တိုက်သစ် ဆရာတော် ပျံလွန်

0
589

ထားဝယ်မြို့ရှိ ဃောသိတာ ရာမပါဠိတက္ကသိုလ် ကျောင်းတိုက် (တိုက်သစ်) ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏဘိဝံသမှာ အောက်တို ဘာလ ၂ရက်နေက ပျံလွန်တော်မူ ခဲ့ ကြောင်း ယင်းကျောင်းတိုက်ထံမှ သိရ သည်။


နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် တစ်ပါးဖြစ်သော ဆရာတော်သည် ၁၉၉၆ ခုနှစ် (သက္ကရာဇ် ၁၃၅၈ ခုနှစ်)တွင် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ခွဲ(၃)တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အဘိဓဇ မဟာရဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ် ခံခဲ့ရသည်။
ပျံလွန်ချိန်တွင် သက်တော် ၉၄ နှစ် ရှိပြီဖြစ်သော ဆရာတော်၏ ဈာပနကို အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဘုန်းကြီး ပျံကုန်းတွင် ကျင်းပမည်ဖြစ်သည်။