ယာဉ်စည်းကမ်း ပိုတင်းကြပ်မည်

0
516

အသစ်ပြဌာန်းလိုက်သော ဥပဒေအရ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ ကော့သောင်းမြို့နယ်တွင် မောင်းနှင်နေ သော မော်တော်ဆိုင်ကယ်များကို စည်းကမ်းပိုမို တင်းကြပ်သွားမည်ဖြစ် ကြောင်း အမှတ် ၇၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စု ထံမှ သိရသည်။

မော်တော်ဆိုင်ကယ် မောင်းနှင် သူသည် ယာဉ်မောင်း လိုင်စင်ကိုင် ဆောင်ထားသူဖြစ်ရမည်။ ဆိုင်ကယ် နောက်ကြည့်မှန် တပ်ဆင်ထားရမည်။ ဆိုင်ကယ်အနောက်တွင် တစ်ဦးသာ စီးနင်း ခွင့်ပြုသည်။ ဆိုင်ကယ်ဦးထုပ် ဆောင်း ရမည်။ ဆိုင်ကယ်တွင် ဒေသ ထုတ်လိုင်စင်ရှိရမည်။ အသံကျယ် လောင်သော ဟွန်းကိုအသုံးမပြုရ။ အသံ ကျယ်လောင်သော အိတ်ဇော တပ်မောင်း ခြင်းမပြုရစသည့် ယာဉ်စည်းကမ်း လမ်း စည်ကမ်း ပြဌာန်းချက်များကို ထုတ်ပြန် ကြေညာထားသည်ဟု အထက်ပါ တပ်ဖွဲ့စုကဆိုသည်။

မော်တော်ဆိုင်ကယ်များ သတ်မှတ် ထားသည့် မော်တော်ယာဉ်စည်းကမ်း များကိုမလိုက်နာပါက အသစ်ပြဌာန်း လိုက်သည့် မော်တော်ယာဉ်ဥပဒေအရ အနည်းဆုံး ဒဏ်ငွေကျပ်သုံးသောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း အမှတ် ၇၅ ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(ကော့သောင်း)ကဆိုသည်။
ယခင်ကပြဌာန်းထားသည့်မော် တော်ယာဉ်ဥပဒေအရ ဒဏ်ငွေကျပ် ၁၅၀၀ သာ ပေးဆောင်ရပြီး ဒေသရန်ပုံ ငွေကျပ် ၈၅၀၀ တို့ဖြင့်စုစုပေါင်း တစ်သောင်းကျပ်သာ ဒဏ်ရိုက်လေ့ရှိ သည်။

“ဖမ်းမိလို့ အရေးယူရင်လည်း ဘယ်သူဘယ်ဝါ မခွဲဘဲတစ်သားတည်း အရေးယူစေချင်တယ်။ ဘယ်သူမို့လို့လူ မူရေးအရ ဆိုတာမျိုးတွေမရှိဖို့ ယာဉ် ထိန်းရဲတွေမှာ တာဝန်ရှိတယ်” ဟု ကော့သောင်းမြို့မှ ဆိုင်ကယ်အငှားလိုက် သူ ဦးမောင်ကြီးက ဆိုသည်။
အသစ်ပြောင်းလဲလိုက်သည့်မော် တော်ယာဉ်ဥပဒေဖြင့် အရေးယူမည်ဖြစ် ကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လူစည်ကားရာနေရာများ၊ ဆိုင်ကယ်ဂိတ်များတွင်လုပ်ဆောင်လျက် ရှိပြီး ဒေသတွင်း ရုပ်သံလိုင်းတွင်လည်း ထည့်သွင်းကြော်ငြာခဲ့သည်။