ကော့သောင်းတွင် ၈ လအတွင်း မူးယစ်ဆေးဝါး အမှု ၅၀ ရှိ

0
476

ကော့သောင်းတွင် ပြီးခဲ့သည့် ၈ လ အတွင်း ဖမ်းဆီး အရေးယူခဲ့သည့် မူးယစ် ဆေးဝါအမှု ၅၀ ရှိကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သိရသည်။


၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ် လအထိ မူးယစ်ဆေးဝါး သုံးစွဲသူ၊ ဖြန့်ဖြူး ရောင်းချသူနှင့် လက်ဝယ် ထားရှိသူများ ကို အရေးယူခဲ့ခြင်းဖြစ်ပြီး လူ ၁၀၂ ဦး ကိုလည်း အရေးယူထားကြောင်း အထက် ပါ မြို့မရဲစခန်း စခန်းမှူး ရဲအုပ်အေးကြိုင် က ပြောသည်။
ဖမ်းဆီးအရေးယူထားသည့် မူးယစ် ဆေးဝါးအမှုများသည် ဘိန်းစာမှုန့်နှင့် စိတ်ကြွဆေးပြား အမှုများ ဖြစ်သည်ဟု သိရသည်။
” ပြစ်မှု ကျူးလွန်နေသူတွေကို  ဖမ်းဆီး နိုင်ဖို့ဆိုရင် လူမှုကွန်ရက်ဖေ့စ်ဘုတ်မှာ တင်တာထက် သက်ဆိုင်ရာရဲစခန်းက တာဝန်ရှိသူဆီ တိုက်ရိုက် သတင်းပေးတာ မျိုးဖြစ်စေချင်တယ် ” ဟု ရဲအုပ်အေးကြိုင် က ဆိုသည်။
တရားခံဟု သံသယရှိသူအား လူမှု ကွန်ရက် စာမျက်နှာတွင် ဖော်ပြခြင်းက တိမ်းရှောင်ရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်စေသည်ဟု ၎င်းက ထောက်ပြသည်။
အသက် ၁၈ နှစ် လူငယ်များမှ အသက် ၃၀ အရွယ် လူလတ်ပိုင်း အမျိုး သားများအထိ မူးယစ်ဆေးဝါး ကိုယ်တိုင် သုံးစွဲ လက်ဝယ်ထားရှိ ရောင်းချနေသည် ကို ရပ်ကွက်များအတွင်း တွေ့နေရ သည်ဟု ပိတောက်ရွှေဝါရပ်ကွက်နေ ဦးကျော်ဆန်းက ပြောသည်။