တနင်္သာရီရိုးရာ “ခေါသရပ်” ရှင်းတမ်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

” မိုးတပြက်၊ နေတပြက်၊ ငါး ထမင်း တက်ချိန်၊ ပုစွန်တက်ချိန်” ဖြစ်သော  ယခုလို ကန်ရာသီ (တနည်း အားဖြင့်) တော်သလင်းလရောက်သည့် အခါ တိုင်းတွင် – ” ဖူးပွင့်ထုံတော အထပ် အလှရယ် မှန်းပါလို့၊ ထူးတင့်စုံ  ခေါ သရပ်ညငယ်ကို လွမ်းလှ ချည်လေး..။” ဆိုသည့် အတိုင်းပင် တနင်္သာရီနယ်ဖွား တနင်္သာရီသားမှန်ရင်- ဘယ်နေရာ ရောက်နေနေ ခေါသရပ်နေ့ လေးကို မှန်းဆသတိရမိကြသည် ကတော့ ရိုးရာ ရာသီစာ အလွမ်း တစ်ခုလိုပင် ဖြစ်သည်။


မည်သို့ပင် ဖြစ်စေကာမူ- နှစ်စဉ် တော်သလင်း လပြည့်ကျော် ၄ရက်နေ့ ရောက်ရင်တော့ ခေါသရပ်ပွဲကို တနင်္သာရီ သားမှန်ရင်မလွမ်း ဘယ်သူရှိဦးမှာ လဲလေ။စာရေးသူ ပြည်ပမှာ ပညာတော်သင် ရှိနေစဉ်က ခေါသရပ်နှင့် တနင်္သာရီ ဂျာနယ် အတွဲ၁- အမှတ် ၁၆တွင် ပတ်သက်ပြီး ခေါသရပ်ည ဖြစ်လာပုံ၊ ခေါသရပ်မုန့်နှင့် ဆက်နွယ် ရိုးရာ ဓလေ့ အကြောင်းကို ယဉ်ကျေးမှုဆောင်း ပါးတစ်ပုဒ်အနေဖြင့် ပြည့်ပြည့်စုံစုံ ရေးခဲ့ ဖူးပါသည်။
သို့သော်လည်း ဒေသမှ မျိုးဆက် သစ်ညီငယ် ညီမငယ်များနှင့် စာရေး သူ၏ ဆောင်းပါးကို ဖတ်ရှုခဲ့သော သူများက ခေါသရပ် ဆိုသော စကား လုံးနှင့် ပတ်သက်ပြီး မကြာခဏဆိုသလို အဓိပ္ပာယ်ကို မေးလေ့ ရှိကြသည်။ ခေါသရပ်ဆိုတာ “တော်သလင်းလမို့ ခွေးတွေ သရမ်းတာကို ပြောတာလား” ဆိုပြီး တချို့သော ဒေသခံများထဲမှ အမှတ်မှားကာ တနင်္သာရီရိုးရာဓလေ့ကို တခြား အဓိပ္ပာယ်အယူလွဲသည်ကိုလည်း တွေ့ရသဖြင့် စာရေးသူ အလွန် စိတ်မ ကောင်းဖြစ်မိသည်။

ထိုသို့အမှတ် လွဲခြင်းသည် တော်တော်လေး နားဝင်ဆိုး၊ ရုပ်ဆိုးလွန်းလှသည်။ တချို့သော ထိုင်းကိုအထင်ကြီးတဲ့ သူတွေကလည်း ” အဲဒီဓလေ့က ငါတို့ ရိုးရာမဟုတ်။ ထိုင်းတွေ ရိုးရာဟဲ့။ ခေါသရပ်ဆိုတာ မြန်မာစကားလုံးမှ မဟုတ်တာ” ဆိုပြီး အကြောင်းအကျိုး မဆက်စပ်၊ ဆိုလိုရင်း မသိ၊ အရင်းအမြစ် မလေ့လာဘဲ မျက် ကွယ်ပြုစကား ပြောကြသည်လည်း တွေ့ရသည်။ghost_feeding
တချို့ကလည်း ” တစ္ဆေသရဲတွေကို အစာကျွေးတဲ့ ဒီလို ပွဲမျိုးကို ဆက် မလုပ်တာပဲ ကောင်းတယ်” ဆိုပြီး နှစ် ပေါင်း ထောင်နီးပါး တည်နေတဲ့ ဓလေ့ တစ်ခုကို ပယ်ဖျက်ချင် လာကြသည်။ အမှန်တကယ်တော့ ခေါသရပ်ရိုးရာဓလေ့ နှင့် ကျင်းပကြသည့် ရည်ရွယ်ချက်သည် အင်မတန် ကောင်းမွန်သဖြင့် တနင်္သာရီ နယ်ဖွား တနင်္သာရီသားမှန်ရင် ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ တာဝန်တစ်ခု ပင်ဖြစ်သည်ကို စာရေးသူ ပြောပြချင်မိ သည်။
“ခေါသရပ်” ဟူသော ဝေါဟာရ သည် မြန်မာ့ဝေါဟာရ ဒေသ စကားလုံး ပင် ဖြစ်ကြောင်းနှင့် တနင်္သာရီသား ကိုယ်ပိုင်ရိုးရာဓလေ့ စင်စစ်ဖြစ်ကြောင်း  နှိုင်းယှဉ်ပြချင်သည်။ ခေါသရပ်ဆိုသော စကားလုံးသည်လည်း မြန်မာစကားလုံး စင်စစ်ပင် ဖြစ်သည်။ ” ခေါ ” သည် ခေါ ပစ်ခြင်း၊ ခေါစာကျွေးခြင်း အဓိပ္ပာယ် ဖြစ်ပြီး ခေါစာကျွေးရန်အတွက် အလှူ ရပ်ခံသည်။
”   ခေါစာရပ်” သည်ဟူသော စကား လုံးမှ ဆင်းသက်လာခြင်းဟု မှတ်ယူ နိုင်သည်။ ရှေးအခါက ခေါသရပ်နေ့ အဖိတ်ညများတွင် ရွာစဉ် အိမ်စဉ် တစ်လျှောက် ခေါစာမုန့်များကို အလှူ ရပ်ခံ၍ စုပေါင်းခေါပစ် အလှူလုပ် အမျှ ဝေခဲ့ကြသည့် ဓလေ့ဖြစ်သည်။ စာမှ              ” သ” အက္ခရာ အစားဝင်လာပြီး ” ခေါစာ ရပ်”  မှ ကာလကြာသော် ” ခေါသရပ်”   ဖြစ်လာခြင်းသာ ဖြစ်သည်။ ဒေသတွင် ထိုစကားလုံး၊ ထိုရိုးရာကို ထိုင်းမှ ဆင်း သက်လာသည်ဟူ၍ တွေးထင်သူက များသည်။ ထို့ကြောင့် စာရေးသူနှင့် နီးစပ်ရာ ထိုင်းဘာသာစကား သိနား လည်သူတွေနှင့် တွေ့ဆုံပြီး ” ခေါ ”  ဆိုသော စကားလုံးသည်  ထိုင်းစကားလုံးများတွင် ဆက်နွယ်မှုရှိမရှိကို သိချင်သဖြင့် မေးမြန်းကြည့်ဖူးသည်။ ” ခေါ ” ဆိုသော စကားလုံးသည် သူတို့ ဘာသာစကားတွင်   ခေါခိုင်၊ ခေါခွပ်၊ ခေါခွိုင်၊ ခေါခွန်၊ ခေါရခန်း စသော ” ခ”   (Kha) အသံကို ကိုယ်စားပြုသော အက္ခရာများ ရှိပြီး ထိုစကားလုံးနှင့် အသံတူနိုင်ချေရှိသော ” ခေါ်(ခွန်)”   စကားလုံးတော့ ရှိသည်..။ သီးသန့် တစ်လုံးတည်း သုံးလေ့မရှိပါ။

khaw_sar
ဥပမာ -(၁) ခေါဘ် ခေါ မားခ်  အထူးကျေးဇူးတင်ပါတယ်။ (၂) ခေါ မီဖာချဲဒ်နားမိုင်၊ ခင်ဗျားမှာ လက်ကိုင်ပဝါ ရှိပါ သလား။ (၃) ခေါ ဟိဝ် မိုင်၊ ခင်ဗျား ဗိုက်ဆာနေပြီလား။ (၄) ခေါ ခေါင့် ကျိုင် ဖစ်ဒ်၊ ခင်ဗျား မှားနေပြီ စသဖြင့် ” ခေါ”  ကို Personal Pronouns (သင်၊ မင်း၊ ခင်ဗျား၊ ဦး၊ ဒေါ်နှင့် အမည်နာမကို မသိသော အခါများ၌ နာမ်စား စကားလုံး တစ်ခုဖြင့်သာ သုံးသည်ဟု လေ့လာ သိရှိရသည်။ ” ခေါ= ခေါစာ ပစ်ခြင်း”  ဟူ၍ အဓိပ္ပာယ်တူ အသံထွက်ယူထား ခြင်းမျိုးလည်း မဟုတ်ကြောင်း သိသာ ထင်ရှားလှပေသည်။ တနင်္သာရီ လူမျိုးတို့ အသုံးပြုသော ခေါသရပ် (ခေါစာရပ်)နှင့် ဆင်တူသော စကားလုံးကို ထိုင်း ဘာသာစကားတွင် သီးသန့် မတွေ့ရပေ။ ထိုကြောင့် ကိုယ့်ဒေသ၊ ကိုယ့်ရိုးရာကို သူ့များဓလေ့၊ သူများ အစားအစာ အဖြစ် တလွဲ မမှတ်ယူသင့်ကြောင်း သိရပေမည်။
နောက်တစ်ချက် ထိုင်းတွေ တနင်္သာရီကို နယ်ချဲ့စိုးမိုး မရောက်ခင် ကတည်းကပင် ရှေးလူကြီးသူမများ ပြောပြကြသော ပြည်သစ်တည် မြို့တည် ရာဇဝင်အရ မြို့တည်အောင် မြင်ဖို့ရာ ခြင်္သေ့ဆီ ရှာဖွေရရှိအောင် တစ်ထောင့် တစ်နေရာမှ ကူညီဖေးမ ခဲ့ကြသည့် နတ်၊ နဂါး၊ နာနာဘာဝ၊ ဖုတ်၊ပြိတ္တာ၊ သရဲ၊ တစ္ဆေများစသော မကျွတ်မလွတ် သေးသည့် သင်္ဂဟများသို့ မြို့တည် ဘုရင်မှ ဦးစီး၍ တော်သလင်း လဆုတ် (၄)ရက်နေ့ကို ခေါသရပ်နေ့ အဖြစ် သတ်မှတ်ပြီး စုပေါင်း ခေါစာပစ် အလှူ အမျှဝေပေးခြင်းကို အကြောင်း ပြု၍ ပေါ်ပေါက်လာသော တနင်္သာရီသား ယဉ် ကျေးမှုပွဲလေးဖြစ်ကြောင်း အကျဉ်း အားဖြင့် လေ့လာ မှတ်သား ဖူးသည်။ တစ်နည်းအားဖြင့် ” တစ္ဆေမုန့် ကျွေးမွေး ပွဲ” ဟုလည်း ခေါ်ဆိုနိုင်သည်။
စာရေးသူတို့ တနင်္သာရီနယ် တစ်ခွင်တွင်သာမက မြန်မာပြည် အခြားဒေသများမှာလည်း ပွဲတော်အသွင် မဆောင်သော်လည်း ခေါပစ်ခြင်း၊ ခေါစာကျွေးခြင်း၊ မကျွတ်မလွတ်သူ များကို အစာကျွေး အမျှဝေခြင်း ဓလေ့ မှာ ပုံစံမျိုးမျိုးနှင့် ရှိနေသည်ကိုလည်း လေ့လာနိုင်သည်။ ယနေ့တိုင် သေသူ အလောင်းဘေးတွင် ဝိညာဉ်ကောင် စားသုံးနိုင်ရန် ကုမ္ဘီးထမင်းဆက်သခြင်း နှင့် မသာချရာတွင် ကုမ္ဘီးထုပ်ထည့် လိုက်ခြင်းတို့ကို ပြုမူနေကြဆဲ ဖြစ်သည်။ ယနေ့ မန္တလေးတွင်မူ ခေါင်းနှင့်အတူ ကုမ္ဘီးပွဲအဖြစ် စလောင်းဖုံးထဲတွင် ထမင်းဖြူနှင့် ထန်းလျက် ခုနစ်ခဲထည့်ကာ ပိတ်ဖြူအုပ်၍ ထုပ်ထားသော အထုပ် ငယ်နှင့် ငှက်ပျောတစ်ဖီးတို့ကို ထည့် နေကြသည်။ ညောင်ရမ်းခေတ်ကမူ                 ကုမ္ဘီးကျင်း ကြေးလင်ပန်းကြေးစလောင်း ကို ရွှေချသည်။ ကျင်းရန် ကောက်ညှင်းငါး ဆယ်ကျပ်၊ ငှက်ပျော တစ်၊ အုန်းသီးခွံသင် တစ်၊ ထန်းလျက် ခုနစ်ခဲ အသင့်ထား ရသည်။ ယနေ့ ပုခန်း၊ ရေစကြိုနယ်တွင်မူ အလောင်း နှင့်အတူ ဆေးတံ၊ ဆေးလိပ်၊ မီးခြစ်၊ အရက် ပုလင်း၊ အဝတ်အစား၊ စိပ်ပုတီး စသည့် အသုံးအဆောင်များ ထည့်နေကြဆဲ ဖြစ်သည်။
အေဒီ ၁၅၅၅ခုနှစ် မတိုင်မီကမူ အသုဘ၌ ကုမ္ဘီး ထမင်းကျွေးရုံမျှမက နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လ ရောက် လျှင် ကွယ်လွန်ပြီး မိဘဘိုးဘွားများ၏ လိပ်ပြာ ဝိညာဉ်များ စားသောက်နိုင်ကြ စေရန်အလို့ငှာ ကျွဲ၊ နွား၊ ဝက် ၊ ကြက် ဖြင့် ” လက်ပြန်သွင်းလျက်” စားပွဲသောက်ပွဲ ကျင်းပသော ဓလေ့ ထွန်းကားခဲ့သည်။
” ကုမ္ဘီးသပြေသွင်းခြင်း” ဟု ခေါ် ဝေါ်သော ထိုဓလေ့မှာ ဟံသာဝတီ ဆင်ဖြူရှင် ဘုရင်နောင်မင်းက တားမြစ် သောကြောင့် ပျောက်ကွယ်သွားခဲ့ကြောင်း ဝေါဟာရသိနတ္ထဒီပနီကျမ်းအရ သိရှိရ သည်။ ထို့အပြင် အလောင်းနှင့်အတူ ဝိညာဉ် သုံးဆောင်ရန် အသုံးဆောင် ပစ္စည်းများ ထည့်ပေးသကဲ့သို့ အရှင် သခင် သူကောင်းတစ်ယောက်သေလျှင် ယင်းသူကောင်း ဝိညာဉ်၏ ဝေယျာဝစ္စ ခိုင်းစေနိုင်ရန် ကျွန်ယောက်ျား၊ ကျွန် မိန်းမကို သတ်၍ ကျွန်ဝိညာဉ် ထည့်သော ဓလေ့ထုံးစံကိုလည်း ဘုရင့်နောင်သည် ၂ ဧပြီလ ၁၅၅၇ ခုနှစ်တွင် အမိန့်တော် ထုတ်ပြန်ကာ တားမြစ်ခဲ့သည်။
ဗုဒ္ဒဘာသာအလိုအရ ” အသက် ဝိညာဉ်သည် အကောင်အဖြစ် လိပ်ပြာ ဖြစ်သည်” ဟု ယုံကြည်လျှင် ခံယူကျင့် သုံးလျှင် အတ္တဒိဌိဖြစ်၍ အပြစ်ကြီးသည်။ သံသရာဘေးမှ လွတ်မြောက်ရေး အတားအဆီးကြီးဖြစ်သည် မှန်သော် လည်း မြန်မာဗုဒ္ဒဘာသာ ဝင်ဖြစ်လာ ကြသည့်တိုင် မူလဘူတ ဝိညာဉ်လိပ် ပြာကောင်အစွဲမှာ အရိုးထဲ အသည်းထဲ ကျန်နေသေးသည်။ ဗုဒ္ဒဘာသာဓလေ့တွင် ”  ကောင်းမှုကို ပြုသူက အမျှဝေလျှင် ဝမ်းသာအားရ မျှဝေခံစားသူ အခြား ပုဂ္ဂိုလ်များ ကုသိုလ်အကျိုးကို ရရှိ ခံစားနိုင်သည်” ဟူသော မူအရ ကွယ် လွန်သူ ကောင်းကျိုးရအောင် ကုသိုလ် ပြုကာ အမျှဝေသည်မှာ ဘယ်နေ့ ဘယ် ခါ ဘယ်နေရာမှပြုပြု လုပ်ဆောင်၍ ရရှိသည် မှန်ပါလျက် သေဆုံးပြီးနောက် ရက်လည်ဟု သတ်မှတ်ကြသော (၇ ရက်၊ ၅ရက်၊ ၃ရက်) နေ့ရောက်မှ ဆွမ်းသွတ်ကြသည်မှာလည်း မူလကနဦး အစ မြန်မာများ ဗုဒ္ဒဘာသာဝင် မဖြစ် ခင်၊ နတ်စားဓလေ့မှာ ပျော်မွေ့နေခဲ့ ကြစဉ်က သေဆုံးသူ၏ လိပ်ပြာဝိညာဉ် စားသောက်နိုင်ရန် ခေါစာပစ်ခြင်း ကျင့်ထုံးမှ ကျန်ရှိနေခြင်းပင် ဖြစ်သည်။ ထိုစဉ်က ကျွဲ၊ နွား၊ ဝက်၊ ကြက် တို့ကို သတ်ဖြတ်ကာ သေဆုံးသူအတွက် ခေါစာပစ်ပြီး ရပ်ဆွေရပ်မျိုးတို့ကို ခေါင်ရေနှင့် အသားဟင်းလျာများ ကျွေး မွေး ပေးကမ်းပေးရသည်။

ထို ဓလေ့ မျိုးသည် ယနေ့တိုင်” ၀”  လူမျိုး များတွင် ရှိနေသေးကြောင်း အတွေးအမြင် အမှတ်(၂၆၀)တွင် ကံလူငွေ ရေးသား သော ” မြန်မာတို့၏ ဝိညာဉ်-လိပ်ပြာ”  ဆောင်းပါးတွင် ဖတ်ရှုဖူးသည်။ ဦးချစ်သိန်း တည်းဖြတ်သော မွန် ကျောက်စာ ပေါင်းချုပ်တွင် မွန်တို့ ပြုလုပ်ပုံကို ဖော်ပြရာ၌ (မွန်ချုပ်၊ ၂၉)တွင် အခြားသော နတ်တို့ကို ပသရန် ဗလိနတ်စာ တစ်ကြိမ်ကျွေးခြင်း တွေ့ရ ပြီး ဖုတ်၊ ပြိတ္တာ၊ တစ္ဆေတို့ကို ခေါခွက် (မွန်ချုပ်၊ ၂၇၊ ၃၄၊ ၃၆၊ ၃၇၊ ၃၈)ဖြင့် ခေါစာပစ်ခြင်းကို သုံးကြိမ်တွေ့ရသည်။ နဂါး (မွန်ချုပ်၊ ၃၁၊ ၃၁)ကို နှစ်ကြိမ် ပူဇော်သည်။ တိုင်းရင်းသားဓလေ့ ဖြစ်ဟန်ရှိသော နဂါးရှိခိုးခြင်းကိုလည်း ပြုလုပ်ကြောင်းနှင့် ဆက်စပ်ပြီး တနင်္သာရီသား ယဉ်ကျေးမှု ခေါသရပ်ပွဲ ဖြစ်ပေါ်လာခြင်း ကို ယှဉ်တွဲလေ့လာချက် ဆောင်းပါးများမှတဆင့် ဖတ်မှတ်ရသည်။
ထို့လေ့လာချက်များမှ အဆင့် ခေါစာပစ်ခြင်း ဓလေ့သည် မြန်မာနိုင်ငံ အတွင်းမှ ခေတ်အဆက်ဆက် သူ့အရပ် သူ့ဟန်ဖြင့် ပြုလုပ်ခဲ့သော မြန်မာတိုင်း ရင်းသား ဓလေ့သာဖြစ်ကြောင်း သိနိုင်ပေမည်။ ထို့အပြင် တနင်္သာရီ နယ် တစ်ခွင်တွင် ကျင်းပကြသော ခေါသရပ်ပွဲ သည်လည်း “ခေါစာ ရပ်ဆိုသော မြန်မာ ဝေါဟာရ စစ်စစ်ဖြစ်သလို မြန်မာ တိုင်းရင်းသား တနင်္သာရီသားကိုယ်ပိုင်ဟန် ယဉ်ကျေးမှု စစ်စစ်ဖြစ်ကြောင်း”  အတည်ပြု မှတ်ယူရပေမည်။
ယခုအခါတွင် မကျွတ်မလွတ် ခေါစာကျွေး အမျှတန်းဝေပွဲများကို မြန်မာနိုင်ငံနေရာအနှံ့တွင် သက်ဆိုင်ရာ ဆရာတော်များနှင့် ပူးပေါင်း၍ ပြုလုပ် လာကြသည်ကို ကြားသိရသည်။  ထို့ ကြောင့် “ရှေးထုံးကိုလည်း မပယ်နဲ့။ ဈေးသုံးကိုလည်း မကြွယ်နဲ့။ ပယ်သင့် ရင်ပယ်။ ကြွယ်သင့်ရင် ကြွယ်” ဆိုသည့် အတိုင်းပင် တနင်္သာရီမြို့ တည်ထောင် ရာမှ အစပြု၍ (ထားဝယ်ဒေသဝန်းကျင်မှလွဲ၍) တနင်္သာရီမြို့ နယ်မှသည်..မြိတ်၊ ပုလော၊ ကော့သောင်းအထိပါ ပျံ့နှံ့ကျင်းပ ကြသော (ယနေ့တိုင် တည်တံ့ နေသော) ရိုးရာဓလေ့ ခေါသရပ် ပွဲတော်သည် ဘာသာရေးနှင့်ဆက် နွှယ်ပြီး မကျွတ် မလွတ်သေးသောသူများကို ခေါစာပစ်ခြင်း အလှူ တစ်ခုလုပ်၍ စုပေါင်း အမျှဝေ ပေးကြသည်ဖြစ်သည်မို့ ထိန်း သိမ်းသင့် ပေသည်။ တနင်္သာရီသား ရိုးရာယဉ်ကျေးမှုပွဲတော် အသွင်ဆောင်သော ခေါသရပ်ပွဲသည် အသားသတ်ဖြတ် ခေါပစ်ခြင်းဓလေ့မဟုတ်ဘဲ ခေါသရပ် မုန့်မျိုးစုံလုပ်၍ အလှူလုပ် အမျှဝေခြင်း မျိုးသာဖြစ်၍ ကုသိုလ်ဖြစ်မှုကိုသာ ဦးတည်သည့် ကုသိုလ်ပြုပွဲ ဓလေ့လည်း ဖြစ် သည်။

ထို့အပြင် သူ့သမိုင်း၊ သူ့ရာဇဝင်နှင့် ချစ်စရာဓလေ့ အငွေ့ အသက်များပါသော တနင်္သာရီရိုးရာ ရာသီစာ ခေါသရပ်မုန့်ကိုလည်း ဒေသသို့ အလည်ရောက်လာသူများသို့ ထိတွေ့စားသုံး အရသာ ထူးကဲပုံကို မိတ်ဆက်ပေးသည့် အနေဖြင့် ရိုးရာ ဒေသအစားအစာများကို ပွဲထုတ်ပေးဖို့နှင့် ခေါသရပ်ပွဲတော် ကိုလည်း တနင်္သာရီသားကိုယ်ပိုင် ယဉ်ကျေးမှုပွဲအဖြစ် သိရှိနားလည်လျက် နောက် ထပ်နှစ်ပေါင်းများစွာ ရှင်သန်နေအောင် ထပ်ဆင့်စောင့်ရှောက် ဆက်လက်ကျင်းပသင့် ပေသည်။

(၂၀၁၅ခုနှစ်။ အောက်တိုဘာ ၂ရက်နေ့တွင် ကျရောက်မည့် တနင်္သာ ရီရိုးရာ ခေါသရပ် (ခေါ်) တစ္ဆေမုန့် ကျွေးပွဲသို့ ဂုဏ်ပြုသည်။)