ရနောင်းခရိုင်အတွင်း ရွှေ့ပြောင်း အလုပ်သမားများ ဈေးမရောင်းရ

0
664

ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွေ့ ပြောင်း အလုပ်သမားများအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား များ ကိုယ်ပိုင် စီးပွားဖြစ် ဈေးမရောင်း ရဟု သတိပေးထားကြောင်း ရနောင်း ခရိုင်အတွင်းရှိ ရွှေ့ပြောင်း အလုပ်သမား များထံမှ သိရသည်။

ထိုင်းနိုင်ငံသားမဟုတ်သည့် ရွှေ့ပြောင်း အလုပ်သမားများ ကိုယ်ပိုင် စီးပွားရှာခြင်း၊ တစ်နိုင်တစ်ပိုင် ခေါင်း ရွက် ဗျတ်ထိုး ဈေးရောင်းခြင်း၊ လိုက် လံရောင်းချခြင်းတို့ကို ထိုင်းနိုင်ငံအတွင်း ခွင့်မပြုကြောင်း သတိပေးဆိုင်းဘုတ် များကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် စိုက်ထူခဲ့သည်ဟု သိရသည်။
တားမြစ်ချက်အား မလိုက်နာ ကြောင်း စစ်ဆေးတွေ့ရှိပါက ဘတ်ငွေ ၂၀၀၀ ထက်မပိုသည့် ငွေဒဏ် ပေးဆောင် ရမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ခွင့် လက်မှတ်မရှိပါက ထောင်ဒဏ် ၅ နှစ်ထက်မပိုသည့် ပြစ်ဒဏ်နှင့် ငွေဒဏ် ဘတ် ၂၀၀၀ မှ ဘတ်ငွေ ၁ သိန်းအထိ ပေးဆောင်ရမည်ဟု ကြေညာထားကြောင်း အထက်ပါ ရွှေ့ပြောင်းအလုပ်သမား များက ပြောသည်။

” သူတို့ အဓိကပြောချင်တာက မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား နိုင်ငံသားတွေကိုပဲ၊ အဲဒီသုံးနိုင်ငံက အလုပ်သမားတွေကို လုပ်ရ မယ့် အလုပ်၊ မလုပ်ရမယ့် အလုပ်ဆိုပြီး ဥပဒေ ပြဌာန်းထားတာတွေ ရှိတယ်”ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူ ဦးဟိန်းထက်က ဆိုသည်။ရနောင်းတွင် မြန်မာ အလုပ်သမား အနက် တချို့သည် ကိုယ်ပိုင်ဆိုင်ဖွင့် ဈေးရောင်းခြင်း၊ ဆိုင်ကယ်အငှား ယာဉ် မောင်းခြင်းများရှိပြီး ယင်းအပေါ် ထိုင်း နိုင်ငံသားများက တိုင်တန်းသည့်အခါ သတိပေး ဆိုင်းဘုတ်များဖြင့် သတိ ပေးလေ့ရှိကြောင်း ဦးဟိန်းထက်က ရှင်းပြ သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်အတွင်း မြန်မာ အလုပ်သမားများ ကိုယ်ပိုင် စီးပွားရေး မလုပ်ရဟု သတိပေးတားမြစ် ချက်များ ထုတ်ပြန်ကြေညာ ထားသော် လည်း ထိုင်းနိုင်ငံသား တစ်ချို့ ကော့ သောင်းမြို့ပေါ်တွင် အဝတ်ထည်၊ စောင်၊ အိမ်သုံး ပစ္စည်းများ မကြာခဏ လာ ရောက် ရောင်းချမူများ ပြုလုပ်သည့်အပြင် ချစ်ကြည်ရေး ခေါင်းစဉ်တပ် ဈေးပွဲတော် ကိုလည်း နှစ်စဉ် လာရောက်ပြုလုပ်လေ့ ရှိသည်။