ဆီအုန်းလုပ်သားများ ကြိုတင်မဲပေးခြင်း လက်မခံဟု ကော့သောင်းခရိုင် ရွေး/ကော်ဆို

0
468

မဲမသမာမှုများ ဖြစ်နိုင်သဖြင့် လာ မည့်၂၀၁၅ ရွေးကောက်ပွဲတွင် ဆီအုန်း ခြံလုပ်သားများ ကိုယ်တိုင်မဲပေးရ မည်ဖြစ်ပြီး ကြိုတင်မဲပေးခြင်း၊ ကိုယ်စား ထည့်ပေးခြင်း လုံးဝ ခွင့်ပြုမည်မဟုတ် ကြောင်း ကော့သောင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။

ခမောက်ကြီးမြို့နယ် တဝိုက်ရှိ ဆီအုန်း ကုမ္ပဏီလုပ်သားများ ၊ ဆီအုန်းခြံ လုပ်သားများ မဲပေးခွင့်ရရှိရန်သက်ဆိုင် ရာကုမ္ပဏီ တာဝန်ရှိသူများ၊ အလုပ်ရှင် များက ရပ်ကျေးကော်ခွဲများထံတွင်ပုံစံ ၃ (က) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ကိုယ်တိုင်ထည့်ရမည်ဖြစ်ကြောင်း အထက်ပါကော်မရှင်အဖွဲ့ခွဲကဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင်ကြိုတင်မဲပြဿနာများကြုံတွေ့ရပြီးနောက် ထိုသို့ကြိုတင်မဲပေးခွင့်ပြုမည် မဟုတ် ကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“၂၀၁၀ တုန်းကလိုကြိုတင်မဲ ကောက်တာ၊ ကိုယ်စားထည့်ပေးတာတွေ ကို လုံးဝခွင့်ပြုပေးမှာ မဟုတ်ပါဘူး” ဟု ကော့သောင်းခရိုင် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကဆိုသည်။

ခမောက်ကြီးမြို့နယ် တစ်ဝိုက်တွင် လုပ်ကိုင်နေသောဆီအုန်းလုပ်သား ၂၃၀၀၀ ကျော်ရှိကြောင်း ယင်းကော်မရှင် ထံမှသိရသည်။
ကော့သောင်းမြို့နယ်အတွင်း ခမောက်ကြီးမြို့နယ် (ခွဲ) အပါအဝင် စုစုပေါင်း မဲရုံ ၈၃ ရုံ ရှိမည်ဖြစ်သည်။
မဲစာရင်းတွင်အမည်မပါရှိသော ရွှေ့ပြောင်းဆီအုန်း အလုပ်သမားများ ပုံစံ ၃(က)ဖြင့်အောက်တိုဘာလ ၁၀ ရက် နေ့နောက်ဆုံး ထားကာမဲပေးခွင့်လျှောက် ထားရမည်ဖြစ်သည်။