မိုးသည်းသဖြင့် မြိတ်နှင့် ကော့သောင်းတွင် လမ်းရေကျော်၊ ရုံးအချို့ပိတ်ခဲ့ရ

0
419

န်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း တောင်ပိုင်းရှိ မြိတ်နှင့် ကော့သောင်း ခရိုင် တို့တွင် ကားလမ်းများ ရေကျော်ခြင်း၊ တံတားကျိုးကျခြင်းနှင့် ရေလွှမ်းမိုးခြင်း တို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ရုံးများလည်း ပိတ်ခဲ့ရ ကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

မိုးသည်းသဖြင့် မြိတ်မြို့နှင့် ဘုတ် ပြင်းမြို့အကြား လမ်းပိုင်းရှိတံတားနှစ်စင်း ကျိုးကျခဲ့ပြီး ဘုတ်ပြင်း -ကော့သောင်း လမ်းပိုင်းများမှာလည်း လမ်းရေကျော်နေ သဖြင့် ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှု ရပ်နားခဲ့ရကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။
” ပြီးခဲ့တဲ့အပတ်က ချောင်းလမု တံတားကျိုးသွားတယ်၊ သက်ဆိုင်ရာက လာလုပ်ပေး ထားတယ်၊ ဒါပေမယ့် မိုးရွာထားလို့ ဆောက်လုပ်ပြီးစီး ထား တဲ့တံတား ရေပြန်မြှုပ်နေလို့ လက်ရှိ တော့ ခရီးသည်ကားတွေကို ဖြတ်သန်း ခွင့်ပိတ်ထားတယ်” ဟု ချောင်းလမု ကျေးရွာ တံတားထိပ် အနီးနေထိုင်သူ ဒေါ်ခင်မာ ဝင်းက စက်တင်ဘာလ ၁၇ ရက်နေ့က ပြောသည်။
over_water_kt_mk
ချောင်းရေလျှံမူကြောင့် ဘုတ်ပြင်း -ကော့သောင်းလမ်းပိုင်း ခမောက်ကြီးမြို့ နှင့် ကော့သောင်းမြို့အကြား ကားလမ်းမ မှာ ရေ ၃ ပေနီးပါး မြင့်တက်ခဲ့ပြီး ခရီး သည် တင်ကားများ အသွားအလာ ရပ်နား ခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

ခမောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ ဝင်း၊ ပြန်/ဆက်ရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံဖြိုးတိုးတက် ရေးရုံး၊ စည်ပင်သာယာရေးရုံးနှင့် လူနေ အိမ် အချို့လည်း ရေလွှမ်းမှုကြုံရသဖြင့် ဆေးရုံအတွင်းမှ လူနာများကို ပြောင်းရွေ့ ထားရကြောင်း၊ ရေနစ်နေအိမ် အချို့မှ မိသားစု ဝင်များ သည်လည်း ရေလွတ်ရာ ဘုန်းတော်ကြီး ကျောင်းသို့ ယာယီပြောင်း ရွှေ့ထားရကြောင်းခမောက်ကြီးဒေသခံ ဒေါ်အေးဝင်းက ပြောသည်။

ယင်းနေ့တွင်ပင် ကော့သောင်း မြို့နယ်တွင်လည်း လျှပ်စစ်ဓါတ်အား ပေးတိုင်များ လဲကျခြင်း၊ သစ်ပင်များ လဲကျခြင်းတို့ရှိခဲ့သည်။
စက်တင်ဘာလ ၁၉ ရက် ညနေ မေးမြန်းချက်အရ မြိတ် – ဘုတ်ပြင်း – ကော့သောင်း လမ်းပိုင်းတွင် ရေပြန် ကျသွားသည့်အတွက် ပုံမှန်ခရီးသွား လာနိုင်ပြီဖြစ်ပြီး ရေလွတ်ရာသို့ ပြောင်း ရွေ့နေထိုင်နေရသည့် ခမောက် ကြီး ဒေသခံများ အိမ်ပြန်ကြပြီ ဖြစ်ကြောင်း သိရသည်။