ကျွဲဇပ် ယာဉ်တိုက်မှု လျော်ကြေးငွေ ရလိုမှုဖြင့် တရားစွဲ

0
544

သရက်ချောင်းမြို့နယ် ကျွဲဇပ် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက် မှုအတွက် အတိုက်ခံရသူမှ လျော်ကြေး ငွေကျပ် သိန်း ၁၅၀ ရလိုမှုဖြင့် ထားဝယ် ခရိုင်တရားရုံးတွင် တရားစွဲဆိုထား ကြောင်း သိရပါသည်။

ထားဝယ်ခရိုင် သရက် ချောင်းမြို့ နယ် ထားဝယ်-မြိတ် ကားလမ်း ကျွဲဇပ် ကျေးရွာတွင် ၂၀၁၄ ခုနစ် ဇူလိုင် လ ၂ ရက် က ထားဝယ်မှ ပုလောသို့ ပြေးဆွဲနေ သော မှန်လုံယာဉ်ဖြင့် လမ်းဖြတ်ကူးသူ အမျိုးသမီးအား ဝင်တိုက်ခဲ့ရာ အဆိုပါ ယာဉ်မောင်းအား သရက်ချောင်းမြို့နယ် တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၈ အရ အလုပ်နှင့် ထောင်ဒဏ် ၄လကျခံ စေရန် ၂၀၁၅ မတ်လ ၃ရက်က အမိန့် ချမှတ်လိုက်ကြောင်း တရားရုံး မှတ်တမ်း များအရ သိရသည်။

အတိုက်ခံရသည့် အမျိုးသမီးမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သဖြင့် ထားဝယ် ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရပြီး ယခုအချိန်တွင် ဦးနှောက်ပုံမှန် အခြေအနေမဟုတ် တော့သည့်အတွက် ဆေးဆက်လက် ကုသနိုင်ရန်နှင့် ၎င်း၏ ဘ၀ရပ်တည်ရေး အတွက် အခက်အခဲ ဖြစ်နေသည့်အတွက် လျော်ကြေးငွေ တောင်းခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားခဲ့ပါသည်။