ ဖဲဝိုင်းမထောင်ဖို့ မဖမ်းခင် အတန်တန် သတိပေးထားပြီးသားပါ၊ ဒါကို ဂရုမစိုက်ဘဲ ဆက်လုပ်နေတော့ ဝင်ဖမ်းရတယ်” ဟု ဖဲဝိုင်း ဖမ်းစဉ်က ပါဝင်ခဲ့သည့် ရဲအုပ်တစ်ဦးက ဆိုသည်။
ဆိုင်ကယ်ဂိတ်အပြင် အခြား မည် သည့်နေရာတွင်မဆို လောင်းကစား ပြုလုပ် သည်ကို တွေ့ပါက ဖမ်းဆီးမည်ဟု ၎င်းက ပြောသည်။
အများပြည်သူ သွားလာနေသည့် လမ်းမပေါ်တွင် ဖဲထိုင်ရိုက်နေပါက မည် သူမှ ငှားစီမည် မဟုတ်သည့်အပြင် အ လောင်းကစားကြောင့်လည်း တခြား မလိုလားအပ်သည့် မှုခင်းများ ကြုံတွေ့ လာနိုင်ကြောင်း ရွှေပြည်သာ ရပ်ကွက် ဆိုင်ကယ် အငှားယာဉ်ဂိတ် အနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက မှတ် ချက်ပြုသည်။
လက်ရှိတွင် ဖဲဝိုင်းတွင် ဖမ်းမိသည့် အမျိုးသား ၄ ဦး ကို လောင်းကစား ပုဒ်မ ၁၂(က)အရ အရေးယူထားသည်ဟု ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။