ရေး – နေပြည်တော် တိုက်ရိုက်ခရီးစဉ် တော်ဝင်ယာဉ်လိုင်း စတင်ပြေးဆွဲ

0
576

မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့မှ နေပြည်တော်သို့ ခရီးစဉ်ကို တော်ဝင် ယာဉ်လိုင်းမှ စက်တင်ဘာ ပထမအပတ် မှစပြီး စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ယင်းယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ပြေးဆွဲပြီး နေ့စဉ်ပုံမှန် ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
ရေးမြို့မှ မွန်းလွဲ ၁ နာရီတွင် စတင် ထွက်ခွာပါက နေပြည်တော်သို့ နောက် တစ်နေ့ နံနက် ၆ နာရီ ဝန်းကျင်တွင် ရောက်မည်ဖြစ်ပြီး နေပြည်တော်မှ ည ၇ နာရီခွဲတွင် စတင်ထွက်ခွာပါက ရေးသို့ နောက် တစ်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ခရီးဆိုက်ရောက်မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူထံမှ သိရသည်။
“တိုက်ရိုက် ခရီးစဉ်ဖြစ်သွားတော့ အဆင်ပြေတာပေါ့၊အရင်ကဆို ရေးကနေ မနက်ပိုင်း မော်လမြိုင်ကို တက်လာရတယ်၊ ညနေကျမှ နေပြည် တော်တက်တဲ့ကားကို စီးရတယ်၊ မော်လမြိုင်မှာ ထိုင်စောင့်နေရ တာပေါ့” ဟု ရေးမြို့ခံ ကိုရဲနိုင်က ဆို သည်။
ယင်းခရီးစဉ်အတွက် စီးနင်းခ ကျပ် ၁၃၃၀၀ သတ်မှတ်ထားကြောင်း သိရ သည်။
တော်ဝင်ယာဉ်လိုင်းသည် မွန်ပြည် နယ်တွင် သံဖြူဇရပ်-မော်လမြိုင်-နေပြည် တော်သို့ တိုက်ရိုက်ပြေးဆွဲ ခဲ့သည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ဘားအံ-နေပြည် တော်သို့လည်း တိုက်ရိုက် ပြေးဆွဲလျက် ရှိသည်။