အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှု အောင်မြင်ရေး မော်လမြိုင်တွင် ဘာသာပေါင်းစုံ ဆုတောင်း

0
500

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကိစ္စ ဆက်လုပ် ဆွေးနွေးမှု အောင် မြင်စေရန် ဘာသာပေါင်းစုံ ဆုတောင်း ပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဓာတုမာလာ ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ သည်။

အပစ်ခတ်ရပ်စဲရေးစာချုပ်နှင့် ပတ်သက်ပြီး စက်တင်ဘာ ၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲ၌ ကောင်းမွန်သည့် အဖြေရလဒ် များ ရရှိနိုင်စေရန် မေတ္တာပို့ ဆုတောင်း ပွဲကို ကျင်းပခြင်းဖြစ်ကြောင်းဟု ယင်း အခမ်းအနားသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင် တို့က ပြောသည်။
mon-pray
” ဒီငြိမ်းချမ်းရေး ရသွားမယ်ဆိုရင် တိုင်းသူ ပြည်သားအားလုံးအတွက် နိုင်ငံ့ အတွက် အင်မတန် မမျှော်မှန်းနိုင်တဲ့ ဆုလာဘ်ကြီးလို့ဘဲ ခံယူပါတယ်။ ဒါကြောင့် ဒီငြိမ်းချမ်းရေးကို ပြည့်ပြည့် ၀၀ရရှိပါ စေလို့ ဆုတောင်းပါတယ်” ဟု အစ္စလာမ် သာသနာရေးရာကောင်စီ ဒု-ဥက္ကဌ ဦးအုန်းသောင်းက ပြောသည်။
ဆုတောင်းပွဲကို အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာခေါင်းဆောင် တို့နှင့် ဘာသာပေါင်းစုံ လူငယ်များ အတူ တကွ ပူးပေါင်းပြီး ပြုလုပ်ခြင်း ဖြစ်ကာ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသည့် လူငယ်များ၊ မွန်အမျိုးသမီး ကွန်ရက် အဖွဲ့ဝင်များ ပါဝင်သည်။

ယင်းကဲ့သို့ ဆုတောင်းပွဲများကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ နေရာ ၁၆ နေရာခန့် ကျင်းပ ကြသည်ဟုလည်း သိရသည်။