ထားဝယ် တပ်မတော်၏ လိုင်စင်မဲ့ကားသုံးစီး အသိမ်းခံရ

0
455

ထားဝယ်အမျိုးသား တပ်မတော် ငြိမ်းချမ်းရေးအဖွဲ့၏ ကားသုံးစီးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရန် ထားဝယ်မြို့နယ် တရားရုံးက စက်တင်ဘာ ၁၆ ရက်တွင် အမိန့်ချခဲ့ကြောင်း ယင်းငြိမ်း ချမ်းရေးအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ သည့် ထားဝယ်အမျိုးသား တပ်မတော် ငြိမ်းချမ်းရေးအဖွဲ့မှ အဖွဲ့ဝင်များ ပိုင်ဆိုင် သည့် လိုင်စင်မဲ့ကားသုံးစီးကို ထားဝယ် မြို့နယ်တရားရုံးက သိမ်းဆည်းခဲ့ပြီး မောင်းနှင်သူများကို သွင်းကုန်ပို့ ကုန် ဥပဒေအရ ငွေဒဏ်တစ်သိန်းနှင့် ထောင်ဒဏ် တစ်လစီ အမိန့်ချ မှတ်ခဲ့သည်ဟု ငြိမ်းချမ်း ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်က ပြောသည်။

” အခုလို အကြောင်းမကြားဘဲ ဖမ်း တဲ့အပေါ်မှာတော့ စိတ်မကောင်း ဖြစ်မိ တယ်။ သိမ်းထားတဲ့ ကားတွေကို ပြန်ပေး စေချင်တယ်” ဟု ဦးစိုးအောင်က ဆိုသည်။ဖမ်းဆီးခံရသည့် ကားများမှာ Chevrolet တစ်စီး၊ Vigo တစ်စီးနှင့် Isuzu တစ်စီးတို့ဖြစ်ကြောင်း ထားဝယ် အမျိုးသားတပ်မတော် ငြိမ်းချမ်းရေး အဖွဲ့ထံမှ သိရသည်။

လိုင်စင်မဲ့ကားများကို မည်သည့် အဖွဲ့အစည်းကိုမှ ခွင့်ပြုထားခြင်းမရှိဘဲ တွေ့ရှိပါက ဖမ်းဆီးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ယခုစက်တင်ဘာအတွင်း က ပြောဆိုဖူးသည်။လက်နက်ကိုင် အဖွဲ့အစည်များ၏ ကျန်းမာရေးကဲ့သို့သော အရေးပေါ် အခြေ အနေတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို အကြောင်းကြား၍ ဝင်ရောက် လာသည်မှ အပ မည်သည့်လိုင်စင်မဲ့ကားကိုမှ မောင်း နှင်ခွင့်မပြုဟု ရဲမှူးကြီးက ပြောဆိုထား သည်။