မြိတ်မြို့ရဲ့ မူလနာမည်ဟာ မ္လိတ်လား ၊ မာရိတ်လား …

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြိတ်မြို့ဟာ မြန်မာနိုင်ငံရဲ့မြို့ အဝင်လှပဆုံး မြို့တွေထဲမှာ ပါဝင်တဲ့ မြို့တစ်မြို့ ဖြစ်တယ်လို့ ဆိုစမှတ်ပြု ရလောက်အောင် သဘာဝရှုခင်း အလှ တွေ ဝန်းရံနေတဲ့ မြို့တစ်မြို့ ဖြစ်ပါ တယ်။ မြိတ်မြို့ကို ပင်လယ်ပြင်ထဲကပဲ ကြည့်ကြည့်၊ မြိတ်မြို့ပေါ်ကပဲ ပင်လယ် ပြင်ကြီးကို လှမ်းပြီးတော့ ကြည့်ကြည့် မြင်တွေ့ခံစားရတဲ့ သဘာဝ ရှုမျှော်ခင်း တွေကတော့ ရင်သပ်ရှုမောရလောက် အောင်ကို ဖြစ်ရတာပါ။

ဒါကြောင့် လည်း မြိတ်မြို့ကို အကြောင်းကြောင်းကြောင့် ရောက်လာကြတဲ့ တခြားနယ် သားတွေက မြိတ်မြို့ရဲ့ ဂုဏ်သတင်း တွေကို ပြောမ ဆုံးအောင် ဖြစ်နေတတ်ပါတယ်။ နောက် ပြီး မြိတ်မြို့ကို အနီးနားက မြို့တွေထက် အဝေးကလူတွေ ပိုသိကြသလို ပိုပြီး စိတ်ဝင်စားကြတာကလည်း မြိတ်မြို့ရဲ့ ထူးခြားချက် တစ်ခုလို့ ဆိုရမှာပါပဲ။

မြိတ်မြို့ကို အနီးအနားက မြို့တွေ ထက် လူတွေ စိတ်ဝင်စားမှု ပိုကြတာဟာ မြိတ်(ဘိတ်)ဆိုတဲ့ နာမည် ခပ်ဆန်းဆန်း လေးကြောင့်လည်း ဖြစ်မယ်လို့ ထင်ရပါ တယ်။ ဒီနာမည်မျိုးကလည်း မြန်မာ နိုင်ငံအတွင်းက တခြားမြို့များရဲ့ နာမည် နဲ့မတူဘဲ တစ်မျိုးလေး ထူးခြားလို့နေ တာကို သတိပြုမိကြမှာပါ။
အမြိတ်ဆိုတာ မြန်မာအဓိပ္ပာယ်အရ အစွန်အဖျားဆိုပြီး အဓိပ္ပာယ်ရတော့ မြိတ်မြို့ကို မြန်မာပြည်တောင်ဘက် အစွန်အဖျားမှာ တည်းနေတဲ့ မြို့တစ်မြို့ အဖြစ် အဓိပ္ပာယ်ယူရင်လည်း ရနိုင်မယ် လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း မြိတ် ဆိုတဲ့ နာမည်ရဲ့ သမိုင်းဇာစ်မြစ်ကို လေ့လာကြည့်တော့ မြို့နာမည် ပြောင်း လဲခေါ်ဆိုပုံတွေနဲ့ အနက်အဓိပ္ပာယ် ယူဆချက် အမျိုးမျိုးကို စိတ်ဝင်စားဖွယ် တွေ့ရတော့တာပါ။myeik_city

ယိုးဒယားတို့ရဲ့ မာရိတ်
ပုဂံခေတ် အစောပိုင်းကတည်းက မြန်မာနိုင်ငံရဲ့ ဧရိယာအတွင်းမှာ ပါဝင် ပြီးသားဖြစ်နေတဲ့ တနင်္သာရီဒေသဟာ ခေတ်အဆက်ဆက် ဗဟိုအစိုးရနဲ့ လှမ်း ဝေးတဲ့နေရာမှာ တည်ရှိနေတာမို့ ပြည် တွင်းရေး မငြိမ်မသက်ဖြစ်နေတဲ့အချိန် များ၊ အချင်းချင်း အားပြိုင်ပြီး သူတစ်လူ ငါတစ်မင်း ဖြစ်နေတဲ့အခါ များမှာ အိမ်နီးချင်း တဖက်နိုင်ငံရဲ့ ဝင်ရောက် ချုပ်ကိုင်မှုများကို မကြာခဏဆိုသလို ခံရလေ့ရှိပါတယ်။ အဲဒီလို ယိုးဒယားတို့ ဝင်ရောက်အုပ်စိုးနေခဲ့တာ ခဏတာအချိန် တွေရှိခဲ့သလိုမျိုး မြို့ပြတွေ တည်ထောင် ပြီး အတည်တကျ နေထိုင်ကြတဲ့အထိ အချိန်ကာလ ကြာမြင့်စွာ အုပ်စိုးခဲ့တာမျိုး လည်း ရှိပါတယ်။ အခုလက်ရှိ မြိတ်မြို့ ကိုလည်း ယိုးဒယားတို့က အေဒီ ၁၅၃၃ ခုနှစ်ခန့်မှာ ဆိပ်ကမ်းမြို့အဖြစ် တည်ခဲ့ ပြီး အနီးအနား ဒေသတစ်ခုလုံးကို အုပ်စိုး ချုပ်ကိုင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ပင်လယ်ဝကနေ တနင်္သာရီမြို့ကို ဆက်သွယ်သွားလာတဲ့ မြစ်ကြောင်းတစ် လျှောက် သောင်ထွန်းမှုတွေ ဖြစ်ပေါ် လာပြီး ကုန်သင်္ဘောများ သွားလာရ ခက်ခဲလာတော့ အဲဒီအချိန်က အုပ်စိုး နေခဲ့တဲ့ ယိုးဒယားတွေဟာ အခုလက်ရှိ မြိတ်မြို့နေရာမှာ သင်္ဘောဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့အဖြစ် မြို့သစ်တစ်မြို့ကို ပြောင်းရွှေ့တည်ထားခဲ့တယ်လို့ ဆိုပါ တယ်။ တကယ်တော့ ယိုးဒယားတို့ မရောက်ခင်ကတည်းက မြိတ်မြို့ ဖြစ် လာမယ့်နေရာမှာ ဒေသခံများနဲ့ ကူးသန်း ရောင်းဝယ်ကြသူများ အခြေချ နေထိုင်မှုများ ရှိနေပြီးသား ဖြစ်ပုံရပါတယ်။ အဲဒီဒေသ က လူတွေဟာ ကုန်းတွင်းပိုင်း သွားလာမှု များနဲ့ ကုန်ကူးသန်းကြတဲ့အခါများမှာ မြင်းတွေကို အဓိက အသုံးပြုပြီး သွား လာခဲ့ပုံရတယ်လို့ တချို့သုတေသီတို့က ယူဆကြပါတယ်။ ဒါကြောင့်မို့ ယိုးဒယား တို့ဟာ မြင်းတွေ ပေါတဲ့ဒေသ၊ မြင်းချည် တောင် ( ခယ်တောင်) ရှိတဲ့နေရာမှာ သူတို့ အသစ်တည်ထောင် လိုက်တဲ့မြို့ကို ]]မာရိတ်}} (မြင်းချည်တိုင်) ဆိုတဲ့ နာမည် တွင်စေခဲ့တယ်လို ဆိုပါတယ်။

သက္ကရာဇ် ၁၁၂၁ ခုနှစ်မှာတော့ တတိယ မြန်မာနိုင်ငံကို စုစည်းတည် ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးဟာ မာရိတ်မြို့ အပါအဝင် တနင်္သာရီ ဒေသ ကြီးတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူခဲ့ပါ တယ်။ ယိုးဒယားတို့ တည်သွားခဲ့တဲ့ မာရိတ်မြို့ကို မြန်မာတို့ပြန်လည် တိုက် ခိုက်အရယူခဲ့ပြီး နောက်ပိုင်း ကုန်းဘောင် ခေတ် မင်းအဆက်ဆက်မှာ မြန်မာမြို့စား တွေကို ခန့်ထားပြီး အုပ်ချုပ်ခဲ့တာပါ။ မြိတ်မြို့ဝန် ဥဒိန်ကျော် လက်ထက် သက္ကရာဇ် ၁၁၂၄ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၇ ရက်နေ့မှာတော့ ယိုးဒယားတို့ အမည်ပေးခဲ့တဲ့ မာရိတ်ဆို တဲ့ မြို့နာမည်ကို ဖျက်သိမ်းပြီး မြိတ်မြို့ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့ ယိုးဒယားတို့ စတည်ခဲ့တဲ့ မာရိတ် မြို့ကနေ အခုချိန် ထိ ခေါ်ဆိုနေကြတဲ့ မြိတ်မြို့အဖြစ် ပြောင်းလဲလာပုံ သမိုင်းကြောင်းနဲ့ တချို့ သုတေသီတို့ရဲ့ ယူဆချက်တွေပါ။

ဆလုံ တိုင်းရင်းသားတို့ရဲ့ မ္လိတ်
တနင်္သာရီကမ်းရိုးတန်းဒေသ အတွင်းက မြိတ်ကျွန်းများမှာ နေထိုင်ကြ တဲ့ ဆလုံတိုင်းရင်းသားများက မြိတ်မြို့ ကို မ္လိတ်ဆိုပြီး ခေါ်ဆိုကြောင်း သိရပါ တယ်။ အဲဒီ မ္လိတ်ဆိုတဲ့ နာမည်ကလည်း တနင်္သာရီတိုင်းအတွင်း ဒေသခံတွေက လွဲလို့ တခြားနယ်သားတွေ အနေနဲ့ အသံထွက်ခေါ်ဆိုဖို့ ခက်ခဲမှာပါ။ ဆလုံတိုင်းရင်းသားများ ခေါ်နေတဲ့ မ္လိတ် ရဲ့ အဓိပ္ပာယ်ဟာ မြို့လို့သာ အနက်ရပြီး တခြား ထွေထွေထူးထူး အဓိပ္ပာယ် မထွက်ဘူးလို့လည်း ဆိုပါတယ်။ မြိတ် ဆိုတဲ့ စကားလုံးရဲ့ သမိုင်းနောက် ကြောင်းကို လေ့လာကြည့်ရမှာ ယိုးဒယား တွေ နာမည်ပေးခဲ့တယ်ဆိုတဲ့ မာရိတ်နဲ့ ဆလုံတိုင်းရင်းသားတွေ ခေါ်နေတဲ့ မ္လိတ် ဆိုတဲ့ နာမည်နှစ်မျိုးကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနာမည်နှစ်ခုမှာ ဘယ်နာမည် က ပိုပြီးရှေးကျသလဲ ဆိုတာနဲ့ ဘယ် ဟာက ပိုပြီး ယုတ္တိတန်တယ်ဆိုတဲ့ အချက် တွေကို ဆန်းစစ်သင့်ပါတယ်။

တနင်္သာရီဒေသကို ယိုးဒယားတို့ ရောက်လာခဲ့တာဟာ အေဒီ ၁၄ရာစု ထက် လုံးဝ မစောနိုင်ဘူးလို့ သုတေသီ များက ယူဆကြပါတယ်။ ဘာကြောင့် လဲဆိုတော့ ယိုးဒယားတွေဟာ တောင်ပိုင်း ကို အလုံးအရင်းနဲ့ ရောက်လာကြပြီး အင်အားတောင့်တင်းတဲ့ ပထမဆုံး မင်းနေပြည်တော် အယုဒ္ဓယ မြို့ကို အေဒီ ၁၃၅၁ ခုနှစ်မှာမှ တည် ဆောက်နိုင်ခဲ့ တာဆိုတော့ အဲဒီအချိန် ထက်စောပြီး ဘယ်နည်းနဲ့မှ မြန်မာ နယ်မြေဘက်ကို ရောက်မလာနိုင်ဘူးလို့ ယူဆရလို့ပါပဲ။ ဒီတော့လည်း ယိုးဒယားတို့ မြန်မာ နယ်ထဲကိုရောက်လာပြီး သူတို့ဘာသာ စကားနဲ့ မှည့်ခေါ်သွားခဲ့တဲ့ မာရိတ်ဆိုတဲ့ နာမည်ကလည်း အေဒီ ၁၄ ရာစုထက် စောနိုင်စရာအကြောင်း မရှိဘူးလို့ ကောက်ချက်ချကြပါတယ်။

မြိတ်ကျွန်းစု ဒေသတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဆလုံတိုင်းရင်းသားတို့ရဲ့ မူလ အမျိုးအနွယ်တွေဟာ အရှေ့တောင် အာရှတစ်ခုလုံးရဲ့ ဒုတိယ ရှေးကျဆုံး အမျိုးနွယ်တွေဖြစ်ကြတယ်လို့ သိရပါ တယ်။ ဆလုံတိုင်းရင်းသားတို့ရဲ့ ဘာသာစကားမှာလည်း ဩစတြစ် အနွယ် ဝင် ရေပိုင်းနေသူတို့ရဲ့ ဘာသာ စကားများ ပါဝင်နေပြီး တော်တော်ကို ရှေးကျတယ် လို့ ဆိုပါတယ်။ အဲဒီတော့ သမိုင်းမတိုင်မီ အချိန်တွေကတည်းက တနင်္သာရီကမ်း ရိုးတန်းဒေသမှာ နေထိုင် ပြီးသားဖြစ်နေ ပြီး သူတို့မှည့်ခေါ်ခဲ့တဲ့ မ္လိတ်ဆိုတဲ့ နာမည်ဟာ တော်တော်ကို စောတယ်လို့ ဆိုရမှာပါ။ တစ်နည်းအားဖြင့် ယိုးဒယား တွေ နာမည်ပေးခဲ့တဲ့ မာရိတ်ထက် အများကြီးစောပြီး မ္လိတ်ဆိုတဲ့နာမည်ဟာ မူလကတည်းက ရှိနေခဲ့တယ်လို့ မှတ်ယူ ရမှာဖြစ်ပါတယ်။

တကယ်တော့ ယိုးဒယားတွေဟာ သူတို့တည်ခဲ့တဲ့ မြို့သစ်ကို မာရိတ်ဆိုတဲ့ နာမည်ပေးခဲ့တာလည်း အမှန်ပဲဖြစ်မှာပါ။ ဒါပေမယ့်လည်း သူတို့ မရောက်လာ ခင်ကတည်းက နာမည်တွင် နေပြီးသား ဖြစ်တဲ့ မ္လိတ်ဆိုတဲ့အခေါ်ကို ယိုးဒယား ဘာသာစကားနဲ့ အနီးစပ်ဆုံး အသံ ဖလှယ်လို့ မာရိတ်ဆိုပြီး နာမည် ပေးခဲ့ တာသာ ဖြစ်မယ်လို့ ယူဆချင်ပါ တယ်။ ဥပမာအားဖြင့် ထားဝယ်သူ ထားဝယ် သားတွေက သူတို့ သွားရောက် ရွှေ့ပြောင်း နေထိုင်ပြီး အလုပ်လုပ်ခဲ့ကြတဲ့ ယိုးဒယား နိုင်ငံထဲက ကန်ချနဘူရီ ( Kanchana Buri) ) နယ်ကို “ကန်ဘော်လီ” ဆိုပြီး အဆင်ပြေသလို ခေါ်ဆိုကြသလိုမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ ယိုးဒယားများ ရောက်လာတဲ့အချိန်မှာ မြင်းချည်တိုင်တွေ နေရာတိုင်းမှာရှိနေတာမို့ မြင်းချည် တိုင်လို့ အဓိပ္ပာယ်ရတဲ့ မာရိတ် ဆိုပြီး နာမည်မှတ်ခဲ့တယ်ဆိုတဲ့ အယူအဆက ယုတ္တိမတန်ဘူးလို့ ဆိုရမှာပါ။

ယိုးဒယားတို့ရဲ့ မာရိတ်မြို့ကို မြန် မာတွေ ပြန်ရပြီး နောက်ပိုင်း မြိတ်မြို့ ဆိုပြီး နာမည်ပြောင်းလဲ သတ်မှတ် ရာမှာလည်း မာရိတ် ဆိုတဲ့အသံထွက်ကို မှီးယူတာ မဖြစ်နိုင်ပါဘူး။ မူလက ဆလုံတိုင်းရင်းသားတွေ ခေါ်နေတဲ့ မ္လိတ် ကနေ တိုက်ရိုက်ပြောင်းလဲ ယူတာပဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆို တော့ ထားဝယ်စကား၊ မြိတ်စကားတို့ မှာပါဝင်နေတဲ့ လဆွဲသံပါ ရှေးမြန်မာ စကားလုံးများ ပြောင်းလဲပုံနဲ့ တူနေလို့ပဲ ဖြစ်ပါတယ်။ လဆွဲသံပါတဲ့ ရှေးမြန်မာ စကားကနေ ခေတ်မြန်မာစကားအဖြစ် ပြောင်းလဲမှုဖြစ်စဉ်မှာ အောက်က လဆွဲဟာ (ြ ) အဖြစ် ပြောင်းလဲသွားတဲ့ သာဓကတွေ ထင်ထင်ရှားရှား ရှိပါ တယ်။ ဒါကြောင့် မ္လိတ်ဆိုတဲ့ စကား လုံးမှာ တွေ့ရတဲ့ အောက်က လဆွဲဟာ (ြ ) အဖြစ်သို့ ပြောင်းသွားပြီး မ္လိတ် ကနေ မြိတ်ဖြစ်လာတယ်လို့ တချို့ သုတေသီတို့ ယူဆကြတာပါ။ ဒီအချက် က သဘာဝပိုကျပြီး လက်ခံချင်စရာ လည်း ပိုကောင်းပါတယ်။

အချုပ်ဆိုရရင် ယိုးဒယားတို့ဟာ ခုလက်ရှိ မြိတ်မြို့နေရာမှာ မြို့သစ် တည်ခဲ့တယ်။ မြို့နာမည်ကိုလည်း အဲဒီ အချိန်က ဒေသခံတွေခေါ်နေတဲ့ မ္လိတ် ဆိုတဲ့ နာမည်ကိုပဲ အခြေခံလို့ ယိုးဒ ယား အသံထွက်နဲ့ မာရိတ်ဆိုပြီး အမည် ပေးခဲ့တယ်။ ကုန်းဘောင်ခေတ် မြန်မာ မင်းများ ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်မှာ အဲဒီမြို့ကို မြိတ်မြို့ဆိုပြီး နာမည် ပြောင်းလဲ သတ်မှတ်ခဲ့တယ်။ နာမည် ပြောင်းလဲ သတ်မှတ်ရာမှာလည်း ယိုးဒယားတို့ရဲ့ မာရိတ်ကို အခြေခံပြီး ပြောင်းလဲတာ မဟုတ်ဘဲမူလ တိုင်းရင်း သား တွေခေါ်ဆိုခဲ့တဲ့ မ္လိတ်ဆိုတဲ့ မူရင်း နာမည်ကိုသာ အခြေခံလို့ မြိတ်မြို့အဖြစ် ပြောင်းလဲလာတာဖြစ်ကြောင်း သုတေသီ များရဲ့ ယူဆချက်များကို အခြေခံပြီး တင်ပြလိုက်ရပါတယ် ခင်ဗျား ။

အကိုးအကား ။ ။ ဓာတ်ပုံက ပြောသော မြိတ်သမိုင်း မှတ်တိုင်များ (မောင်ပြေချမ်း – မြိတ်)
မြိတ်မြို့နယ်အသင်း နှစ်တစ်ရာ ပြည့် အထိမ်းအမှတ် မဂ္ဂဇင်း
စစ်ရေး နိုင်ငံရေး လူမှုရေးဆိုင်ရာ သမိုင်းစာတမ်းများ (ဗိုလ်မှူးဘရှင်)