ကော့သောင်း ရှေ့နေအချို့ ဖဲကြိုးဝါတပ် ဆန္ဒပြ

0
424

တရားစီရင်ရေးဌာနသို့ တပ်မတော် မှ အရာရှိများ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်သည့်အပေါ် သဘောမတူ ကြောင်း ဆန္ဒထုတ်ဖော်သည့် ဖဲကြိုးဝါ လှုပ်ရှား မှုကို ကော့သောင်းရှေ့နေများက စက်တင် ဘာလ ၁၇ရက်နေ့တွင် ပြုလုပ် ခဲ့ကြောင်း ကော့သောင်းမြို့နယ် ရှေ့နေ အသင်းထံမှ သိရသည်။

ရှေ့နေဝတ်စုံတွင် အဝါရောင် ဖဲကြိုးကို တပ်ဆင်ကာ ဆန္ဒထုတ်ဖော် ခြင်းဖြစ်ကြောင်း သိရသည်။
” ရက်အကန့်အသတ်မရှိ လိုချင်တဲ့ အတိုင်းအတာ တစ်ခုထိ မရောက်မချင်း လုပ်သွားမယ်” ဟု ကော့သောင်း ရှေ့နေ အသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။
တပ်မတော်မှ အရာရှိများ တရား ရေးဌာနသို့ ပြောင်းရွှေ့လာပါက တရား စီရင်ရေးကဏ္ဍတွင် ထိခိုက်မှုများ ရှိလာ မည်ဟု ၎င်းက မှတ်ချက်ပြုသည်။