ထားဝယ်ဒေသအတွက် သတိပေး ခေါင်းလောင်းသံ

0
487

ပြောတာ ပါးစပ်တောင် မပိတ်ရ သေးဘူး ဆိုသလိုပါပဲ။ တစ်လောက ဗြတ်စာ သဘာဝဘေးအန္တရာယ် အကြောင်း တွေ ပြောရင်း ဗြတ်စာတို့ ထားဝယ်ဒေသ ဘက်မှာ သတ္တုမိုင်းတွေကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို သတိ ထားဖို့ ပြောခဲ့ဖူးပါတယ်။


ဟော . . . ခုတော့ မနေ့ညကပဲ ကံပေါက် သတ္တုတွင်းနယ်မြေမှာ Delco သတ္တုတူးဖော်ရေး ကုမ္ပဏီက လုပ်ကိုင် နေတဲ့ သတ္တုလုပ်ကွက်က ရေဆိုးကန် တံတိုင်းတွေ ကျိုးပေါက်တဲ့သတင်းက   ဘေးအန္တရာယ် တစ်ခုခုအတွက် ခေါင်း လောင်းထိုး အချက်ပေးလိုက်ပြီဆိုတာ ဗြတ်စာတော့ သဘောပေါက် လိုက်ပါ တယ် ခင်ဗျ။
အဲဒီ သတ္တုလုပ်ကွက်က ရေဆိုး ကန်တံတိုင်းတွေ ကျိုးပေါက်လို့ အနီး အနားက လူနေအိမ်ခြေတွေ ပျက်စီး ဆုံးရှုံးရသလို အသေအပျောက် ပါရှိတဲ့ အထိ ဖြစ်ပျက်ခဲ့တာကို စိတ်မကောင်း စွာ ကြားရပါတယ်။
ဒီလို အန္တရာယ်တွေ ကြုံတွေ့လာ နိုင်တယ်ဆိုတာကို ဒေသခံ လူမှုအဖွဲ့ အစည်းတွေ၊ မီဒီယာတွေက အကြိမ်ကြိမ် ထောက်ပြ ပြောဆိုခဲ့ကြပေမယ့်လည်း တာဝန်ရှိသူတွေအပိုင်းက ထိထိ ရောက် ရောက် မဆောင်ရွက်ခဲ့တာကြောင့် ခုဆို မဖြစ်သင့် မဖြစ်ထိုက်တဲ့ အခြေအနေကို ကြုံတွေ့လိုက်ရပြီလည်း ဖြစ်ပါတယ်။
ဗြတ်စာတို့ လူမျိုးတွေ ပြောနေကျ စကားအတိုင်း “ဖြစ်လာမှတော့ အပြစ် တင် မနေနဲ့တော့” လို့ ပြောလိုသူတွေက ပြောကြပေမယ့် တကယ်ဆို ပြောကိုပြော၊ အရေးယူကို ယူရမယ့် ဖြစ်စဉ်ပါ။ အကြိမ် ကြိမ် ဝေဖန်ထောက်ပြ ပြောဆိုကြပေ မယ့်၊ ပြောဆို ထောက်ပြသူသာ ဖွံ့ဖြိုး တိုးတက်ရေးကို မလိုလားသူ၊ အနှောင့် အယှက်ပြုသူတွေ ဖြစ်သွားပြီး သတ္တု လုပ်ကွက် လုပ်ကိုင်နေသူတွေသာ တိုင်း ပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက် နေသူတွေအဖြစ် စန်းတင်ပေးခဲ့ကြတာပါ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ လူမှုအခြေအနေ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာကို Sနာငညမေ တွေမှာလောက်၊ စာရွက်တွေပေါ်မှာလောက် မှတ်သား သိမြင်ထားပြီး တကယ့် လက်တွေ့ကွင်း ထဲမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေ ဖြစ်လိမ့်မယ်ဆိုတာတွေကို မသိတဲ့၊ လုပ်ရကောင်းမှန်းမသိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လက်ဝါးချင်း ရိုက် အစိုးရ တာဝန်ရှိသူတွေကြောင့် ခုတော့ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါပြီ။
ဖြစ်ပြီဆိုတော့လည်း ကယ်ဆယ် ရေးကတော့ လာပေမပေါ့ဗျာ။ ခုလို အချိန်မှာ ရိုးရိုးသားသား ကယ်ဆယ် ရေးလာဦးတော့..။ ပါတီအတွက် မဲဆွယ် တယ်လို့ပဲ မြင်ကြတော့မယ့် အချိန်ဗျ။ ပြောလည်း ပြောစရာကိုး။ ဗြတ်စာတို့ နိုင်ငံမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုခုချတော့မယ်ဆိုတဲ့ အချိန်တိုင်း သဘာဝဘေးအန္တရာယ်ကြီးက ရောက် ရောက် လာတတ်ပြီး ဒီဘေးတွေကို မေတ္တာရှင် အချစ်တော်ကြီးတွေက လှလှ ပပ အသုံးချသွာတတ်ကြတာကိုး ခင်ဗျ။
မဖြစ်ခင် ကြိုတင်ကာကွယ်ရမယ့် အချိန်ကာလတွေ၊ ဖြေရှင်းနည်းတွေ ရှိနေပါလျက်နဲ့ မဖြေရှင်းဘဲ ထားခဲ့တာ တွေ၊ အချိန်ဆွဲနေတာတွေဟာ ပြည်သူ တွေကို ဒုက္ခရောက်စေချင်လို့လား၊ ပြည်သူတွေ ဒုက္ခရောက်မှ ကယ်တင် ရှင်ကြီး ဝင်လုပ်မယ်၊ အမှတ်ယူမယ်ဆိုတဲ့ နည်းဗျူဟာတွေ ရှိနေသလားလို့တောင် ဗြတ်စာတော့ စိတ်ပေါက်ပေါက်နဲ့တွေး လိုက်မိပါသဗျ။ တကယ်တော့ အစိုးရ လူကြီးမင်းများခင်ဗျား ရှက်တတ်ရင်လဲ တော့ မသေပါနဲ့။ လာမယ့်ရွေးကောက်ပွဲ မှာ ဝင်မပြိုင်တော့ပါဘူးလို့ ဆုံးဖြတ်ချက် လေးချလိုက်ရုံနဲ့ လုံလောက်ပါတယ် ခင်ဗျ။
ကဲ..ဖြစ်ခဲ့တာတော့ ဖြစ်ခဲ့ပြီ ခင်ဗျ။ခု ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာ မယူဘဲ  (ယူဖို့လည်း အချိန်ရပါ့မလား မသိ။ မဲဆွယ်ပြီး အာဏာတည်မြဲရေး အတွက်ပဲ အာရုံစိုက်နေရတာကိုး) နှစ် ကျပ်ကွက်ရိုက်ပြီး ပေါသလိုလို၊ ရူးသ လိုလိုနဲ့” ရာသီဥတုကြောင့်ပါ၊ မိုးနတ် မင်းကြီးကြောင့်ပါ” လို့ အကြောင်းပြ နေဦးမယ်ဆိုရင်တော့ ရှက်ကြောသာ ဖြတ်ထားပါတော့လို့ အကြံပေးပါရစေ ခင်ဗျ။ ဒီလိုသာနေနေမယ်ဆိုရင်  ဗြတ် စာတို့ ထားဝယ်ဒေသတစ်ခုတည်းမှာတင် ထပ်ကြုံလာနိုင်တဲ့ High Risk Area တွေ အများသားလို့ ဘုန်းကြီးစာချ လုပ် ပါရစေဗျ။
ကံပေါက်နယ်တစ်ဝိုက်က သတ္တု တွင်းလုပ်ကွက်တွေ သာမက အရှေ့ တောလို့ ထားဝယ်ဒေသခံတွေ ခေါ်ကြတဲ့ သတ္တုတွင်းနယ် တစ်ဝိုက်မှာလည်း သတိ ထားပြီး ကြိုတင်ကာကွယ် စစ်ဆေးမှု တွေကို အဂတိတရားကင်းစွာ လုပ်ဆောင် ကြဖို့ လိုမယ်ခင်ဗျ။
တစ်ဆက်တည်း ဗြတ်စာ ထောက် ပြထားချင်တာက ဒီအရှေ့တောနဲ့ သတ္တု တွင်းနယ်မြေတွေမှာ သန့်ရှင်းသော ရေ အရင်းအမြစ်တွေ စုဆောင်းထားနိုင် ဖို့ပါ ဗျ။ ခု ဒီမနက်ကပဲ မိုးဇလပညာရှင် ဒေါက်တာ ထွန်းလွင်က လာမယ့် ၂၀၁၆ နှစ်ဦးပိုင်း ကာလတွေမှာ အယ်လနီညို ရာသီဥတုကို ခံစားရနိုင်တာမို့ ဒီရာသီ ဥတု ဂယက်ဟာ ၂၀၁၆ မိုးကာလအထိ ရိုက်ခတ်နိုင်ကြောင်း တင်ပြထားတာ ဖတ်ရပါတယ်။
ဒီရာသီဥတုမျိုး ကြုံတွေ့ လာပြီ ဆိုရင် သတ္တုမိုင်းရေတွေကြောင့် ညစ် နွမ်းနေတဲ့ ဒီဒေသတွေမှာ သောက် သုံးရေ ရှားပါးမှုပြဿနာပါ ကြုံလာရနိုင် တာမို့ မပြေးသော်ကန်ရာရှိ ကြိုကြို တင်တင် လေးတွေးဆထားဖို့ ဆရာကြီး လုပ်၊ ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်း ပြကာ လက်တို့ထားလိုက်ပါ ရစေဗျာ။