နှစ်ပေါင်း ၁၇၀ ကျော်သက်တမ်းရှိ ပထမနှစ်ခြင်းအသင်းတော် အဆောက်အအုံ အမေရိကန်အကူအညီဖြင့် ထိန်းသိမ်းမည်

0
463

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ၁၈၂၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် သမိုင်းဝင် ပထမနှစ်ခြင်းအသင်းတော်အဆောက်အအုံကို အမေရိကန်သံအမတ် ၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေးရန်ပုံငွေ (AFCP) အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းသွားမည်ဟု အမေရိကန် သံရုံးက ထုတ်ပြန်ကြေညာသည်။

ဒေသထွက် သယံဇာတများကို အသုံးပြုလျက် အနောက်တိုင်းလက်ရာနှင့် မွန်ယဉ်ကျေးမှုရိုးရာ ဗိသုကာလက်ရာ တို့ကို ပေါင်းစပ်တည်ဆောက်ထားသည့် ယင်း ပထမနှစ်ခြင်းအသင်းတော် အဆောက်အအုံပြုပြင်ထိန်းသိမ်းရန် အတွက် င်္ဗဃဏ မှ အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ သုံးစွဲရန် ခွင့်ပြုထားပြီး အမေရိကန်နိုင်ငံ ကမ္ဘာ့အရှေးဟောင်းအဆောက်အဦးရန်ပုံငွေအဖွဲ့ (WMF) က တာဝန်ယူ ထိန်းသိမ်းသွားမည်ဟု ထုတ် ပြန်ချက်တွင်ပါရှိသည်။

အဆိုပါစီမံကိန်းသည် ပထမနှစ် ခြင်းအသင်းတော်ကို အခြေပြုပြီး ဒေသခံ ကျွမ်းကျင်ပညာရှင်များ၊ ကျောင်းသား များ၊ ယဉ်ကျေးမှုဝန်ထမ်းအရာရှိများကို ဗိသုကာဆိုင်ရာ အမွေအနှစ်ထိန်းသိမ်း နည်း မော်လမြိုင်မြို့နှင့် အနီးတဝိုက် တွင်ရှိသော အလားတူ အဆောက်အဦးများကိုပြုပြင်ထိန်းသိမ်းနည်း စသည့် ပညာတို့ကို ပေးဝေရယူနိုင်သည့် အခွင့် အလမ်းတခုကိုလည်း ဖန်တီးပေးရာ ရောက်သည်ဟု အမေရိကန်သံရုံးက ပြောထားသည်။
ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကာ လအားဖြင့်အဆောက်အအုံပိုင်းဆိုင်ရာ စစ်ဆေးမှုများ၊ ထိန်းသိမ်းမှုစီမံချက်များ၊ ကျန်ရှိလုပ်ငန်းများ အဆုံးသတ်ပိုင်းဆိုင် ရာအပါအဝင် ၂ နှစ်ကြာမြင့်မည် ဖြစ် ကြောင်း WMF မှ ကျွမ်းကျင် ပညာ ရှင်များအပြင် မြန်မာနိုင်ငံမှပညာရှင်များ နှင့်အတူ ပူးပေါင်းထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

မော်လမြိုင်အသင်းတော်ကို အမေရိကန် သာသနာ့အမှုတော်ဆောင် ဆရာယုဒဿန်၏ တတိယမြောက် အသင်းတော်အဖြစ် ၁၈၂၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ ဆရာယုဒဿန်သည် ၁၉ ရာစု အရှေ့ပိုင်း နှစ် ၄၀ တိုင်တိုင်မြန်မာနိုင်ငံ တွင်သာသနာ့အမှုတော်ကို ထမ်းဆောင် ခဲ့သူတဦးလည်းဖြစ်ကြောင်း အသင်း တော်၏ မှတ်တမ်းအရသိရသည်။

ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းရေးဆိုင် ရာစီမံကိန်းသည် မြန်မာနိုင်ငံတွင် အမေရိကန်သံရုံးနှင့် WMF တို့၏ ဒုတိယမြောက် ပူးတွဲဆောင်ရွက်နိုင် ခဲ့သည့် အစီအစဉ်ဖြစ်ပြီး အမေရိကန် သံအမတ်များ၏ ယဉ်ကျေးမှုအမွေအ နှစ်ထိန်းသိမ်းရေးရန်ပုံငွေ င်္ဗဃဏ သည် WMF ၏ နည်းပညာအကူအညီဖြင့် မန္တလေးမြို့ရှိ ရွှေနန်းတော်ကြီးကိုလည်း ပြုပြင်ထိန်းသိမ်းထားလျက်ရှိသည်။