မီးရှူး၊ မီးပန်း သိုလှောင်ဖြန့်ဖြူးခြင်း မပြုရန်အမိန့်ထုတ်ပြန်

0
425

မီးရှူး မီးပန်းများ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်း မပြုရန် သီတင်းကျွတ်ကာလမတိုင်မီ ရက်သတ္တပတ် နှစ်ပတ်ကျော်အလိုတွင် ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။


ထို့အပြင် ခရီးသွားယာဉ်၊ ဆိုင် ကယ်နှင့် လူအများကြားသို့ ပစ်ဖောက် ခြင်းမပြုရန်နှင့် ဖောက်ဖျက်ကျူးလွန် ပါက တည်ဆဲဥပဒေအရ အရေးယူခံရ မည်ဖြစ်ကြောင်း ယင်းအမိန့်ကြေညာစာ တွင်ဖော်ပြပါရှိသည်။” ပုဒ်မ ၁၈၈ က ရှိပြီးသားပါ။ ပြည်သူတွေကို မသိလို့ဆိုပြီး မကျူးလွန် စေချင်လို့ အများပြည်သူသိအောင် ထုတ်ပြန်ပေးတာပါ” ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးလင်းသန့်က ပြော သည်။
” မနှစ်သီတင်းကျွတ်ပွဲတုန်းက ကလေးတွေကို ဘုရားလိုက်ပို့ပြီးအပြန်ပေါက်ကွဲအားပြင်းတဲ့မီးပန်းကို ဆရာတို့ စီးနင်းလာတဲ့သုံးဘီး ဆိုင်ကယ်ပေါ် ပစ် တင် လိုက်လို့နားစည်ထိသွားပြီး အခုထိ ဆေးခန်းပြနေရတုန်းပါ။ ဒီလိုမျိုး စည်း ကမ်းမဲ့ပစ်ဖောက်မှုတွေကို ထိထိရောက် ရောက် တားဆီးအရေးယူသင့်တယ်” ဟု ထားဝယ်မြို့ မြောက်ရွာရပ်ကွက်မှ အငြိမ်း စား ကျောင်းဆရာတစ်ဦးက ဆိုသည်။
ပုဒ်မ ၁၈၈အား ကျူးလွန်ချက် ဖောက်ဖျက်ပါက အလုပ်မဲ့ထောင်ဒဏ် တစ်လဖြစ်စေ၊ ငွေဒဏ်ကျပ် ၂၀၀ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ပြီး ယင်းထုတ်ပြန်ထားသည့် ဥပဒေကို ချိုးဖောက်မှုသည် လူတစ်ဦး တစ်ယောက်၏ အသက်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ၊ လုံခြုံရေးကိုဖြစ် စေထိခိုက်စေပါက အလုပ်မဲ့ထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်ငွေကျပ် ၁၀၀၀ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေချမှတ်နိုင်သည်။