နှစ်ပါးခွေထုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ရွှေဝယ်သားလေး ဖိုးချော

0
859

phoe_chawအသက် ၁၇ နှစ်သာရှိသေးတဲ့ ထားဝယ်သား ရွှေဝယ်သားလေး ဖိုးချောက နှစ်ပါးခွေထုတ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
နှစ်ပါးခွေကို ရွှေဝယ်သားလေး ဖိုးချောဆိုတဲ့နာမည်နဲ့ပဲ ထွက်ဖို့ စီစဉ်ထားပြီး လောလောဆယ်မှာတော့  အခွေထွက်နိုင်ဖို့     အနုပညာဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး        အကနည်းပြ ဦးခင်မောင်ဝင်း ဆီမှာ အကသင်နေတယ်လို့ ဆိုပါတယ်။

အကခွေထွက်ဖို့အတွက် သီချင်းခွေ ၁၄ ပုဒ်ကို အသံသွင်းပြီးနေပြီ ဖြစ်ပြီး ၆ ပုဒ်ကို ကိုယ်တိုင် ဆိုထားတယ်လို့ သိရပါတယ်။
နာမည်ရင်းကတော့ မောင်စိုးပြည့်အောင်ဖြစ်ပြီး ထားဝယ်မြို့ဒေါင်းငူရပ်ကွက်မှာနေတဲ့ ထားဝယ်ဇာတိဖြစ်ပေမယ့် ကော့သောင်းမြို့မှာအနေများတယ်လို့ဆိုပါတယ်။ရွှေဝယ်သားလေးဖိုးချောရဲ့နှစ်ပါးခွေ မင်းသမီးအဖြစ် ဒါလီလင်း နဲ့သန္တာလင်းတို့ ပါဝင်မှာဖြစ်ပြီး လူရွှင်တော်ကတော့ နာမည်ကြီးအဖွဲ့ တစ်ဖွဲ့နဲ့ချိတ်ဆက်နေတယ်လို့ သိရပါတယ်။အခွေကစီစဉ်နေဆဲဖြစ်လို့ အခွေအချောသတ်ကတော့ တစ်နှစ် လောက်ကြာဦးမယ်လို့ ဆိုပါတယ်။
လာမယ့်ပွင့်လင်းရာသီအတွက် လက်ခံထားတဲ့နယ်ပွဲတွေမှာလဲ ခေါင်းဆောင်မင်းသားအနေနဲ့ ကဖို့ရှိတယ်လို့ ပြောပါတယ်။
အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ နောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းကို ကူးဖို့အစီအစဉ်ရှိတယ်လို့ ထားဝယ်သား တက်သစ်စမင်းသားလေးက ဆိုပါတယ်။