ကော့သောင်းမြို့သို့ မဲရုံသုံးပစ္စည်းများ ရောက်ပြီ

0
472

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲအတွက် အသုံးပြုမည့် မဲရုံသုံးပစ္စည်း များ စက်တင်ဘာလ ၂၁ ရက်  ကော့သောင်း မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကော့သောင်းခရိုင် ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲထံမှ သိရသည်။


မဲရုံ အတွင်းအသုံးပြုမည့် ဆန္ဒမဲ ပုံးများ၊ မဲရေတွက်မည့်ခြင်းများ၊ မဲရုံ ဝန်ထမ်းများ ဝတ်ဆင်အသုံးပြုမည့် အင်္ကျီ များ၊ မဲရုံသုံး စာရွက်စာတမ်းများ၊ ပုံစံ ဖောင်များ၊ စာရေးကိရိယာ ပစ္စည်းများ ဖြစ်ကြောင်း အထက်ပါ ခရိုင်ရွေးကောက် ပွဲအဖွဲ့ခွဲက ဆိုသည်။
ယင်းပစ္စည်းများကို နိုဝင်ဘာလ ရောက်မှ သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင် အဖွဲ့ခွဲများသို့ ပေးအပ်သွားမည်ဟု သိရ သည်။