တနင်္သာရီရိုးရာ တစ္ဆေမုန့်ကျွေးပွဲ ကျင်းပမည်

0
651

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ တစ်ချို့ တို့တွင် ရိုးရာခေါသရပ် ပွဲတော် (တစ္ဆေ မုန့် ကျွေးပွဲတော်)ကို အောက် တိုဘာလ ၂ရက်တွင် ပြုလုပ်မည်ဟု ယင်းကျေးရွာ အသီးသီးမှ သိရသည်။


ခေါသရပ်ပွဲတော်သည် ရိုးရာ ပွဲတော် တစ်ခုဖြစ်ပြီး မမြင်နိုင်သည့် ပရလောက သားတွေကို မုန့်ကျွေးသည့် ပွဲတော်တစ်ခု ဖြစ်သည်။
ခေါသရပ်ပွဲအပြင် ပ၀ကျေးရွာတွင် တေးဂီတဖျော်ဖြေပွဲနှင့် ကျေးရွာအုပ်စု ဘောလုံးပွဲများကို ထည့်သွင်းကျင်းပ မည်ဖြစ်ပြီး ဇဝဲကျေးရွာတွင် ကံစမ်းမဲ လက်မှတ် ရောင်းချကာ မဲဖောက်သည့် အစီအစဉ်များကို ထည့်သွင်းသွားမည်ဟု သိရသည်။
“ခေါသရပ်ပွဲမှာ တီးဝိုင်းတွေ ထည့် သွင်းကျင်းပလာတာ ၆နှစ် လောက် ရှိပြီ။ အရင်ကတော့ ရိုးရိုးပွဲလောက်ပဲ ကျင်းပ တာ”ဟု ပ၀ကျေးရွာမှ တီးဝိုင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုအောင်ခင်တင့်က ဆိုသည်။တနင်္သာရီမြို့နယ်အတွင်းရှိ ဇဝဲ၊ ဗန်းလမွတ်၊ ပ၀၊ သာရဖုံနှင့် မော်တုံး ကျေးရွာတို့တွင် နှစ်စဉ် တော်သလင်း လပြည့်ကျော် ၄ ရက်တွင် ကျင်းပ ပြုလုပ် လေ့ရှိပြီး မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် ပိုင် ပင်လယ်ကျေးရွာများမှ ခေါသရပ် ပွဲတော် ကျင်းပရာ ကျေးရွာများသို့ သွား ရောက် လည်ပတ်လေ့ရှိကြောင်း သိရသည်။
အိမ်တိုင်းနီးပါးတွင် ထိုးမုန့်များ၊ ရိုးရာခေါသရပ်မုန့်များတို့ ပြုလုပ်ထား ကာ အိမ်လာသည့် ဧည့်သည်များကို ယင်း ထိုးမုန့်များ အပြင် ထမင်းဟင်းများပါ ဧည့်ခံ ကျွေးမွေးလေ့ရှိကြကြောင်း အထက် ပါ ကျေးရွာများမှ ဒေသခံများက ပြောပြ သည်။