မြိတ်တွင် တိုက်ခန်းအငှား ဝန်ဆောင်မှု အစပျိုး

0
472

လူနေမှုသိပ်သည်းလာကာ အိမ်ခြံ မြေဈေးများ တဖြည်းဖြည်း မြင့် တက် လာပြီးနောက် မြိတ်တွင် တိုက်ခန်းအငှား ဝန်ဆောင်မှု လုပ်ငန်း အစပျိုးလာကြောင်း မြိတ်မြို့ခံများနှင့် အိမ်ခန်း အငှား ဝန် ဆောင်မှုလုပ်ငန်း အသိုင်းအဝိုင်းမှ သိရ သည်။


ယခင်က မြိတ်မြို့ပေါ် ရပ်ကွက် များတွင် လုံးချင်း ပျဉ်ထောင်အိမ်များနှင့် တန်းလျားအိမ်ခန်း အငှားဝန်ဆောင်မှု သာ ရှိခဲ့သည်။
လက်ရှိတွင် အိမ်ဆောက်သည့် ကုန်ကျစရိတ် ကြီးမြင့်သည့်အပြင် သစ်ဝါးများ ရှားပါးလာသည့်အတွက် အထပ်မြင့်တိုက်ခန်းများ ဆောက်ပြီး တိုက်ခန်းအငှားဝန်ဆောင်မှု ပြောင်းလဲ လုပ်ကိုင်လာကြောင်း အိမ်ခန်းအငှား အကျိုးဆောင် လုပ်နေသူများထံမှ သိရ သည်။
” ပျဉ်ထောင်အိမ် လုံးချင်းတွေက လူကြိုက်များပေမယ့် ရေရှည် အနေနဲ့ ကြည့်ရင် သစ်တွေ ရှားပါးလာနေသလို အဆမတန်လည်း ဈေးကြီးနေတော့ အခန်းပိုင်ရှင်တွေမှာ နှစ်ရှည်လများ ကြာ လာတဲ့အခါမှာ ပြန်လည်ပြုပြင် နေရတော့ အခက်အခဲတွေ ဖြစ်လာတာကြောင့် အခုလိုမျိုး တိုက်ခန်းတွေ ပြောင်းဆောက် ဖို့ စိတ်ကူးဖြစ်လာတယ်” ဟု မြိတ်တောင် ကျေးရွာ အလယ်ပိုင်းမှ အထပ်မြင့် တိုက်ခန်း အငှားဝန်ဆောင်မှု ပြုလုပ်နေသူ ဦးတိတ်ဝင်းဇော်က ပြောသည်။
လက်ရှိတွင်ယင်းသို့ ပြောင်းလဲ လုပ်ကိုင်လာသူ ၄ ဦးခန့်ရှိပြီး ၂ ဦးမှာ လုပ်ငန်း လည်ပတ်နေပြီဟု သိရသည်။
အခန်းတစ်ခန်း ငှားရမ်းခမှာ ရေ၊ မီးအစုံ တစ်လကို ၅ သောင်း၊ ၆ သောင်း နှင့်အထက်ရှိကြောင်း တိုက်ခန်း အငှား ဝန်ဆောင်မှုဈေးကွက်မှ သိရသည်။