ကမ်းနီးငါးဖမ်းပိုက်များ ဖျက်ဆီးခံရမှု နေပြည်တော်သိအောင် လုပ်မည်ဟုဆို

0
449

ကော့သောင်းမြို့နယ် ကမ်းနီး ရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ပင်လယ်ပြင်တွင် မကြာခဏ ဖျက်ဆီး ခံနေရမူ နေပြည်တော်ရှိ ငါးလုပ်ငန်း ဦးစီးဌာနရုံးချုပ် သိရှိအောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ကမ်းနီးကမ်းဝေး ငါးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။


မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်တွင် ထိုင်းငါးဖမ်း သင်္ဘောများ မကြာခဏ ငါးခိုးဖမ်းနေပြီး ကမ်းနီး ငါးဖမ်းလှေ များချထားသည့် ငါးဖမ်းပိုက်များ ဖျက်ဆီး ခံနေရမူကို ပင်လယ်ပြင် စိုးမိုးရေးတပ် အပါအဝင် ကော့သောင်းခရိုင် အုပ်ချုပ် ရေး တာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနတို့ထံ အလုံးစုံ တင်ပြထားပြီး ခရိုင်အဆင့်နှင့် မပြီးပြတ်ပါက  ပြည်ထောင်စု အစိုးရနှင့် ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြ သွားမည်ဖြစ်ကြောင်း ဦးမင်းလွင် က ဆိုသည်။
မြန်မာနိုင်ငံ တောင်ပိုင်းရှိ ခရ စ္စတီး ကျွန်း၊ စောင်းကောက်ကျွန်း၊ ငှက်သိုက် ကျွန်း၊ ဇာဒက်ကြီးကျွန်း အနီးတစ်ဝိုက် တွင် ပိုက်ချ ငါးဖမ်းနေသည့် ကမ်းနီး ငါးဖမ်းလှေ ၂၀ ကျော် ၏ ငါးဖမ်းပိုက် အဖုံ ၃၀၀ ကို ထိုင်းနိုင်ငံမှ တရားမဝင် ငါးဖမ်းလှေ ဆယ်စီးက  ဝင်ရောက် ဖျက်ဆီးခံသည် ဟုဆိုကာ  ကမ်းနီးငါး လုပ်ငန်းရှင်များအသင်းထံ လာရောက် တိုင် ကြားခဲ့သည်။
” အခုဆို ပိုက်ပြန်ဝယ်ပြီး လုပ်ဖို့ အရမ်းကို အခက်တွေ့ ရပါတယ်။ အရင် အကြွေးဟောင်းတောင် မကြေ သေးဘူး။ အခု အကြွေးသစ်က ထပ် တင်ပြန်ပြီ” ဟု ဖျက်ဆီးခံရသော ပလာတူးငါးပိုက် ပိုင်ရှင် ဒေါ်သန်းက ဆိုသည်။
အဆိုပါနေ့တွင်ပင် ရေလုပ်သား များသည် ငါးမဖမ်းရတော့ဘဲ ကမ်းသို့ ပြန်လည် ဝင်ရောက်လာရကြောင်းဟု ရေလုပ်သားများက ဆိုသည်။
” ပင်လယ်ပြင်စိုးမိုးရေး တပ်တွေကို အကြောင်းကြားထားပြီး နယ်မြေ လုံခြုံ ရေး တိုးမြင့်ပေးဖို့လည်း တင်ပြ တောင်း ဆိုထားတယ်” ဟု ဦးမင်းလွင်က ထပ် လောင်းပြောဆိုသည်။
ထိုင်းဘက်မှ မတရားမှုများကို မြန်မာ အစိုးရက နှစ်နိုင်ငံ ညှိနိုင်းကာ ပြဿနာ ပြေလည်အောင် ဖြေရှင်းပေးရန် လိုကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီကန်းရိုးတန်းရှိ ငါးနီး ငါးဖမ်းလှေတို့၏ ပိုက်များ မကြာခဏ ဖျက်ဆီးခံရသော်လည်း မြန်မာအစိုးရနှင့် တပ်မတော်က ထိရောက်စွာ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပေ။