ပုလောတွင် အင်န်အယ်လ်ဒီ ပါတီ အမှတ်တံဆိပ်ပါ စတစ်ကာ နှင့် ခေါင်းစည်းကိုင်ဆောင်သည့် ကျောင်းသား/သူ တချို့ ဟန့်တားခြိမ်းခြောက် ရိုက်နှက်ခံရ

0
432

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက ၂၀၁၅ ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် အင်န် အယ်လ်ဒီပါတီမှ ဖြန့်ဝေထားသည့် စတစ်ကာနှင့် ခေါင်းစည်းကြိုးများ အသုံး ပြုသူနှင့် ကျောင်းခန်းအတွင်း ယူဆောင် လာသူ ကျောင်းသူကျောင်းသား တချို့ ခြိမ်းခြောက်ဟန့်တား ရိုက်နှက်ခံရ ကြောင်း ပုလောမြို့ခံများထံမှ သိရသည်။


ပြီးခဲ့သည့် ရက်ပိုင်းကစတင်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပုလောမြို့နယ် အန်အယ်လ်ဒီပါတီမှ မဲဆွယ် စည်းရေးအတွက် မြို့ပေါ်နှင့် ရပ်ကျေးရွာများအထိဆင်းပြီး အန်အယ်လ်ဒီ ပါတီ၏ အမှတ်တံဆိပ်ပါ စတစ်ကာနှင့် ခေါင်းစည်းကြိုးများကို ဖြန့်ဝေပေးခဲ့သည်။
အောက်တိုဘာလ ၆ ရက်နေ့က ကျောက္ကာကျေးရွာတွင် အသက် ၇ နှစ် အရွယ် ကျောင်းသားတစ်ဦးသည်၊ အန်အယ်လ်ဒီပါတီ အမှတ်တံဆိပ်ပါ ခေါင်းစည်းကြိုးကို လက်ထဲတွင် ကိုင် ဆောင်ပြီး ဆရာမတစ်ဦး၏ နေအိမ် အရှေ့တွင် သွားထိုင်နေစဉ် အထက်ပါ ဆရာမက ရိုက်နှက်လွှတ်လိုက်ကြောင်း ပုလောမြို့ခံများနှင့် ကျောက္ကာကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

nld_flag
” ဆရာမက ဒီပါတီတံဆိပ်ကို အမြင် ကပ်လို့ ထင်ပါတယ်၊ ဘာမှ နားမလည်တဲ့ ကလေးကို ပါတီတံဆိပ်နဲ့ သူအိမ်ရှေ့မှာ လာဆော့ကစားလို့ ရိုက်နှက် လွှတ်လိုက် တာ ဖြစ်ပါတယ်၊ မိဘတွေကလည်း မကျေ နပ်လို့ ကျောင်းချိန်အတွင်းမှာ သွားတိုင် ထားပါတယ်၊ ဒီကိစ္စကိုလည်း ကျွန်မ လည်း ဖြေရှင်းပေးနေပါတယ်” ဟု ကျောက္ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ဝါဝါနိုင်က ဆိုသည်။
အလားတူ ပုလောမြို့နယ်၊ ပလ အထက်တန်းကျောင်းတွင်လည်း အန်အယ်လ်ဒီပါတီတံဆိပ်ပါ စတေကာ များကို ကျောင်းသူ/သားတစ်ချို့ လွယ် အိတ်များ၊ ဖတ်စာအုပ်နှင့် ဗလာစာအုပ် များတွင် ကပ်လာသောကြောင့် ပလ အထက်တန်းကျောင်းမှ ကျောင်း ဆရာမ တစ်ဦးက ယင်းတံဆိပ်များကို ကျောင်းခန်း အတွင်း ယူမလာရ ကပ် မလာရဟုဆိုကာ ခြိမ်းခြောက်ဟန့်တားခဲ့ကြောင်း ပလဒေသခံ ကျောင်းသား မိဘများထံမှ သိရသည်။
” ဆရာမက ဒီတံဆိပ်တွေ ကျောင်း ခန်းထဲကို ယူမလာရဘူး၊ ဘယ်စာအုပ် မှာမှ မကပ်ရဘူး ပြောတယ်၊ နောက်ထပ် ကပ်လာရင် ကျောင်းကနေပြီး ထုတ်ပစ် မယ်လို့ ပြောတယ်” ဟု ပလမှ ၁၁ နှစ် အရွယ် ၅ တန်း ကျောင်းသူတစ်ဦးက ပြောသည်။
အဆိုပါကိစ္စ ပုလောမြို့နယ် ပညာ ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်ခဲ့ရာ ယင်းကိစ္စနဲ့ ပတ်သက်ပြီးလက်ရှိ အချိန် အထိ ရုံးသို့ တိုင်ကြားလာခြင်း မရှိသေး ကြောင်း၊ ပြဿနာဖြစ်ခဲ့သည့် ဒေသများ ကို ဆက်သွယ်မေးမြန်း စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။