MSPP ဆီအုန်းကုမ္ပဏီ ဆက်မတိုးချဲ့ရန် ကရင်တိုင်းရင်းသားများ သဘောထားထုတ်ပြန်

0
485

တနင်္သာရီမြို့နယ်၊ သာရဘွင် ကျေးရွာအုပ်စုတွင် မလေးရှားအခြေစိုက် MSPP ကုမ္ပဏီ လက်ရှိ စိုက်ပျိုးထား သော ဆီအုန်းစိုက် ဧက ၆၅၀၀ ထက် ဆက်လက်တိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင် နေမှုကို ကန့်ကွက်သည့် သဘောထား ထုတ်ပြန် ချက်တစ်ရပ် ယင်းနေရာ အခြေ စိုက် ကရင်တိုင်းရင်းသားများက ထုတ်ပြန် ခဲ့သည်။

ထိုကျေးရွာအုပ်စုအတွင်း ရွာ ပေါင်း ၃ ရွာမှ ဒေသခံတောင်သူများ၏ ဥယျာဉ် ခြံများ MSPP မလေးရှား ဆီအုန်း စီမံကိန်းအတွင်း ပါဝင်နေသောကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများသည် ဥယျာဉ်ခြံမြေ လုပ်ပိုင်ခွင့်များ ဆုံးရှုံးနေ သဖြင့် ယင်းသို့ သဘောထား ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်မြဲသစ္စာ ကျေးရွာ လူထုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးစောမြင့်စိုးက ဆိုသည်။သာရဘွင်ကျေးရွာအုပ်စုအတွင်းရှိ ဘောဆနွင်း၊ ဆွယ်ချောင်း၊ ကဝက်နှင့် သိမ်ပြင်ကျေးရွာများမှာ ကျေးရွာ၏ မြေ နေရာ အားလုံးသည် MSPP မလေးရှား ဆီအုန်းစီမံကိန်းမှ ဒေသခံ ကရင်လူမျိုး များကို ကြိုတင်အသိပေးညှိနှိုင်းခြင်းမရှိ ဘဲ ၂၀၁၂ ခုနှစ်စပြီး ဥယျာဉ်ခြံမြေများကို အတင်းအဓမ္မ မြေယာ သိမ်းယူခဲ့ကြောင်း၊ ယင်းကဲ့သို့ ဒေသခံများ၏ ဥယျာဉ်ခြံ မြေများကို သိမ်းဆည်းခံရမှုအပေါ် ယနေ့ အထိ သက်ဆိုင်ရာနှင့် မည်သည့်အဖွဲ့ စည်း ကမှ မတရားပြုမှုခံရသည့် ရွာသူ^ သားများဖက်မှ ရပ်တည်ပေးခြင်း မရှိ သေးကြောင်း သိမ်ပြင်ကျေးရွာသူ နော်အဲ အယ်ဆေးက ပြောသည်။
kt_mpss
ယင်းကျေးရွာများတွင် ဥယျာဉ် ခြံမြေ လုပ်ကိုင်သော ကရင်တိုင်းရင်း သားအများစု နေထိုင်ရာဒေသဖြစ်ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်း တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေးလာ သူများဖြစ်ကြောင်း၊ အပစ် အခတ်ရပ်စဲ ပြီးနောက်ပိုင်း စပါး၊ ကွမ်းသီးစသည့် သီးနှံများ စိုက်ပျိုးသူများ ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် MSPP ကုမ္ပဏီကို ဆီအုန်းစိုက် ပျိုးရန် ဧက ၄၄၂၀၀ အစိုးရကချ ထားပေး ခဲ့ကြောင်း ကျေးရွာသူ ကျေးရွာသား များက ပြောကြားသည်။

သာရဘွင်ကျေးရွာအုပ်စုမှ ၎င်းတို့ ၏ ယုံကြည်သော ကိုးကွယ်ရာ ဘာသာ အလိုက် အခြေခံ၍ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ သိမ်ပြင်ကျေးရွာနှင့် ဘောဆနွင်း ကျေး ရွာတို့အကြားတွင် ပြုလုပ်ခဲ့ပြီး၊ ရွာသူ/ သားများ၏ သဘောထားဆန္ဒအရ မည် သည့် စီးပွားရေး စီမံကိန်းလုပ်ငန်းများ မဆို ဌာနေတိုင်းရင်းသားတို့၏ မြေနေ ရာတွင် ဆက်လက်လာရောက်ပြုလုပ် ပါက ကြိုတင် အသိပေးခြင်း၊ လွတ်လပ် သော ဆွေးနွေးမှုများ ပြုခြင်း၊ ဒေသခံ ဌာနေ တိုင်းရင်းသားများမှ သဘောတူ မှသာ လုပ်ကိုင်စေခြင်း၊ မည်သည့် စီမံကိန်း လုပ်ငန်းမဆို ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် လူမှုဘ၀ လုံခြုံမှုကို မထိခိုက်စေခြင်း၊ ဌာနေတိုင်း ရင်းသားများအား သာတူညီမျှ ဆက်ဆံ ခြင်း၊ ဌာနေ တိုင်းရင်းသားများ၏ ပူးပေါင်း ပါဝင်မှုကို အလေးထားစေခြင်း၊ ဌာနေ တိုင်းရင်းသားများနှင့် ၎င်းတို့၏ သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်း ကာကွယ် ကြရန် သဘောထားထုတ်ပြန် ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။