ဒါတွေ လုပ်ပါ့မယ် မဲထည့်ကြပါ

0
856

စက်တင်ဘာလ ၉ရက်နေ့ကစပြီး တိုင်ပတ်အောင် ပြေးနေရတော့တယ်။ ၈ရက်နေ့ကရက်ရာဇာမရတော့ နောက် တစ်နေ့ ရွှေ့ရတာပေါ့။ ဘာ ရယ်မဟုတ် ဖိုဟား ပြည်သူ့ ကျွန်ခံချင်လို့ စည်းရုံး ရေး ဆင်းတာပါ။


အခုဆိုရင် ကျေးရွာအုပ်စု ၄ စု လောက်ပြီးပါပြီ။ နောက်ထပ်လည်း ခရီးဆက်ရအုံးမှာပါ။
ဖိုးဟားလည်း လုပ်နေရင်းနဲ့ ငွေ လည်းကုန် စိတ်လည်းကုန်၊ ဖြစ်လာ တယ်။ ဒါပေမဲ့လည်း မဖြစ်ဘူးဗျ၊ ပြည် သူအတွက်ဆိုတော့။
တချို့အမတ်တွေကတော့ ငွေအင် အားအပြည့်၊ နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ် ကြီးတွေလေ။ ကျောင်းဆရာ၊ ကျူရှင် ဆရာ၊ နိုင်ငံရေးလှုပ်ရှားမှုနဲ့  ထောင်ကျခံ ရသူများ၊ နောက်ပြီး နိုင်ငံရေးလှုပ်ရှားမှု တွေမှာလည်း သူတို့က အခုထိ ဆရာကြီး တွေလေ။ မပါမဖြစ် ဆိုသူတွေပေါ့။

choose_us
ဖိုးဟားကတော့ သူတို့လို နိုင်ငံ ရေး အတွေ့အကြုံလည်းမရှိ။ ၈၈ အရေးအခင်းကိုလည်း မမြင်လိုက်ရ ဘူး။ ရွှေဝါရောင် တော်လှန်ရေး မှာလည်း လမ်းဘေး ခပ်ဝေးဝေးမှရပ်ပြီး အားရပါးရ” ထောက်ခံပါတယ်၊ ထောက်ခံပါတယ်” လို့ အော်ပေးလိုက်ရုံ။
ဒီနှစ် ထားဝယ်မှာ သဘာဝဓာတ် ငွေ့နဲ့ လျှပ်စစ်မီး ရရှိရေး လှုပ်ရှားမှုမှာ လည်း အိမ်ပေါ်ကနေပြီး “ထောက်ခံပါ တယ်” ” ထောက်ခံပါတယ်” အော်ပေး လိုက်သေး။ ထားဝယ် လယ်သမား ကိစ္စကျတော့ ဖိုးဟား ခပ်ကြောင်ကြောင်နဲ့ ဓာတ်ပုံရိုက်ပြီး Facebook  (လူမှု ကွန်ရက် စာမျက်နှာ) ပေါ်တင်လိုက် တယ်။ ၅ ရက်လောက်ကြာတော့ ပြန် ဖြုတ်လိုက်တယ်။ လယ်သမားတွေက လည်း တရားစွဲခံရတယ်ဆိုတော့။
နောက်ပြီး ရှိသေးတယ်။
အမျိုးသား ပညာရေးမူဝါဒကျ တော့ အစကတည်းက ဖိုးဟား မပါဖို့ ဆုံးဖြတ် ထားပြီးသား၊ သူတို့ တတွေပဲ လုပ်ပါစေဆိုပြီး စေတနာ နဲ့ပေါ့။ ပုဒ်မ ၄၃၆တို့  ၅၉(စ)တို့ ကိစ္စကျတော့ ဖိုးဟားလည်း လူအများ ရှေ့ထွက်ပြီး ဓာတ်ပုံရိုက်လိုက်တယ် ။ ဒီတခါတော့  Fခေနဘသသု ပေါ် ဓာတ်ပုံရဲရဲကြီး တင် လိုက်သေးတယ်။
အခုချိန် စဉ်းစားနေတာကတော့ အဲဒီပုံများ Profile ပုံပြောင်းမလားလို့ Facebook ပေါ်မှာ လူရှိန်အောင်လေ။ ပြည်သူတွေကလည်း သိမှာပါ။ ဖိုးဟား ရွေးကောက်ပွဲနီးမှ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ အရင်ကတည်းက ဇောက် ချပြီး လုပ်လာတယ်ဆိုတာ။ ဒီအကြား ထဲ ဖိုးဟားရဲ့ မကောင်းတဲ့ ငယ်နာဖော် တဲ့ လူတွေကလည်း ရှိသေးတယ်ဗျ။ တခြားသူတွေမဟုတ် ဖိုးဟားရဲ့ သူငယ် ချင်းတွေပါပဲ။ သတ္တမတန်းတုန်းက တတိယနှစ်မှ ဆုံကြတဲ့ လူတွေလေ။
ဖိုးဟား ဘာသာရေး မကိုင်းရှိုင်း ကြောင်း၊ အရက်သောက်၊ ဖဲရိုက်၊ ကြက်ဝိုင်းများတွင်လည်း ဆရာကြီးပဲ ဆိုတဲ့ အကြောင်းတွေပေါ့။ အခုတော့ သူငယ်ချင်းတွေကို ပြန်ပြီး လိုက်စည်းရုံး နေရတယ်ဗျ၊ ဖိုးဟားသာ အမတ်ဖြစ်ခဲ့ရင် ရလာတဲ့ လစာနဲ့ ညနေတိုင်း ဘီယာ တိုက်မယ်လို့ ကတိပေးထားရတယ်။ ဖိုးဟားခမျာ လူထုကိုဘယ်လို မက်လုံး ပေးပြီး စည်းရုံးရမလဲ ဆိုတာကို စဉ်း စားရ ခက်သွားတယ်။ လမ်းခင်းပေး မယ်၊ တံတားဆောက်ပေးမယ်ဆိုတာ ကလည်း ပြောနေကျစကား။ အဖေက ဂေါပက လူကြီး၊ အမေက မိခင်နှင့်ခလေး စောင့် ရှောက်ရေး အသင်းလို့ပဲ ပြောရမလား ဆိုပြီးတွေးနေမိ၊ ရုပ်ရည် ကလည်း မချောတော့  ဏ့သအသျ့သစ လုပ်ပြီးမှ ဆိုင်းဘုတ်တွေ လုပ်နေရသေး။ ဒါပေမဲ့ နယ်ကျတဲ့ ရွာတွေဘက်ကို ရောက်ရင် အစိုးရ မကောင်းကြောင်းကို အာကျယ် ကျယ် ပြောပစ်လိုက်တယ်ဗျ။ ရွာသား တွေရဲ့ လက်ခုပ်သံက အုပ်အုပ် သည်းသည်း ဖြစ်သွားရော။
လက်ခုပ်သံတွေ စောင့်နေရင်းနဲ့ တောင် ဖိုးဟား ဘာဆက်ပြောရမလဲ ဆိုတဲ့စကားကိုတောင် မေ့သွားသေး။အဲဒါနဲ့ အစိုးရ မကောင်းကြောင်းဆက်ပြော သူတို့က လက်ခုပ်တီး ဇာတ်ရှိန်ကလည်း မြင့်လာ လက်ခုပ်သံတွေကလည်း ကျယ် လာ  ဖိုးဟားရဲ့လက်ကောက်ဝတ်က လည်း အေးလာတယ်။ စိတ်ထဲက လက်ထိတ်ကို မြင်လာလို့လေ။
ဒါပေမဲ့ ဖိုးဟား ဆက်ပြောလိုက် တယ်။ အစိုးရ မကောင်းချည်းပဲ ပြော နေလို့ မရဘူးလေ။ ကျုပ်တို့ ကိုယ်တိုင် အစိုးရဖွဲ့ခွင့်ရမှ လုပ်ချင်သလို လုပ်ရမှာ၊ ဒါကြောင့် ဖိုးဟားကို မဲပေးပါလို့ ပြော ရင်းနဲ့ နိဂုံးချုပ် လိုက်တော့ လက်ခုပ်သံက မိုးထိလျှံပေါ့။ ပရိသတ်ထဲက ဖိုးဟားရဲ့ သူငယ်ချင်းတွေကစပြီး တီးတော့ ကျန် လူတွေလည်း ဆက်တီးပေါ့။ ညနေကျ တော့ လက်ခုပ်တီးခ ရှင်းပေးရတော့ တယ်ဗျ။
ဖိုးဟားကတော့ သူများဖောင်ဖွဲ့ ကိုယ်ဖောင်ဖွဲ့တော့ မဟုတ်ပါဘူး။ဆိုက္ကားနဲ့ လှည့်မယ်ဗျ။ ဆီကုန်လည်း သက်သာတယ်။ ဒီလိုဆိုရင် သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားသူတွေ ကလည်း အားပေး ထောက်ခံလာမယ်။ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေးသမားတွေက လည်း  ချစ်ခင်လာမယ်ဆိုတဲ့ သဘော ပေါ့။
ဖိုးဟားကို ယုံကြည်ပါ။ ဖိုးဟား ကို ခိုင်းပါ။ ဖိုးဟားကို မဲထည့်ပါဆိုပြီး မြို့ပတ်ပြီး မဲဆွယ်မယ်။ လူသွားလူလာ များတဲ့ လမ်းဆုံလမ်းခွမှာ သူများဆိုင်း ဘုတ်ရှေ့မှာ ဖိုးဟားရဲ့ မချောတဲ့ရုပ်ကို ပြန်ပြင်ထားတဲ့ ဆိုင်းဘုတ်ကို ထူမယ်ဗျ၊ ဒါက နည်းလမ်းတော့လိုတယ်နော်။
ဖိုးဟားသာ မဲနိုင်ပြီးပါက အမတ် ဖြစ်ဖြစ် ဝန်ကြီးဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့ရင် မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံလို ဖြစ်လာ အောင် တိုက်တွန်းမယ်။ ထားဝယ်ကို လည်း စင်ကာပူလိုဖြစ်အောင် အရင် လုပ်မယ်။ နယ်နိမိတ်ငယ်အောင် စလုပ် မယ် ထားဝယ် စီမံကိန်းနယ်မြေက မြေတွေကို ကုမ္ပဏီလက်ထဲကို ဈေးနှုန်း ချိုချိုသာသာ ဖြစ်အောင် ညှိနှိုင်းပေးမယ်။ နောက်ပြီး တပ်သိမ်းမြေ မိုင်းမြေတွေ စသည်ဖြင့် နောက်ပြီး ဘုံပိုင်မြေတွေကို ကုမ္ပဏီတွေရဲ့ လက်

ထဲကို အမြန်အပ် နှင်းမယ်၊ ဒါမှသာ ဒေသခံတွေ လျော် ကြေးတွေ များများရပြီး ချမ်းသာကြမှာ လေ။
ရှိတဲ့သစ်တောတွေ၊ သစ်ပင်ကြီး တွေကိုလည်း အမြန်ထုတ်ရောင်းမယ်။ နိုင်ငံရဲ့ GDဏ ကို တိုးတက်စေလိုသော စေတနာနဲ့ပေါ့။ သစ်ပင်ချစ်သူများ အဖွဲ့ တို့၊ သစ်ပင်စိုက်သူများကို ဂုဏ်ပြု လက်မှတ်ပေးမယ်။ သူတို့က နိုင်ငံရဲ့ ကျေးဇူးရှင်တွေပဲ့။ သစ်သယ် ကားကြီး များကို နေ့အခါတွင် ဖြတ်သန်းသွားလာ ခွင့်မပြုရ။ ညအခါတွင် အဖုံးအကာ ပြည့်စုံဖြင့် သွားရမည်။ နေ့အခါတွင် လူသွားလူလာများသဖြင့်  မတော် တဆများ ဖြစ်နိုင်သောကြောင့်။
နောက်ပြီး ရေနံချက်စက်ရုံ စီမံကိန်း၊ ကျောက်မီးသွေး စီမံကိန်းများ၊ ရေကာတာစီမံကိန်းများကိုလည်း လျင် မြန်စွာ အကောင်အထည်ဖော်ရန် အတွက် တွန်းအားပေး လုပ်ဆောင်သွားမှာပါ။ ဒါဆိုရင် သဘာဝပတ်ဝန်းကျင် လှုပ်ရှား နေသူတွေက ဆန္ဒပြကြလိမ့်မယ်။ ဒီမိုကရေစီခေတ်ပဲပြတာက မဆန်း ပါဘူးလေ။ လွတ်လပ်စွာ ဆန္ဒပြခွင့် ပေးလိုက်မှာပေါ့၊ သူတို့ပဲ့ နေရှိန်ပူပြီး အသံဝင်ရုံပဲရှိတာ။
ဂျာနယ်လစ်တွေက လာမေးလိမ့် မယ်။ တောင်ပြော မြောက်ပြောနဲ့ ဆင် ခြေဆင်လက်ကြီးတွေ ပေးလိုက်မယ်။ သယ်လို့ကိုမနိုင် ဖြစ်သွားလိမ့်မယ်။
ဒေသခံတွေကို ရှင်းပြလိုက်မယ်၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေ က ကျွန်တော်တို့ကို လာပြီး ထမင်းကျွေး တာ မဟုတ်ဘူးလို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက The Voice ကို ပြောသေးတာပဲ။
ဒါဆိုရင် ထားဝယ်ဒေသမှာ ကျောက် မီးသွေးစက်ရုံ စီမံကိန်းများ၊ ရေနံချက် စက်ရုံစီမံကိန်းများ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားဇုံ၊ ဧက ၉သောင်းကျယ်တဲ့ မိုင်းစီမံကိန်း၊ မောရတီ ရေတပ်စခန်း၊ မြောင်းပြို စီမံကိန်း၊ ဘန်ချောင်း ကျေက်မီးသွေးတွင်းများတို့ဖြင့် အထူး ပင် ဖွံ့ဖြိုးပါလိမ့်မယ်။
ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းပေါ်လာမယ်။ လျော်ကြေး များရကာ အဆင်ပြေချောမွေ့လာမယ်။ နိုင်ငံရဲ့ GDP တွေလည်း အခြားသော ပြည်နယ်တိုင်းများအထက်  တက်လာ မှာပေါ့။
နောက်ပြီး တက္ကသိုလ်ကျောင်းများ အတွက်လည်း လုပ်ဆောင်ဖို့ စီစဉ် ထားတာတွေ ရှိသေးတယ်။ တက္ကသိုလ် မြေတွေအနီးမှာ အရက်ဆိုင်များ ပလူ ပျံအောင် ဆောက်ပြီး ရောင်းချစေဖို့၊ ကျောင်းသားများ အနေနဲ့ ခရီးဝေးသွားပြီး မသောက် ရဘူး၊ ကျောင်းတက်ရင်း လွယ်ကူ လျင်မြန်စွာ သောက်ရနိုင်တယ်။
WY ဆေးပြားတွေကိုလည်း တစ် ယောက်နဲ့ တစ်ယောက် လွတ်လပ်စွာ လက်ဆောင်ပေးနိုင်တဲ့အထိ ကြိုးစား သွားဖို့ စဉ်းစားထားတယ်။ ထိုမှသာ ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး စည်းလုံးကြပြီး ကျောင်းသား အင်အား ထုကြီး အားကောင်းလာမယ်။
နောက်ပြီး နယ်စပ်ဂိတ်ကိစ္စ၊ ရေလုပ်ငန်းကိစ္စ၊ စားသုံးသူ လျှော့ချရေး ကိစ္စတွေမှာလည်း ဖိုးဟား နိုင်ငံရေး လှုပ်ရှားမှုကာလက လုပ်ခဲ့တဲ့အတိုင်း           ” ထောက်ခံပါတယ်”  ” ထောက်ခံပါတယ်” ဆိုပြီး ဆွေးနွေးဦးမှာပါ။
ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် ဖိုးဟားကို မဲထည့်ကြပါဗျ။
ဖိုးဟားရဲ့ အစီအစဉ်များ စိတ်ကူး စိတ်သန်းများကို မကူးယူရန် ပြောကြား လိုက်ပါတယ်။