Miss Universe Myanmar စကာတင်စာရင်း တောင်ပိုင်းမှ အလှမယ်များပါဝင်

0
826

Miss Universe Myanmar ၂၀၁၅ ရ ၂၀၁၆ အတွက် စကာတင်အလှမယ်အယောက် ၂၀ ကိုရွေးချယ်ခဲ့ရာ မြန်မာပြည်တောင်ပိုင်း ကနေ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မော်လမြိုင်၊ ထားဝယ်နဲ့ မြိတ်အလှမယ်များပါဝင်ကြောင်း Miss Universe Myanmar ရဲ့ တရားဝင် စာမျက်နှာမှ ထုတ်ပြန်ထားချက်အရ သိရတယ်။

အဲဒီစာရင်းကို စက်တင်ဘာ ၅ ရက်နေ့ကထုတ်ပြန်ခဲ့ပြီ ထားဝယ်မှ ယုဇနထွန်း၊ မော်လမြိုင်မှ အိဖြိုးသွယ်နဲ့မြိတ်မှ ဝင်းနွယ်ဦးတို့ နဲ့အတူမန္တလေး၊ ပုသိမ်၊ တောင်ကြီး၊ စစ်တွေ၊ မြစ်ကြီးနား၊ ရန်ကုန်အစရှိတဲ့ အလှမယ်များလည်း ပါဝင်ပါတယ်။
miss_universe_myanmar
Miss Universe Myanmar ရွေးချယ်ပွဲရဲ့ အခုနှစ်ရွေးချယ်ပုံဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့မတူဘဲ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီး မှ အလှမယ်တွေကို အဆင့်ဆင့်ရွေးချယ်ပြီး ပါဝင်ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Miss Universe Myanmar စံကာတင်အလှမယ်အယောက် ၂၀ ဟာ ချောင်းသာကို ရောက်ရှိနေကြပြီး အလှဓာတ်ပုံတွေ ရိုက်ကူးတာ၊ အားကစားလှုပ်ရှားမှုတွေနဲ့ ပရဟိတလုပ်ငန်းများ လုပ်နေကြကြောင်း Miss Universe Myanmar မှ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ သိရတယ်။
Miss Universe Myanmar ရဲ့ နောက်ဆုံး ရွေးချယ်ပွဲကို အောက်တိုဘာ ၃ ရက်မှာ ကျင်းပမှာဖြစ်ပြီ Miss Universe Myanmar ဆုအတွက်ကတော့ အခုလ ၁၅ ရက်ကနေစပြီ အင်တာနက်မှ မဲစပေးလို့ရနေပြီလို့ ကြေညာထားပါတယ်။