ကန့်ကွက်ထားသူများ ဒုတိယအကြိမ် မဲစာရင်းတွင် ပြန်ပါနေ

0
450

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပ၀ ကျေးရွာအုပ်စု ပ၀ကျေးရွာတွင် ပထမ ကြိမ် မဲစာရင်းထုတ်ပြန်စဉ်က ကန့်ကွက် ထားသူများ ဒုတိယအကြိမ်တွင် ပြန်ပါ လာဆဲဖြစ်ကြောင်း ယင်းကျေးရွာမှ ဒေသခံ မဲဆန္ဒရှင်များထံမှ သိရသည်။

ပထမအကြိမ် မဲစာရင်းကို ဇွန်လ ၈ ရက်နေ့က စတင်ကြေညာခဲ့စဉ်က သေဆုံးပြီးသူများ၊ သာသနာ့ဘောင်သို့ ဝင်ရောက်နေသူများ၊ အခြား ဒေသများ တွင် ရွေ့ပြောင်းနေထိုင်သူများ စုစု ပေါင်း ၂၀၀ ဦးခန့်ကို ကန့်ကွက်လွှာတင်ခဲ့ သည်ဟု ပ၀ကျေးရွာသား အချို့က ပြော သည်။
” ကန့်ကွက်ထားတာတွေ ပြန်ပါ နေတာ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင် နှုန်း ရှိပါတယ်” ဟု ပ၀ကျေးရွာနေ ကန့်ကွက်လွှာ တင်သွင်းထားသူ တစ် ဦးက ပြောသည်။
မဲစာရင်းများတွင် လွဲမှားမှုများမှာ ကွန်ပျူတာဆော့ဝဲ စနစ်ကြောင့် ဖြစ်နေ ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေ သကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၃ ရက်နေ့တွင် မြိတ်မြို့သို့ လာရောက် စဉ်က ပြောဆိုခဲ့ဖူးသည်။