ရပ်ထားသည့်ကားကို ဆိုင်ကယ် ဝင်တိုက်၊ တစ်ဦးသေ

0
481

ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးကားလမ်း မိုင်တိုင် (၂၂၆/၅) ဆယ်မိုင်ကျေးရွာအနီး လမ်းနဘေး ရပ်ထားသည့် ဆီအုန်းတင် ထရပ်ကား နောက်ပိုင်းကို ဆိုင်ကယ် ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့မူ စက် တင်ဘာလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့ ကြောင်းမြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆီအုန်း တင်လာသည့် ထရပ်ကား ဆယ်မိုင်ကျေးရွာအနီး အရောက်တွင် ရုတ်တရက်ချို့ယွင်းသဖြင့် လမ်းဘေးချ ကားပြုပြင်နေစဉ် ကော့သောင်း မြို့ ဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင် လာသည့် ဆိုင်ကယ်က အရှိန်မထိန်း နိုင်ဘဲ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မိုးရွာထားသဖြင့် လမ်းမှာ ချော နေခြင်းဖြစ်ပြီး အခင်းဖြစ်လျှင် ဖြစ် ချင်း ဒဏ်ရာရသူကို ဆေးရုံပို့သော် လည်း လမ်းခုလတ်တွင် ဆုံးပါးသွားခဲ့ ကြောင်း တပ်ဖွဲ့စု ရဲမှူးမောင်မျိုးက ဆိုသည်။