ပယ်မဲနှင့် မဲလိမ်မှုမဖြစ်အောင် ဂရုစိုက်ရန် ပုလောမြို့လူထုကို ဦးတင်ဦး တိုက်တွန်း

0
450

ပယ်မဲနှင့်မဲလိမ်မှုမဖြစ်အောင် ဂရုစိုက်ကြရန် အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဦးက ပုလောမြို့ခံလူထုအား အောက်တိုဘာလ ၃ ရက်နေ့က တိုက်တွန်းခဲ့သည်။


အောက်တိုဘာလ ၃ ရက်နေ့က မြိတ်ခရိုင် ပုလောမြို့နယ်သို့ မဲဆွယ်စည်းရုံးရေး ရောက်ရှိစဉ်မြို့ခံလူထုအား ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ဦးတင်ဦး၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင်ပုလောမြို့ခံများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ပြီး လူထုသောင်းချီလာ ရောက်နားထောင်ခဲ့၍ ရွေးကောက်ပွဲအတွက် စိတ်ချကြောင်း ပြောခဲ့သည်ဟု သိရသည်။
” အခုလိုမျိုး မြို့ခံတွေအများကြီး လာရောက်ကြိုဆိုထောက်ခံမှုကြောင့် အရမ်းဝမ်းသာပါတယ်၊ ဒီမြို့နယ်ဟာ အင်န်အယ်လ် ဒီအင်အားကောင်းတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လုံးဝစိတ်ပူစရာမလိုတော့ပါဘူး၊ ပြည်သူတွေသတိရှိရှိနဲ့ကြိုးစား ပေးပါ၊ ပယ်မဲနှင့် မဲလိမ်တာတွေကိုတော့ မဖြစ်ရအောင် အထူးကြိုးစားပေးဖို့ လိုအပ်ပါတယ်” ဟု ဦးတင်ဦးက တိုက်တွန်း ပြောကြားသွားခဲ့သည်။ ဦးတင်ဦးသည် အောက်တိုဘာလ ၄ ရက်တွင် မြိတ်မြို့သို့သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။