မြိတ်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် စိတ်မနှံ့သူတစ်ဦး တက်စီး

0
443

မြိတ်မြို့၊ မြို့လယ်ခေါင်ရှိ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ထုပေါ်သို့ စက်တင်ဘာ လ ၈ရက်နေ့ နံနက် ၁၁ နာရီခွဲ့ခန့်တွင် စိတ်မနှံ့သည့် အမျိုးသားတစ်ဦးတက်စီးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြို့ခံမျက်မြင် များထံမှ သိရသည်။


အခင်းဖြစ်ပွားချိန်သည် ကျောင်း ဆင်းခါနီးဖြစ်သည့်အတွက် ယာဉ်သွား ယာဉ်လားများနှင့် လာရောက် ကြည့်ရှု သူများကြောင့် မိနစ် ၂၀ ခန့် ယာဉ် ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ် သည့်နေရာသို့ သွားကြည့်ခဲ့သည့် မြို့ခံ ဆိုင်ကယ် အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

myeik_fool
ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ပေါ် တက် စီးသူကို မြိတ်မြို့နယ်ရဲစခန်းမှ လာ ရောက် ခေါ်ဆောင်သွားပြီး ယင်းမှ တဆင့် မြိတ် ပြည်သူ့ဆေးရုံသို့ ပို့ပြီး စစ်ဆေးရာ အမှန်တကယ်ပင် စိတ်မနှံ့သူတစ်ဦးဖြစ် ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မြိတ် မြို့နယ် ရဲစခန်းမှ သိရသည်။
” စိတ်မနှံ့တဲ့သူ တစ်ဦး ဖြစ်နေပါ တယ်။ ဒါကြောင့် အရေးမယူဘဲ ပြန်လွှတ် ပေးလိုက်ပါပြီ” ဟု မြိတ် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တွင် တက်ရောက်စီးနင်းသူမှာ ဦးအောင်ဇော်(ခ) အောင်ဇော်ထူး အသက် ၄၉ နှစ်ဖြစ်ပြီး မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ပလောက်စု ရပ်ကွက်၊ ရဲသိပ္ပံ (၃) လမ်းတွင် နေထိုင် သူတစ်ဦးဖြစ်ကြောင်း သိရသည်။
မြိတ်တွင် ၂၀၁၃ ခုနှစ်၊  အောက်တို ဘာလ ၂၄ ရက်နေ့ကလည်း ယင်းမြင်း စီးကြေးရုပ်ရှိ ဗိုလ်ချုပ်လက်ထဲ သာသနာ့ အလံတစ်ခုကို အမည်မသိ သူတစ်ဦးက လာရောက်စိုက်ထူမှု ဖြစ်ခဲ့ဖူးသည်။