မော်လမြိုင်ရှိ ပြည်သူ့ ဝန်ဆောင်မှုရုံး သိရှိသူနည်းပါး

0
500

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအောက်ထပ်တွင် ဖွင့်လှစ်ထားသည့် ပြည်သူ့ဝန်ဆောင်မှု OSS (One Stop Shop) ရုံးကို သိသူနည်းပါးသည်ဟု ဒေသခံနှင့် ဥှ  ရုံး တာဝန်ရှိသူထံမှ သိရသည်။


ပြည်သူ၏ အခြေခံ လိုအပ်ချက် များအား အဆင်ပြေချောမွေ့စေသော ဝန်ဆောင်မှုများ ပေးပို့ရန်အတွက် မော်လမြိုင် ဥှ  ရုံးကို ဇူလိုင်လခန့်က စတင် ဖွင့်လှစ်ထားခဲ့သော်လည်း သိသူ နည်းပါးသည်ဟု ဥှ ရုံး ထူထောင် ဖွင့်လှစ် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ နယ်^လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။
” ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လာရောက် ဆောင်ရွက်ဖို့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ အရပ် ဘက်လူမှု အဖွဲ့အစည်းများမှတဆင့် အသိ ပေးဆောင်ရွက်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
OSS   ရုံးကို လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့ အကျင့်များ မွေးမြူပေးရန်၊ ဝန်ထမ်းများ ဌာနများ အပြန်အလှန် ထိန်းကြောင်း မှုပြုနိုင်ရန်လည်း ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။
” ဒီလို တနေရာတည်း တခါတည်း ဝန်ဆောင်မှုပေးတဲ့ နေရာရှိမှန်း ဘယ်သူ မှလည်း မသိကြဘူး၊ အမှန်တကယ် ဝန်ဆောင်မှု ပေး မပေးဆိုတာ တစ်ကဏ္ဍ ထားဦး အရင်ဦးဆုံးက လူထုတွေသိမှ ဒါမှလည်း သွားကြမှာလေ။ အဲမှာက တံဆိပ်ခေါင်းတွေကအစရတယ်” ဟု OSS ရုံးသို့ ရောက် ခဲ့သူ မော်လမြိုင်မြို့ခံ ဦးထွန်းက ပြောသည်။
အဆိုပါဥှ  ရုံးတွင် ရုံးဌာန ၁၀ ခုရှိပြီး မြို့နယ်လယ်ယာမြေ စီမံခန့် ခွဲရေး စာရင်းအင်း ဦးစီးဌာန၊ မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် လူဝင် မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မြို့နယ်အခွန် ဦးစီးဌာန၊ မြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ဖြစ်သည်။
ဝန်ဆောင်မှုကို အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနက လုပ်ငန်း ၂၂ ခု၊ မြို့နယ် ရဲတပ်ဖွဲ့က ၆ ခု၊ မီးသတ်ဦးစီးဌာနက ၆ ခု၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းအင်ဦးစီးဌာန လုပ်ငန်း ၂ခု၊ မြို့နယ် အခွန်ဦးစီးဌာနမှ လုပ်ငန်း ၃ ခု၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ လုပ်ငန်း ၃ ခု၊ စည်ပင်သာယာရေးဌာနက ၂ ခု၊ ကျန်းမာရေးဦးစီးဌာနက ၅ ခု၊ လျှပ်စစ် ဌာနက ၂ခုနှင့် လူမှု ဝန်ထမ်း ဌာနက လုပ်ငန်း ၆ခုတို့ကို နေ့ချင်းပြီး ဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင် စုံစမ်းရေးဌာနနှင့် ကွန်ပလိန်း စင်တာလည်း ထား ရှိထား သလို ဝန်ဆောင်မှု ပေးမည့် လုပ်ငန်းများ ပြည်သူများ သိရှိနိုင်ရန်အတွက် ဝန်ဆောင် မှုပေးမည့် လုပ်ငန်းများကို လည်း ကောင် တာတိုင်းတွင် ရေးသား ချိတ်ဆွဲထားသည်။
ပြည်သူ့ဝန်ဆောင်မှုရုံးများကို ရပ်ကွက်/ ကျေးရွာအဆင့်ထိ ဖွင့်လှစ် သွားနိုင်ရန် ရည်ရွယ်ထားကြောင်း လက် ရှိဖွင့်လှစ်ထားသည့် ရုံးတို့တွင် ပြည်သူ များကို အမှန်တကယ် မလုပ်ပေးဘဲ တိုင်ကြားလာပါက စစ်ဆေးအရေးယူ သွားမည်ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။