ပုလောတွင် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် ခဲဖြင့်ပေါက်ခံရ

0
456

ပုလောမြို့နယ်တွင် စိုက်ထူထား သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း မဲဆွယ် ဆိုင်းဘုတ်တစ်ခုနှင့် ပါတီ ရုံးခန်း ဆိုင်းဘုတ်တစ်ခု စက်တင်ဘာလ ၂၁ ရက် နေ့နှင့် ၂၂ ရက်က ဖျက်ဆီး ခံခဲ့ရကြောင်း ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးနှင့် ပုလောမြို့ခံများထံမှ သိရသည်။


စက်တင်ဘာလ ၂၁ရက်က ပုလော မြို့နယ် ဇရပ်ဆိပ်ကျေးရွာ ကြံ့ခိုင်ရေး ပါတီ ရုံးခန်းဆိုင်းဘုတ်နှင့် နိုင်ငံတော် အလံကို ဆွဲနှုတ် ဖျက်ဆီးခံရကြောင်း ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီမှ သိရ သည်။ထို့အပြင် စက်တင်ဘာလ ၂၂ ရက် ကလည်း ပုလောမြို့ပေါ် အမှတ် ၅ ရပ် ကွက်ရှိ ပါတီကိုယ်စားလှယ်လောင်းများ ပုံပါ မဲဆွယ်ဆိုင်းဘုတ်များကို ခဲဖြင့် ပစ်ဖောက်ခံခဲ့ရသည်ဟု အထက်ပါရုံးမှ တာဝန်ခံ ဦးမျိုးမင်း ထွန်းက ပြောသည်။
” ပါတီဆိုင်းဘုတ်တွေကို ဘယ်သူ တွေ ဖျက်ဆီးခဲ့လဲဆိုတာကို အခု ချိန်ထိလည်း ကျွန်တော်တို့လည်း တိတိ ကျကျ မသိသေးဘူး”  ဟု ဦးမျိုးမင်း ထွန်းက ဆိုသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီး ပုလော မြို့နယ် ရဲစခန်းကိုတော့ အသိပေး အကြောင်းကြားထားပြီး လက်ရှိအချိန် အထိအမှုဖွင့် တိုင်ကြားခြင်း မရှိသေးဟု ၎င်းက ရှင်းပြသည်။
အလားတူ ပုလောမြို့နယ် ရွေး ကောက်ပွဲကော်မရှင်ရုံးသို့လည်း တင်ပြ ထားကြောင်း သိရသည်။ပုလောမြို့ခံ တစ်ဦးကမူ ကလေး များ ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိဘဲ ခဲဖြင့်ပေါက်ခြင်း ဖြစ်နိုင်သည်ဟု ပါတီ ကိုယ်စားလှယ် လောင်းများပုံပါ မဲဆွယ် ဆိုင်းဘုတ်များနှင့်ပတ်သက်ပြီး ထင် ကြေးပေးသည်။၂၀၁၅ခုနှစ် ရွေးကောက်ပွဲ ကာလ တွင်  မြိတ်ခရိုင်အတွင်းရှိ ပါတီမဲဆွယ် ဆိုင်းဘုတ်များ အပြိုင်အဆိုင် ထောင် ကြပြီးနောက် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ် သည် ပထမဆုံး ဖျက်ဆီးခံရခြင်းဖြစ်သည်။