ရေထွက်ပစ္စည်းတင်ပို့မှု ယခင် နှစ်ထက် ဒေါ်လာတစ်သန်းကျော် ပိုရ

0
509

မြိတ်မြို့နယ် (FOB) စစ်ဆေးရေး စခန်းမှ ရေထွက် ပစ္စည်းများ တင်ပို့မှု ယခင်နှစ်ထက် ကုန်တန်ချိန် နည်းသော် လည်း ဒေါ်လာတစ်သန်းကျော် ပိုရရှိခဲ့ ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီး ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကုန်တန်ချိန်နည်းသော်လည်း ငါးဈေးနှုန်းနှင့် ငွေလဲနှုန်းတို့ကြောင့် ယခင်နှစ်ကထက် ပိုရခြင်းဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၅ ရက်အထိ ကုန်တန်ချိန် ၄၄၇၆၄.၁၃၃တန် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် စက်တင်လာလ ၂၅ ရက်အထိ ကုန်တန်ချိန် ၄၃၂၃၄.၆၉၅ တန်သာ တင်ပို့နိုင်သဖြင့် တန်အားဖြင့် ၁၅၂၉.၄၃၈ တန် လျော့နည်း ခဲ့ကြောင်း သိရသည်။
myeik_fish
ကုန်တန်ချိန်အားဖြင့် လျော့နည်း ခဲ့သော်လည်း ယခင်နှစ်က အမေရိ ကန် ဒေါ်လာ ၄၈.၁၇၂ သန်း ရရှိခဲ့ပြီး ယခုနှစ်စမှ စက်တင်ဘာ ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၄၉.၆၇၉ သန်း ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ဒေါ်လာ ၁.၅၀၇ သန်း ပိုမိုရရှိခဲ့သည် ဟု ငါး လုပ်ငန်းဦးစီးဋ္ဌာနမှ သိရသည်။
ယခုနှစ် ငါးသား ပေါက်ရာသီ ဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် လများ တွင် ကမ်းဝေး ငါးဖမ်းဆီးခွင့်ကို ၅၀ ရာခိုင်နှုန်း ပိတ်ထားခဲ့သဖြင့် စက်တင် ဘာလမှ စပြီး ငါးဖမ်းဆီးခွင့်ကို ပြန်လည်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

မြိတ် (FOB) စစ်ဆေးစခန်းမှ ယခု နှစ် ရေထွက်ပစ္စည်းတင်ပို့မှု လျာ ထား ချက်မှာ အမေရိကန်ဒေါ်လာ ၉၅ သန်းဖြစ် ပြီး စက်တင်ဘာလ ၂၅ ရက် အထိ ရာခိုင်နှုန်းအားဖြင့် ၅၂.၂၉ ရာခိုင်နှုန်း ဆောင်ရွက်ထားနိုင်ပြီ ဖြစ်ကြောင်း မြိတ်မြို့ နယ် ငါးလုပ်ငန်း ဦးစီးဋ္ဌာနမှ သိရသည်။