ထိုင်းဘုရင့်သမီးတော် သီရိဒုံ ထားဝယ်စီမံကိန်းသို့ သွားရောက်

0
463
ဘုရားကြီးပြတိုက်သို့ သွားရောက်လေ့လာစဉ်

ထိုင်းဘုရင့် သမီးတော် မဟာချက် ကရီ သီရိဒုံသည် ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှ ထားဝယ်မြို့သို့ အောက် တိုဘာလ ၃ ရက်က လေကြောင်းခရီးဖြင့် ဆိုက် ရောက်ရောက်ချင်း ထားဝယ်စီမံကိန်း ဧရိယာသို့ သွားရောက်ခဲ့ကြောင်း လုံခြုံ ရေးတပ်ဖွဲ့များနှင့် ယင်းခရီးစဉ်တွင် လိုက်ပါသွားသည့် သတင်းမီဒီယာ များ ထံမှ သိရသည်။


ယင်းနေ့ နံနက် ၇ နာရီ ၂၀ မိနစ် တွင် ထားဝယ်လေဆိပ်သို့ လေယာဉ် ဆိုက်ရောက်ပြီးနောက် ထားဝယ် စီမံကိန်းဖက်သို့ ချက်ခြင်း သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ထားဝယ်စီမံကိန်း ရှင်းလင်းဆောင် တွင် အီတာလျံထိုင်း ကုမ္ပဏီ၏ တာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ သီရိဒုံ လာရောက် သည့် ယခင် ခရီးစဉ်များသည် လူမှုရေး နှင့် ယဉ်ကျေးမှုစသည်တို့နှင့် ပတ်သက် သည့်  ခရီးစဉ်များဖြစ်ပြီး ယခု ၅ ကြိမ် မြောက် ခရီးစဉ်တွင် စီးပွားရေး စီမံကိန်း သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထားဝယ်စီမံကိန်း ဧရိယာအတွင်းရှိ  ထားဝယ်-ကန်ချနပူရီလမ်းအစ ဖြစ်သည့် 0 KM  သို့ သွားရောက် ကြည့်ရှုခဲ့ပြီး နောက် ဆိပ်ကမ်းငယ်တည်ဆောက်ထား သည့်နေရာနှင့် မြို့ပြစီမံကိန်း တည် ဆောက်ထားသည့် ၁၆ ကီလိုမီတာ နေရာ များသို့ သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

ဘုရားကြီးပြတိုက်သို့ သွားရောက်လေ့လာစဉ်
ဘုရားကြီးပြတိုက်သို့ သွားရောက်လေ့လာစဉ်

သို့သော် စီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းမှုကို မှတ် သားခြင်းမှအပ တစ်စုံတစ်ရာ မှတ်ချက် ပြုပြောခြင်းမရှိဟု ယင်းခရီးစဉ်တွင် လိုက်ပါသွားသူများနှင့် ခရီးစဉ် မှတ်တမ်း ဗီဒီယိုအရ သိရသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ထားဝယ်ဘုရားကြီးဝင်းအတွင်းရှိ လော ကမာရဇိန်ဘုရားနှင့် ရွှေတောင်စား စေတီ တော်တို့အား ဖူးမျှော်ပြီး ဘုရားကြီး ပိဋကတ်တိုက်နှင့် ဘုရားကြီး ပြတိုက် တို့ကို လှည့်လည် ကြည့်ရှုခဲ့သည်။
သီရိဒုံသည် ညနေ ၃နာရီ ၃၂ မိနစ် တွင် ထားဝယ်မှရန်ကုန်သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပြီး အောက်တိုဘာလ ၄ရက်နေ့တွင် ရန်ကုန် မှ မြိတ်မြို့သို့ လေကြောင်းခရီးဖြင့် လာရောက်မည်ဟု လုံခြုံရေး တပ်ဖွဲ့ထံမှ သိရသည်။