မွန်ပြည်နယ်တွင် မဲရုံ သုံးပုံတစ်ပုံကျော် လျှပ်စစ်မီး မရှိ

0
584

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်း ပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အတွင်း မဲရုံ ၉၁၉ ရုံရှိသည့်အနက် မဲရုံ ၃၃၄ ရုံအတွက် လျှပ်စစ်မီး မရှိကြောင်း မွန်ပြည်နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြား ရေးမှူး ဦးဟိဏ်းလင်းထက်က ပြော သည်။

လျှပ်စစ်မီး မရရှိသည့် အထက်ပါ မဲရုံများအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အစီအစဉ် နှင့် ဆိုလာဖြင့် လျှပ်စစ်မီး ရရှိအောင် စီစဉ်ထားသည် ဟုလည်း ၎င်းက ပြော သည်။” မော်လမြိုင်မြို့ကြီးမှာတောင်မှ မီးက ၂၄ နာရီလို့ သူတို့က ပြောတယ်။မီးပျက်တတ်တယ်ဗျ၊ နောက်တခုက တချို့ဒေသမှာ မီးကို အချိန်ပိုင်း ပဲရ တယ်” ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

ယင်းကြောင့် ရွေးကောက်ပွဲ ကျင်း ပသည့်နေ့တွင် မွန်ပြည်နယ်ရှိ မဲရုံ ၉၁၉ ရုံစလုံး မီးလင်းအောင် စီစဉ် ထားပြီး ရပ်^ကျေး ကော်မရှင်ရုံးများ အားလုံး လျှပ်စစ်မီး လုံလောက်စွာရရှိရန် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်း စီစဉ်ထားကြောင်း သူက ပြောသည်။

မဲရုံများသည် ပုံမှန်အားဖြင့် ညနေ ၄ နာရီတွင် ပိတ်သိမ်းပြီး ညနေ ၅ နာရီကျော်မှ မဲစတင်ရေတွက်ဖြစ်လေ့ရှိရာ မဲရုံများတွင် လျှပ်စစ်မီးရှိရန် လိုအပ် ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက် မဲရုံတွင် မဲရုံကိုယ်စားလှယ်အဖြစ် လုပ် ကိုင်ခဲ့သည့် ဦးကြည်ဇော်လွင်က ပြော သည်။
” မဲရေတွက်နေတဲ့ချိန်မှာ မီးပျက် သွားတယ်၊ မီးပျက်တော့ လတ်တလော ဓာတ်မီးနဲ့ လုပ်တယ်၊ ကြာတော့ မီးစက်လိုက်ငှားလိုက်ရတယ်၊ မဲရေတွက် တာက ည ၁၀ နာရီခွဲ လောက်မှ ပြီးတာ၊ ဒါ မော်လမြိုင်မြို့ ပေါ်မှာနော်” ဟု ၎င်းက ထိုစဉ်က အတွေ့အကြုံကို ရှင်းပြသည်။

မွန်ပြည်နယ်တွင် မဲရုံ ၉၁၉ ရုံရှိ ကာ ရပ် ^ ကျေးကော်မရှင်ရုံး ၄၆၇ ရုံ ရှိသည်ဟု ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည်။